အပိုင်း(၂၇)

7.3K 546 3
                                    

[Unicode]

"မင်းတို့က ဘာကိစ္စဒီအချိန်ကြီးလာရတာလဲ"

ခြံထဲ၀င်၀င်ချင်း မျက်နှာရှစ်ခေါက်ချိုးနဲ့ ၀မ်ရိပေါ်အမေးစကားကြောင့် ဟောက်ရွှမ်းမှာလက်ကပတ်ထားတဲ့နာရီလေးကို ပြန်ငုံ့ကြည့်ရင်း

"မနက်၁၀နာရီက ဘာဖြစ်လို့လဲ "

"အေးလေ ဘာလို့လဲ"

ဘေးကယွီပင်းကပါ ကြောင်တောင်တောင်မျက်နှာကြီးနဲ့ထပ်မေးလာပြန်တယ်

"ဒီအချိန်ကြီးပါဆို ဒီအချိန်ကြီးဖြစ်နေလို့ပေါ့ကွာ ဘာလာလုပ်ကြတာလဲ"

"အလည်လာတာပေါ့ကွ ဟေး ရှောင်းကျန့် သက်သာပြီလား"

ဟောက်ရွှမ်းကပြောရင်း ပန်းချီကားထောက်တိုင်ဘေးက ရှောင်းကျန့်ကိုမြင်လိုက်တာမို့ လှမ်းနှုတ်ဆက်လိုက်လေရဲ့ ခုနကသူတို့နှစ်ယောက်ကြည်နူးနေတာကို ပန်းချီကားနဲ့ကွယ်နေတာမို့ ဟောက်ရွှမ်းတို့ကမြင်ပုံမပေါ်ဘူး

"အင်း သက်သာပြီ လာထိုင်ကြလေ"

ရှောင်းကျန့်က ၀မ်ရိပေါ်ကိုသာမမှတ်မိတော့တာ ဟောက်ရွှမ်းနဲ့ယွီပင်းကိုတော့ သိသေးတယ် ဘယ်ကနေစပြီးခင်ခဲ့မှန်းမသိပေမယ့် ဟောက်ရွှမ်းနဲ့ယွီပင်းကို သူကသိပါတယ် ဆိုပြီး ဆေးရုံမှာတွေ့တုန်းကပြောခဲ့သေးတာ

ရှောင်းကျန့်​ကခေါ်လိုက်တော့ သုံးယောက်သား သူ့နားကခုံလေးတွေပေါ်လာထိုင်ကြတယ် ရိပေါ်မျက်နှာကတော့ခုထိဆူပုတ်လို့ ပါးစပ်နားရောက်ပြီးသားထမင်းလုတ်ပုတ်ချခံလိုက်ရတာကိုး ရှောင်းကျန့်ကတော့ ရိပေါ်ကိုကြည့်ပြီး ခုနကအဖြစ်ပျက်တွေမြင်ယောင်လာတာ​မို့ နားရွက်ဖျားလေးတွေနီနေဆဲ ဆူပုတ်နေတဲ့ ရိပေါ်နဲ့ ရှက်နေပုံပေါ်တဲ့ရှောင်းကျန့်​ကိုကြည့်ပြီး ယွီပင်းတို့လည်းဘာပြောရမှန်းမသိတာမို့ ငြိမ်နေကြတယ် လေးယောက်ထိုင်နေပြီး တိတ်ဆိတ်နေတဲ့အခြေနေကြီးက နေရခက်လိုက်တာ

"ငါတို့တူတူဂိမ်းမဆော့ရတာကြာပြီ ဂိမ်းဆော့ရအောင်"

ယွီပင်းကလက်ထဲက phလေးကိုမြှောက်ပြရင်းပြောလိုက်တယ်

Believe ! I really fall in love with you  [ Completed ]Where stories live. Discover now