အပိုင်း(၃၃) [Final]

12.5K 729 51
                                    

[Unicode]

ရိပေါ် ရှောင်းကျန့်မနိုးခင် မနက်အစောကြီးထပြီး ရေထဖြည့်လိုက်တယ် ရွာသားတွေက ရေကိုညနေဘက်မှာလာဖြည့်ပေးထားတာမို့ မနက်ခင်းဆို ရေတွေက အေးစက်နေပြီ သူရှောင်းကျန့်ကို အေးစက်နေတဲ့ညသိပ်ရေတွေနဲ့ မျက်နှာမသစ်စေချင်ဘူး အေးစက်နေတဲ့ရေတွေကို မချိုးစေချင်ဘူး ဒါ့ကြောင့် ရေလာဆွဲပေးတဲ့သူတွေကို မနေ့တည်းက လာမဆွဲပေးတော့ဖို့ပြောပြီး သူကိုယ်တိုင် ရေထဖြည့်ပေးနေတာ

ရှောင်းကျန့်နိုးလာတော့ ခြံထဲစိုတ်ထားတဲ့အပင်တွေကို ရေလိုက်ဖြန်းနေတဲ့ ရိပေါ်ကို တွေ့တယ်
'အိပ်ရေး၀၀ အိပ်တာမဟုတ်ဘူး ပင်ပန်းအောင်လို့'

ရှောင်းကျန့် ခေါင်းလေးရမ်းရင်း မျက်နှာသစ်ဖို့ရေကန်ဆီလျှောက်လာလိုက်တယ် သူမျက်နှာသစ်တော့ ရေကအရင်နေ့တွေကလိုအေးစက်မနေပဲ ခပ်နွေးနွေးလေးရယ်

"နွေးလိုက်တာ ဟီးဟီး"

မျက်နှာသစ်ရင်း ရေခွက်ကိုင်ကာ ပြုံးရယ်နေတဲ့ရှောင်းကျန့်​ကို အ​ေ၀းကလှမ်းကြည့်ရင်း ရိပေါ်မှာလည်း ပြုံးရပါသေး
'ငါ့ကောင်လေးက ဘယ်လိုဟာလေးပါလိမ့် '

နေ့လယ်ပိုင်းမှာ ရိပေါ်က ခြံထဲက ကွပ်ပျစ်လေးပေါ်ထိုင်ရင်း ရစ်ဘီးလုံးလေးနဲ့ စွန်လေးကို ကိုယ်တိုင်လုပ်နေတယ် ဟိုနေ့က ထမင်းသွားစားတဲ့အိမ်က သစ်ခွ​ဲတဲ့လုပ်ငန်းနဲ့ ပရိဘောကပစ္စည်းလေးတွေလုပ်တာမို့ အဲ့ကနေ သစ်သားအတိုအစတွေတောင်းလာတာ ရှောင်းကျန့်က ညနေ
ပိုင်းထမင်းစားပြီး ပြန်လာချိန်ဆို ခြံထဲတန်းမ၀င်သေးပဲ ကလေးလေးတွေစွန်လွှတ်တာကို ယာခင်းစပ်ကနေထိုင်ကြည့်နေတတ်တာမို့ အဲ့လိုချိန်ဆို သူလည်း ရှောင်းကျန့်ဘေးမှာလိုက်ထိုင်ပြီး ကောင်းကင်မှာပျံ၀ဲနေတဲ့စွန်လေးတွေကို လိုက်ငေးတယ် တချက်တချက်တော့ စွန်တွေကိုမျက်တောင်မခက်ကြည့်နေတဲ့ သူ့ဘေးကကောင်လေးကိုငေးတာပေါ့ ရှောင်းကျန့်ကစွန်လွှတ်ရတာသဘောကျတယ်ဆို သူရှောင်းကျန့်ကို သူကိုယ်တိုင်လုပ်ထားတဲ့ ရစ်ဘီးလေးနဲ့စွန်ကလေးကိုပေးမယ် ဒါမှမဟုတ် ရှောင်းကျန့်က စွန်လေးတွေကိုငေးရတာပဲကြိုက်တယ်ဆိုရင် သူလွှတ်တဲ့စွန်ကလေးကို ငေးစေချင်တယ် ဒါ့ကြောင့် သူရစ်ဘီးနဲ့ စွန်လေးလုပ်နေတာ ကျွမ်းကျင်တဲ့သူမဟုတ်တာမို့ ၂ရက်၃ရက်လောက်နေမှပြီးမယ်ထင်တယ်

Believe ! I really fall in love with you  [ Completed ]Where stories live. Discover now