အပိုင်း(၂၄)

8.1K 635 36
                                    

[Unicode]

ရှောင်းကျန့်လှဲလျောင်းနေတဲ့ ကုတင်ဘေးမှာ ယွီဖေးလျို(မျန်မျန့်အဖေ)က ခေါင်းငိုက်စိုက်ကျလို့ ထိုင်ရင်း ရှောင်းကျန့်လက်ကလေးတွေကို ဆုပ်ကိုင်ထားတယ် သူ ရှောင်းကျန့်သတင်းကြားကြားချင်း ပြန်ခဲ့ပေမယ့် ခရီးက​ေ၀းတာမို့ တစ်ရက်ကြာပြီးမှရောက်လာခဲ့တယ် သူဒီကလေးအတွက်တာ၀န်မကြေခဲ့ဘူးပဲ သူရှောင်းကျန့်ကို သေချာမစောင့်ရှောက်ပေးနိုင်ခဲ့ဘူး သူ့ကိုယုံကြည်စွာနဲ့အပ်နှံခဲ့တဲ့ သူ့ညီမလေးကို သူအားနာလိုက်တာလေ

"သမီးအမှားတွေပါ ပါးပါး သမီးကြောင့်ဖြစ်ရတာ"

ဘေးမှာရပ်နေတဲ့မျန်မျန်က ငိုနေရင်းပြောလာတယ်

"ဒီလိုဖြစ်ဖို့ကံပါလာလို့ဖြစ်တာပါပဲလေ ဒါပေမယ့် မျန်မျန် ပါးပါးက သမီးဒီလောက်ထိ အားကျန့်လေးအပေါ်စိတ်ခုနေလိမ့်မယ်လို့ မထင်ခဲ့မိဘူး သမီးမားမားက သိပ်တော်ပါတယ် သမီးရင်ထဲကို အမုန်းတရားတွေသေချာထည့်ပေးနိုင်တာပဲ "

ယွီဖေးလျိုသိတာပေါ့ မျန့်မျန် ရှောင်းကျန့်အပေါ်အမြင်မကြည်တာဟာ သူမ မားမားရဲ့စနက်တွေကြောင့်ဆိုတာကို နွေရာသီတိုင်း မျန်မျန်က သူ့မားမားဆီသွားနေတတ်ပြီး ပြန်လာတိုင်း ရှောင်းကျန့်အပေါ် ပိုပိုစိမ်းလာတယ်ဆိုတာ

"သမီးမသိတာတွေအများကြီးရှိနေတယ် မျန်မျန် ရှောင်းကျန့်က သမီးပိုင်ဆိုင်ရမယ့် စည်းစိမ်တွေကို လုယူလိမ့်မယ်လို့ သမီးမားမားက ပြောတယ်မို့လား တကယ်တော့ သူကလုယူနေတာမဟုတ်ပဲ သမီးကလုယူနေခဲ့တာ တကယ်တော့ဒီပိုင်ဆိုင်မှုအားလုံးက ရှောင်းကျန့်ဟာတွေပဲ "

"ဘယ်လို"

မျန်မျန် က ယွီဖေးလျိုစကားကြောင့် အံ့သြစွာနဲ့ အာမေဋိတ်သံပြုတယ် သူ့ဘေးက ရိပေါ်နဲ့ထျန်းရန်လည်း သူမလိုပဲ ရှောင်းကျန့်အကြောင်းကိုသေချာသိချင်နေကြပုံပါပဲ ဆက်ပြောလာမယ့် ယွီဦးလေးစကားကို ငြိမ်သက်စွာနားထောင်နေကြတယ်
ယွီဖေးလျိုက သူတို့ရှိရာဘက်ကို အသေအချာလှည့်လို့ ရှောင်းကျန့်အကြောင်းကို အလေးအနက်ပြောပြဖို့ဟန်ပြုတယ်

Believe ! I really fall in love with you  [ Completed ]Where stories live. Discover now