အပိုင်း(၅)

6.3K 641 1
                                    

[Unicode]

ငှက်ကလေးတွေက သူ့တို့ဘာသာစကားနဲ့သူတို့ တကျီကျီအော်လို့တေးသီတယ်
နေရောင်တစ်ချို့က ပြတင်းပေါက်မှန်ကနေတစ်ဆင့်ဖြတ်ကျော်လို့ ပြုံးရွှင်စွာအိပ်ပျော်နေတဲ့ မျက်နှာနုနုလေးပေါ် ကျရောက်တယ်
မျက်လုံးမှိတ်ထားလို့ဖျာကျနေတဲ့ မျက်တောင်စိပ်စိပ်လေးတွေပေါ် နေရောင်ထိုးတော့ မျက်မှောင်လေးကျုံ့လို့ ရှောင်းကျန့်က အင်းအဲအသံပြုရင်း အိပ်ယာနိုးတယ် မနေ့ညနေကအကြောင်းပြန်တွေးမိတော့ မျက်နှာပိုးမသတ်နိုင်အောင် ပြုံးဖြီးလို့ နာရီကြည့်မိတော့နောက်တောင်ကျနေပြီမို့ မျက်နှာသစ်ရေမိုးချိုးလို့ ကျောင်းကိုအမြန်ထွက်ခဲ့ရတယ် အဲ့ဒီလိုပဲ ၀မ်ရိပေါ်ကြောင့်အိပ်မက်တွေပါလှနေတော့ သူကအရင်နေ့တွေကထက် အိပ်ယာထနောက်ကျပီပေါ့ ငှက်ကလေးနဲ့နေရောင်လေးကို သူကျေးဇူးတင်ရမယ် သူတို့ကြောင့်သာမဟုတ်ရင် ရှောင်းကျန့်ကပြုံးပြုံးကြီးဆက်အိပ်နေဦးမာ

ရှောင်းကျန့်အတန်းထဲ၀င်လာတော့ သူမမြင်ချင်တဲ့မြင်ကွင်းက​ေစာင့်ကြိုနေလေရဲ့ စန်ရီဆိုတဲ့ကောင်မလေးက ၀မ်ရိပေါ်ထိုင်နေတဲ့ခုံနားရောက်နေပြန်ပြီ အရင်လိုတော့ပြုံးပျော်မနေကြဘူး ၀မ်ရိပေါ်က မျက်နှာတည်တည်နဲ့ကောင်မလေးကတော့ မျက်နှာငယ်လေးနဲ့ ရှောင်းကျန့်လည်း နဂိုတည်ထားတဲ့မျက်နှာကို ပိုတင်းလို့ သူတို့ကို မကျေနပ်ကြည့်တစ်ချက်ကြည့်ပြီး သူ့နေရာသူလာလို့ ထိုင်ခုံပေါ်မှောက်အိပ်နေလိုက်တယ်

ဒီနေ့ စန်ရီက ၀မ်ရိပေါ်ကို သူမက သဘောကျနေကြောင်းနဲ့ သူမနဲ့တွဲရအောင်ဆိုပြီး လာပြောတယ် မိန်းကလေးဘက်ကဒီလိုမျိုးပြောတယ်ဆိုပြီး အထင်သေးတာမျိုးတော့ ၀မ်ရိပေါ်ကမရှိပါဘူး ဒါကသူ့လွတ်လပ်ခွင့်ပဲလေ ဒါပေမယ့် သူက စန်ရီကို သဘောမကျကြောင်းနဲ့မတွဲချင်ကြောင်းကိုတော့  ခပ်တည်တည်နဲ့ပြန်ပြောလိုက်တယ် ဒါမျိုးတော့သူကအားနာနေလို့မဖြစ်ဘူးလေ စန်ရီကတော့ မျက်နှာငယ်လေးနဲ့  သူတို့ပြောနေချိန် ဟိူလူငဂျစ်အတန်းထဲ၀င်လာလို့ တစ်ချက်လှမ်းကြည့်မိတော့ သူတို့ကို ခပ်စိမ်းစိမ်းအကြည့်နဲ့ကြည့်သွားသေးတာ ဒီလူကဘယ်လိုလူပါလိမ့်ကွာ

Believe ! I really fall in love with you  [ Completed ]Where stories live. Discover now