အပိုင်း(၂၉)

6.3K 499 5
                                    

[Unicode]

ရိပေါ်အိပ်ယာနိုးတော့ မနက်၁၀နာရီလောက်ရှိနေပြီ မနေ့ညက တော်တော်ညဥ့္နက်သွားတာမို့ မနက်ကျအိပ်ယာထနောက်ကျနေတာဖြစ်မယ် တော်သေးတာပေါ့ ရုပ်ရှင်လက်မှတ်ကိုနေ့လယ်ပိုင်းအချိန်ဖြတ်ထားလို့သာ
ရေမိုးချိုးအ၀တ်စားလဲပြီးအောက်ထပ်ဆင်းလာတော့ အစ်ကိုထျန်းရန်က Tvထိုင်ကြည့်နေလေရဲ့

"အိမ်မှာအစ်ကိုတစ်ယောက်တည်းလား"

"ဟုတ်တယ် ရိပေါ် ပါးပါးလုပ်ဖော်ကိုင်ဖက်ရဲ့သားမင်္ဂလာဆောင်မို့တဲ့ တစ်အိမ်လုံးလာခဲ့ဖို့ဖိတ်ထားလို့သွားကြတာ အစ်ကို့ကိုတောင်ခေါ်နေတာ အစ်ကိုကမလိုက်ချင်လို့နေခဲ့တာ"

"သြော် ကျွန်တော့်ကိုကျမခေါ်ဘူး"

"ခေါ်ရင်မင်းကလိုက်မှာမို့လို့လား"

"မလိုက်ပါဘူး "

"အေးလေ မင်းအကြောင်းသိပြီးသားမို့ မင်းကိုဘာမှမပြောတာ မနက်စာပြင်ထားပြီးသားနော်"

"တော်ပြီ မစားတော့ဘူး ဒီနေ့ ရှောင်းကျန့်နဲ့လျှောက်လည်မလို့ အစ်ကို့ကားယူသွားဦးမယ်"

"အေးအေး ဂရုစိုက်မောင်းဦး အစစ်ဆေးတွေရှောင်မောင်းနော် မင်းမှာမောင်းလိုင်စင်မရှိသေးဘူး "

"အင်းပါ သိပါတယ် သွားပြီ"

ရိပေါ် စားပွဲပေါ်က ကားသော့ကိုကောက်ယူပြီး လက်ညိုးထိပ်မှာချိတ်လို့လှည့်ရင်း ကားဆီထွက်လာလိုက်တယ် ရိပေါ်ကမောင်းလိုင်စင်မရှိသေးပေမယ့် ကားမောင်းကျွမ်းနေပါပြီ ဒီနှစ်ကျောင်းပြီးရင် သူ့အတွက်ကား၀ယ်ပေးဖို့ကိုလည်း အိမ်ကိုပြောထားပြီးသား

ရိပေါ်ယွီခြံရှေ့မှာကားရပ်ပြီး အိမ်ထဲကို၀င်လာတော့ ဦးလေးယွီက ဧည့်ခန်းမှာသတင်းစာထိုင်ဖတ်နေတယ်

"ဦးလေးယွီ"

"ရိပေါ် ရှောင်းကျန့်ဆီလာတာလား"

"ဟုတ်တယ် ဦးလေးယွီ"

"သူ့အခန်းထဲနေမှာ မနက်စာထစားတာတောင်မမြင်သေးဘူး ဒီကလေးခုထိအိပ်နေတုန်းလား မသိပါဘူးကွယ်"

"ဒါဆို ကျွန်တော်သွားနှိုးလိုက်ဦးမယ် ဒီနေ့သူနဲ့အပြင်သွားမလို့"

Believe ! I really fall in love with you  [ Completed ]Where stories live. Discover now