အပိုင်း(၂၂)

8.2K 621 16
                                    

[Unicode]

ရှောင်းကျန့်ဆေးလိမ်းပြီးတာနဲ့ အပေါ်ထပ်က သူ့အခန်းရှိရာဆီတက်လာခဲ့တယ် အခန်းထဲရောက်တာနဲ့ ကုတင်ပေါ်တက်လို့ ကုတ်ကုတ်လေးထိုင်နေမိတယ်
ဒူးလေးနှစ်ဖက်ကိုထောင်ပြီး အဲ့ဒူးလေးနှစ်ဖက်ပေါ် မျက်နှာလေးကိုမှောက် လက်နှစ်ဖက်ကထောင်ထားနဲ့ဒူးလေးနှစ်ဖက်ကို
ပွေ့ဖက်လို့ ငြိမ်ငြိမ်လေးတွေးနေမိတယ်

ရင်ဘတ်ထဲမှာနာနေတယ် မျက်ရည်တွေကျနေတယ် ဒါပေမယ့်သူ့မှာငိုဖို့အင်အားတောင်မရှိတော့ဘူး

'ဘာလို့လဲ ၀မ်ရိပေါ်ကဘယ်သူ့ကိုမှပြန်မပြောနဲ့ဆိုလို့ ငါအဲ့ကိစ္စကိုဘယ်သူ့ကိုမှပြန်မပြောခဲ့ဘူးလေ ဒါကိုဘာလို့ငါ့ကိုဒီလိုလုပ်ရတာလဲ ငါက ၀မ်ရိပေါ်အတွက်အ​ဲ့လောက်တောင်မုန်းဖို့ကောင်းတာလား ငါကတကယ်ရွံဖို့ကောင်းတာလား ငါ ငါက ယုတ်မာတဲ့သူလား ဟင့်အင်း ငါကအဲ့လိုမဟုတ်တဲ့ဟာကို ငါကဒီတိုင်း ၀မ်ရိပေါ်ကိုမစွန့်လွှတ်နိုင်သေးလို့ ချစ်နေရုံလေးပါ ငါဘာများမှားလို့လဲ'

ရှောင်းကျန့်က ခေါင်းငုံ့နေရာကနေ ခေါင်းလေးထောင်လာပြီးကုတင်ဘေးက စားပွဲပေါ်ကိုလှမ်းကြည့်တယ် ပြီးတော့ စားပွဲပေါ်က ခဲချွန်ဓားအသေးလေးကိုလှမ်းယူလိုက်တယ် သူကခဲချွန်ဓားလေးကို ကြည့်လိုက် သူ့ရဲ့လက်ကောက်၀တ်လေးကိုကြည့်လိုက်နဲ့လုပ်နေတယ် 'နောက်တစ်ခါသာ သူ့နှလုံးသားက ၀မ်ရိပေါ်ကြောင့် ထပ်နာကျင်ခဲ့ရင် သူခံနိုင်ရည်ရှိမှာမဟုတ်တော့ဘူး'လို့သူတွေးဖူးခဲ့တယ် တကယ်လည်းသူခံနိုင်ရည်မရှိတာမို့ သူအားလုံးကိုစွန့်လွှတ်လိုက်ဖို့ဆုံးဖြတ်လိုက်တယ်
သူက စားပွဲပေါ်က စာရွက်လေးတစ်ခုကိုယူလို့ ညီညီညာညာလက်ရေးလေးတွေနဲ့ စာလုံးလေးအနည်းငယ်ကိုရေးတယ်

~ဟုတ်ပါတယ် ၀မ်ရိပေါ် ငါကလောကကြီးမှာမရှိသင့်တဲ့သူပါ မင်းပျော်မယ်မလား ငါမရှိရင် မင်းပျော်ရွှင်ရင်ရပါပြီ
ကျဲကျဲ ဟုတ်ရဲ့လားတော့မသိပေမယ့် ဒီရက်ပိုင်း ကျဲကျဲကသားကို နည်းနည်းလေးလောက် ချစ်လာတယ်လို့ ခံစားမိတယ် ကျဲကျဲရဲ့အချစ်တွေနဲ့ဂရုစိုက်မှုတွေကို သားအများကြီးလိုချင်သေးတယ် ဒါပေမယ့် ဒီဘ၀တော့မဖြစ်နိုင်တော့ဘူး ပြီးတော့ ကျဲကျဲပိုင်ဆိုင်သမျှကိုသားကလုယူချင်နေတယ်ဆိုပြီးတော့ သားကိုစိတ်ဆိုးမနေပါနဲ့တော့နော် ဦးလေးယွီကိုသားက တောင်းပန်ပါတယ်လို့ ပြီးတော့ကျေးဇူးတင်ပါတယ်လို့ ~

Believe ! I really fall in love with you  [ Completed ]Where stories live. Discover now