အပိုင်း(၁၂)

5.5K 553 2
                                    

[Unicode]

ဒီမနက်ရဲ့ရာသီဥတုကတော့ အရင်နေ့တွေနဲ့မတူပဲ အေးစိမ့်စိမ့် မိုးမှုန်မိုးမွှားလေးတွေလည်း ကျနေသေးတယ်
ရှောင်းကျန့်ကျောင်းသွားဖို့ပြင်ဆင်ပြီး အောက်ထပ်ဆင်းလာတော့ မျန်မျန်ကအိမ်ရှေ့ခန်းပြတင်းပေါက်နားမှာထိုင်ပြီး အပြင်ကိုခပ်ငေးငေးကြည့်နေတယ်

"ကျဲကျဲ နေမကောင်းဘူးဆို အပြင်ကလေစိမ်းတိုက်တယ် ပိုဖျားလိမ့်မယ်လေ"

"ရတယ် "

" မရပါဘူး လာ ကျဲကျဲအခန်းထဲလိုက်ပို့ပေးမယ် "

"ရပါတယ်ဆို ရှောင်းကျန့်ရယ်"

"မရပါဘူးဆို ကျဲကျဲကလည်း ဒီ့ထက်ပိုပြီးနေမကောင်းဖြစ်သွားရင် ဘယ်လိုလုပ်မလဲ ခုကဦးလေးယွီလည်းရှိတာမဟုတ်ဘူး လာပါ သားအခန်းထဲလိုက်ပို့မယ်"

ဦးလေးယွီက အလုပ်ကိစ္စတွေနဲ့ခရီးသွားနေတာမို့ အိမ်မှာမရှိ ရှောင်းကျန့်ငယ်ငယ်ကဆို ဦးလေးယွီက ခရီးပဲသွားနေရတာမို့ အိမ်မှာနေရတယ်တောင်သိပ်မရှိ နောက်ပိုင်းမှသာ ဘာကြောင့်ရယ်မသိခရီးမထွက်တော့တာ အခုနှစ်ပိုင်းမှသာခရီးပြန်ထွက်ခြင်း

ရှောင်းကျန့်ကပြောရင်း ထိုင်နေတဲ့မျန်မျန်ကို အတင်းဆွဲခေါ်နေတာမို့ မျန်မျန်ပဲစိတ်လျော့ပြီး အခန်းထဲလိုက်လာခဲ့တော့တယ် သူ့အခန်းထဲရောက်တော့လည်း ရှောင်းကျန့်က ပြတင်းပေါက်တွေသေချာပိတ်ပေးပြီး heaterကိုပါသင့်တော်တဲ့အနေထားသေချာလုပ်ပေးသွားသေးတာ

"အဲ့တာဆို သားကျောင်းသွားတော့မယ်နော် ကျဲကျဲ ဆေးသောက်ဖို့မမေ့နဲ့နော် ဆန်ပြုတ်လည်းသောက်နော် သားမနေ့တည်းကဒေါ်ကြီးလီကို ကျဲကျဲကြိုက်တဲ့ပုစွန်နဲ့လုပ်ပေးဖို့ပြောထားတယ် ပြတင်းပေါက်တွေလည်းပြန်မဖွင့်နဲ့နော် အင်္ကျီလည်းထူတာ၀တ်ထား အပြင်ဘက်လည်းပြန်မထွက်.."

"ကဲပါ ရှောင်းကျန့်ရယ် သွားမှာသာသွားပါ ငါ့ကိုမှာနေတာနဲ့ နင့်ကျောင်းချိန်လည်းနောက်ကျနေဦးမယ်"

"ဟီးဟီး အင်းပါ ဒါဆိုသားသွားပြီ သားမှာတာတွေမမေ့နဲ့နော် "

ရှောင်းကျန့်ကပြောရင်း အောက်ထပ်ကိုပြေးဆင်းသွားလေရဲ့ ခဏအကြာကားသံကြားတာမို့ ဒီကလေးကျောင်းသွားမှန်းသိလိုက်တယ် ရှောင်းကျန့်က ငယ်ငယ်တည်းက သူမကို ဒီလိုမျိုးဂရုစိုက်ပေးတယ် ရှောင်းကျန့်သာ သူမ ပိုင်ဆိုင်တဲ့အရာတွေကို သူမ ဆီကလုယူနေတာမျိုးမဟုတ်ရင် သူမ ရှောင်းကျန့်ကို မောင်အရင်းလေးလိုချစ်မိမှာ ရှောင်းကျန့်အိမ်စရောက်တဲ့နေ့ကသူမမှာမောင်လေး
ရပြီဆိုပြီး ဘယ်လောက်တောင်ပျော်ခဲ့သလဲလေ

Believe ! I really fall in love with you  [ Completed ]Dove le storie prendono vita. Scoprilo ora