အပိုင်း(၃၀)

6.5K 516 6
                                    

[Unicode]

ဒီရက်တွေအတွင်းမှာ သူတို့နှစ်ယောက်ရဲ့ချစ်သူဆက်ဆံရေးက ပိုပြီးရင်းရင်းနှီးနှီးရှိလာတယ် အပြင်ကိုမကြာခဏလျှောက်လည်တယ် တစ်ချို့ညနေတွေမှာ ဆိုင်ကယ်ပတ်စီးကြတယ် တခါတလေကျ ဂိမ်းဆိုင်သွားဆော့ကြသေးတယ် ဟောက်ရွှမ်းတို့ယွီပင်းတို့ပါတဲ့အခါတွေလည်းရှိတယ် တစ်ရက်တစ်လေလည်းbarသွားဖြစ်သေးတယ် ဘယ်မှမသွားရရင်တော့ အိမ်ထဲမှာတပူးပူးတတွဲတွဲပဲ ရှောင်းကျန့်ကစားနေကျအတိုင်းဆပ်ပြာပူပေါင်းလုပ်ပြီးဆော့ချင်ဆော့တယ် Tvကြည့်ချင်ကြည့်တယ် ကြယ်တွေထိုင်ခေါက်ချင်လည်းခေါက်နေကြတာပဲ ခုဆိုရှောင်းကျန့်လည်း ဘေးခြံကရိပေါ်ဆီလာတတ်နေပြီ အရင်လိုရိပေါ်ကယွီအိမ်အမြဲရောက်နေတာမဟုတ်ပဲ ရှောင်းကျန့်ကရိပေါ်ဆီရောက်နေတတ်တာတွေလည်းရှိတယ် ဒီလိုမျိုး ဒီလိုမျိုး အမြဲတူတူရှိနေကြတာတောင် သူတို့က ညဘက်တွေမှာလူကြီးတွေမသိအောင်ခိုးပြီး ချိန်းတွေ့တတ်ကြသေးတယ် ညဘက်ကြီးထိတူတူကြီးကျ လူကြီးတွေအမြင်မှာတော်တော်လွန်နေပြီလေ ဒါကပိုလွန်းနေပြီ အဲ့တာမို့လူကြီးတွေမတွေ့အောင်ခိုးတွေ့ကြတာ ညတိုင်းတော့မဟုတ်ပါဘူး တစ်ပတ်မှ သုံး လေး ငါးညလောက်တင်ရယ် [တော်သေးတယ်
တစ်ပတ်ကို ၇ညလောက်ချိန်းမတွေ့ကြလို့ xD:]
သူတို့ချိန်းတွေ့နေကြနေရာလေးက ယွီအိမ်အနောက်ဘက်က အနည်းငယ်မှောင်တဲ့ မြက်ခင်းတွေပေါ်
ရိပေါ်ကညဆို တစ်ဖက်ခြံကနေ လှေကားထောင်ပြီး ယွီခြံနောက်ကူးလာတယ် ပြီးရင်သူရောက်နေပြီဖြစ်ကြောင်း ရှောင်းကျန့်ဆီmessageလှမ်းပို့တယ် အဲ့ချိန်ဆိုရှောင်းကျန့်က လူကြီးတွေမသိအောင် တိတ်တိတ်လေးခိုးထွက်တယ်
ပြီးရင်တော့  မြက်ခင်းပြင်မှာထိုင်ပြီး  ချစ်ကြည်နူးတစ်တီတူးကြတာပေါ့လေ

💬~ကိုယ်ရောက်ပြီ ကျန့်ကလေး~

ရိပေါ်ဆီကMessage၀င်လာတာနဲ့ ရှောင်းကျန့်ခြေသံဖော့ဖော့လေးနင်းပြီး ခြံအနောက်ဘက်ကိုထွက်လာလိုက်တယ် ဒီလိုမျိုးတစ်ခြားသူတွေမသိအောင်ခိုးပြီးတွေ့ရတာ ပုံမှန်အချိန်တွေထက် ရင်ခုန်ဖို့ကောင်းတယ်

ရှောင်းကျန့်ရိပေါ်ကို အမှောင်ထဲမှာအသံတိုးတိုးလေးနဲ့ခေါ်ရင်းလိုက်ရှာနေရတယ်
'ရောက်ပြီဆိုပြီး ဘယ်မှာလဲ'

Believe ! I really fall in love with you  [ Completed ]Where stories live. Discover now