အပိုင်း(၆)

6.2K 632 4
                                    

[Unicode]

ထျန်းရန်က သူဖတ်နေတဲ့စာအုပ်အထူကြီးကိုပိတ်လို့ နေရာတကျထားပြီး ရိပေါ်ဘက်ကိုစောင်းငဲ့ကြည့်တယ် ရိပေါ်ကအခန်းပြတင်းပေါက်ဘေးကိုမှီလို့ရပ်နေတယ်

"လူကြီးတွေက ဒီလိုပါပဲကွာ"

"ကျွန်တော် မလိုက်ချင်တာကျ ဇွတ်ခေါ်လာပြီး ဒီကျ ကျွန်တော့ကိုပစ်ထားတယ်"

"မင်းကလည်း ကလေးကျလို့"

ဟိုပြော ဒီပြောနဲ့ ထျန်းရန်က ရိပေါ်မပျင်းအောင် စကားရှာလို့ စကားအတော်များများပြောဖြစ်တယ် ရိပေါ်က ထျန်းရန်ကို အနိုင်လိုချင်ရုံ ထျန်းရန်ထက်သာချင်ရုံ ထျန်းရန်လိုချင်တဲ့အရာကိုသူ့အပိုင်ဖြစ်စေချင်ရုံသက်သက်ပဲ မခေါ်နိုင်မပြောနိုင်လောက်အောင် မုန်းတာမျိုးတော့မဟုတ်ဘူး ထျန်းရန်ကစကားပြောနေရင်း ပြတင်းပေါက်ကနေအောက်ကိုလှမ်းငေးပြီး ပြုံးနေတာကို ရိပေါ်မြင်လိုက်တယ် ရိပေါ်လည်းထျန်းရန်ကြည့်နေတဲ့နေရာလိုက် လှမ်းကြည့်မိတော့ ကောင်မလေးတစ်ယောက်က နားကျပ်လေးတပ်ပြီး မျက်လုံးလေးမိှတ်ကာ သီချင်းဆိုရင်း ခေါင်းလေးတစ်ငြိမ့်ငြိမ့်နဲ့ ဒန်းပေါ်ထိုင်နေတာ တွေ့ရတယ် အကိုထျန်းရန်ရဲ့အကြည့်တွေကထူးဆန်းတယ် တကယ့်ကိုကြင်နာမှုအပြည့် ချစ်မြတ်နိုးခြင်းအပြည့်နဲ့ကြည့်နေတဲ့အကြည့်မျိုး 'အကိုထျန်းရန်က အဲ့ကောင်မလေးကို သဘောကျတယ်ပေါ့ '
အဲ့ဒီကောင်မလေးက ရိပေါ်ထက်တော့ အသက်ကြီးမယ့်ပုံပဲ အသားအရေက၀င်းပြီးစိုတယ် မှိတ်ထားတဲ့မျက်လုံးပေါ် ၀ဲကျနေတဲ့ မျက်တောင်ကော့ကော့လေးတွေရှိတယ် နှဖူးပြင်ကျဥ္းကျဥ္းလေးရှိတယ် နှာတံဖြောင့်ဖြောင့်လေးရယ် မေးရိုးချွန်ချွန်လေးရယ်လည်းရှိတယ် အစွဲဆောင်နိုင်ဆုံးကတော့ သူမရဲ့နှုတ်ခမ်းတွေ ကကြီးပုံသဏ္ဍာန်ဖူးဖူးလေးဖြစ်နေပြီး ထူတယ် စတော်ဘယ်ရီသီးလေးလိုပဲ အကိုထျန်းရန်သဘောကျတာ အလွန်တော့မဟုတ်ဘူး ဒါပေမယ့် ဘယ်လိုလုပ်မလဲ ရိပေါ်ကလည်းအဲ့ဒီကောင်မလေးကိုသဘောကျမိသွားပြီ 'ဒီတစ်ခါလည်း အကိုလိုချင်တဲ့အရာကို ကျွန်တော်ကဦးအောင်ရယူပစ်ဦးမှာမို့ ကြိုတောင်းပန်တယ်နော် အကိုထျန်းရန် ဟက်'
ရိပေါ် ဒန်းပေါ်ကကောင်မလေးကိုလှမ်းကြည့်နေတုန်း အိမ်ထဲကနေကောင်လေးတစ်ယောက်က ဆပ်ပြာမြုပ်တွေထည့်ထားတဲ့ပုံးကြီးကိုလက်တစ်ဖက်ကဆွဲလို့ ကျန်လက်တစ်ဖက်က ရေပိုက်ခပ်ကြီးကြီးတစ်ချောင်းကိုကိုင်ကာ တဟီးဟီးရယ်ရင်းထွက်လာတာကိုတွေ့တယ်
နေပါဦး သေချာကြည့်မှ အဲ့ပြုံး"ပြုံး"နဲ့ထွက်လာတဲ့သူက ဟိုငဂျစ် ရှောင်းကျန့်

Believe ! I really fall in love with you  [ Completed ]Where stories live. Discover now