အပိုင်း(၃၂)

6.8K 513 4
                                    

[Unicode]

ရိပေါ်စီးလာတဲ့ကားက လမ်းမှာပျက်နေတာမို့ ၇နာရီခရီးကို ၁၀နာရီထိကျန့်ကြာစေတယ် ရောက်တော့လည်းရွာထိပ်တင်ရပ်ပေးတာမို့ ရွာထဲထိလမ်းလျှောက်လာရသေးတယ် ရှောင်းကျန့်နေတဲ့နေရာကိုလည်းမသိတာမို့ တစ်ယောက်ယောက်ကိုမေးဖို့ ရွာထဲလူကလိုက်ရှာနေရသေး ရွာဘက်တွေကညဆိုစောစောအိပ်ယာ၀င်လေ့ရှိတာမို့ လူရိပ်လူခြေကသိပ်မရှိ ပေါက်တူးတစ်လက်ကိုထမ်းရင်းယာထဲကနောက်ကျမှပြန်လာပုံပေါ်တဲ့ဦးလေးကြီးတစ်ယောက်ကိုတွေ့လို့သာ ရိပေါ်အတွက်အဆင်ပြေသွားတာ အဲ့ဦးလေးကြီး ညွှန်းပေးလိုက်တဲ့လိပ်စာအတိုင်းလာလိုက်တော့ ခြံ၀န်းကျယ်ထဲက ၀ါကျင့်ကျင့်မီးရောင်နဲ့အိမ်သေးသေးလေး ခြံတံခါးကစေ့ရုံမို့ တွန်းဖွင့်ပြီး အိမ်တံခါးကိုခေါက်လိုက်တော့ တံခါးလာဖွင့်ပေးတဲ့ ကောင်လေးကိုမြင်ရကာမှ ရင်ထဲကအပူလုံးကြီးက ကျသွားရတယ်
'ဒီမှာဘေးကင်းကင်းနဲ့ရှိနေလို့ တော်သေးတာပေါ့'

"ရှောင်းကျန့် ဒီမှာရှိနေလို့ တော်ပါသေးတယ် ကိုယ်မင်းကိုဘယ်လောက်တောင်စိတ်ပူနေခဲ့ရသလဲ"

"၀မ်ရိပေါ်က.. ဘယ်လိုသိပြီးရောက်လာရတာလဲ"

"ဦးလေးယွီက ဒီမှာရှိနေချင်ရှိနေမှာဆိုလို့ ကိုယ်လိုက်လာတာ မင်း အရင်ကအကြောင်းတွေကိုသိသွားလို့ ဒီလိုကိုယ့်ကိုထားပြီး ထွက်သွားတာလား"

"ဟုတ်တယ် ငါ ၀မ်ရိပေါ်အနားမှာမရှိချင်တော့လို့ ၀မ်ရိပေါ်နဲ့​ေ၀းရာကို ထွက်လာတာ ၀မ်ရိပေါ်လည်းဒါကိုသိရက်နဲ့ ဘာလို့ငါ့နောက်ကိုလိုက်လာရတာလဲ"

ရှောင်းကျန့်ရဲ့စကားကြောင့် ၀မ်ရိပေါ်ရင်ထဲကို နာကျင်မှုတွေအလုံးအရင်း၀င်ရောက်လာတယ် သူ့ကြောင့်ဆိုတာသိပေမယ့်လည်း ရှောင်းကျန့်ပါးစပ်ကပြောတာကို ဒီလိုကြားရတော့ နှလုံးသားကမခံနိုင်ပြန်ဘူး '၀မ်ရိပေါ်အနားမှာမရှိချင်ဘူး'တဲ့ ရင်ကိုအစိမ်းလိုက်ခွဲလိုက်သလိုပဲ

"အရင်က ဖြစ်ခဲ့သမျှတွေအတွက် ငါတောင်းပန်ပါတယ် ငါမှားခဲ့ပါတယ် အများကြီးကိုမှားခဲ့ပါတယ် အဲ့ဒီအတွက်လည်း နောင်တတွေအများကြီးရခဲ့ပါပြီ မင်းနာကျင်ခဲ့ရသမျှကိုမေ့ပျောက်နိုင်လောက်တဲဲ့ထိ ငါကမင်းကိုပျော်ရွှင်အောင်ထားပေးမှာမို့ ထားမသွားပါနဲ့ ငါ့အနားမှာမင်းမရှိလို့မဖြစ်ဘူး ငါမင်းကိုချစ်တယ်လေ "

Believe ! I really fall in love with you  [ Completed ]Wo Geschichten leben. Entdecke jetzt