အပိုင်း(၈)

5.5K 611 4
                                    

[Unicode]

"သြော် အ့ဲဟာက စားလို့ရတဲ့ဟာမဟုတ်ဘူးလား"

ရှောင်းကျန့်ရဲ့အမေးကြောင့် ရယ်နေတဲ့သုံးယောက်က အရယ်ရပ်လို့ရှောင်းကျန့်ကို စူးစမ်းသလိုကြည့်လာတယ် ဘာလဲ ရှောင်းကျန့်က Bubble teaကို တကယ်မသိတာလား

"မဟုတ်ဘူး စားလို့ရတယ် Bubble teaတကယ်မသောက်ဖူးတာလား"

"အင်း ငါအဲ့တာသောက်ချင်တယ် ၀မ်ရိပေါ်က ၀ယ်ကျွေးမယ်ဆို လုပ်လေ"

၀မ်ရိပေါ်ရဲ့စကားကို ရှောင်းကျန့်က ခပ်တည်တည်နဲ့ပြန်ဖြေတယ် အခုကျပုံစံကပြောင်းသွားပြန်ပြီ ခုနလက်ညိုးတစ်ထိုးထိုးနဲ့စားချင်တာပြောတုန်းက ဒီရုပ်မဟုတ်ဘူး ယွီပင်းနဲ့ဟောင်ရွှမ်းကတော့ ရှောင်းကျန့်ပုံစံကို ကြည့်လို့တကယ်ထူးဆန်းနေကြတာ ၀မ်ရိပေါ်က ရှောင်းကျန့်နဲ့တွေ့မှပဲ သူ့ရဲ့ခိုင်းဘက်တော်ကိုဖြစ်လို့ သူတို့နဲ့မျက်စောင်းထိုးလောက်က Bubble teaဆိုင်ကို ထပြေးရတယ်

Bubble teaသောက်နေတဲ့ရှောင်းကျန့်က မျက်လုံးပြူးလို့တအံ့တသြနဲ့ထပ်ပြောလာတဲ့စကားက
" အထဲကအမဲစိတွေကို ချိုချဥ္လိုမာပြီးစုပ်ရမယ်ထင်နေတာ တကယ်တော့ပျော့အိအိလေးကိုး"တဲ့
ရှောင်းကျန့်ကတကယ့်အထူးဆန်းပါပဲ

အဲ့နေ့ကစလို့ ရှောင်းကျန့်က ၀မ်ရိပေါ်တို့နဲ့ သွားအတူစားအတူလေးဖြစ်လာခဲ့တယ် စာလည်းအတူလုပ်ကြသေးတယ် နားမလည်တာတွေ၀မ်ရိပေါ်ကရှင်းပြလို့ အကိုထျန်းရန်ဆီတောင်မရောက်ဖြစ် စားချင်သမျှလည်း ၀မ်ရိပေါ်က၀ယ်ကျွေးတယ် အစားအသောက်တော်တော်များများက ရှောင်းကျန့်မစားဖူးတာတွေချည်းမို့ တစ်ခုစားပြီးတိုင်း သူကတအံ့တသြနဲ့ reviewလေးတွေပေးတတ်သေးတာ ဟောက်ရွှမ်းတို့ ယွီပင်းတို့နဲ့လည်း ရှောင်းကျန့်ကတအားခင်နေ​ြပီ ရှောင်းကျန့်ကသူတို့တွေနဲ့အတူရိှချိန်ဆို အရင်လိုမျက်နှာထားတည်တည်နဲ့ငဂျစ်မဟုတ်တော့ဘူး အပြုံးလှလှလေးတွေနဲ့ယုန်ပေါက်ကလေး
တကယ်ဆိုရှောင်းကျန့်က ငယ်ငယ်တည်းက သူငယ်ချင်းတွေနဲ့ဒီလိုလေးနေချင်ခဲ့တာ သူများသူငယ်ချင်းအဖွဲ့တွေများတွေ့ရင် သူကအမြဲအားကျနေတတ်တာ ခုတော့ သူလိုချင်တဲ့သူငယ်ချင်းအဖွဲ့လေး သူ့မှာရှိပြီ

Believe ! I really fall in love with you  [ Completed ]Where stories live. Discover now