အပိုင်း(၃)

6.7K 680 3
                                    

[Unicode]

အချိန်တွေကရပ်တန့်မနေဘူး ဒီလိုပဲ ကျောင်းသွားလိုက် ရိပေါ်ကိုငေးလိုက် စာလုပ်လိုက်နဲ့ပဲ တစ်ရွေ့ရွေ့ကုန်ဆုံးတယ်

ရှောင်းကျန့်ဒီနေ့မနက်အတန်းထဲရောက်တော့ ရိပေါ်က​ကောင်မလေးတစ်ယောက်နဲ့ ပြုံးရယ်လို့ စကားပြောနေတာကို တွေ့ရတယ် သူဒါမျိုးကို သဘောမကျဘူး ဘာ​ကြောင့်ရယ်ဆိုတာမျိုးကိုလည်း သူမသိဘူး ဒီတိုင်းရိပေါ်ဘေးမှာအဲ့လိုခပ်လှလှကောင်မလေးရှိနေတာကိုလည်းမကြိုက်ဘူး ရိပေါ်က သူမဟုတ်တဲ့တခြားသူတစ်ယောက်ကိုကြည့်ပြီးအဲ့လိုပြုံးပျော်နေတာမျိုးကိုလည်း သဘောမကျဘူး
ရှောင်းကျန့်လည်း အရှေ့ကမြင်ကွင်းကိုမမြင်ချင်တာနဲ့ ခုံပေါ်ခေါင်းမှောက်ပြီးပဲအိပ်နေလိုက်တယ်

ရိပေါ်ကဒီနေ့နည်းနည်းလေးမြူးနေတယ် အကြောင်းက ဟိုတလောကမှပြောင်းလာပြီး ယောကျာ်းလေးတွေကြား သိပ်လှပါတယ်ဆိုပြီး နာမည်ကြီးနေတဲ့ ရီစန်ဆိုတဲ့ကောင်မလေးက သူ့ကို လာကပ်နေတာကိုး ရီစန်က တခြားကောင်တွေပြောသလို တကယ်လှပါတယ် ဖွေးနုနုအသားအရည် မျက်လုံး၀ိုင်း၀ိုင်း နှုတ်ခမ်းပါးပါး ခန္ဓာကိုယ်ကလည်းအချိုးအစားကျတယ် စာကလည်း တော်တော်လေးတော်သေးသတဲ့ ဒီလိုကောင်မလေးက ရိပေါ်ကို သိသိသာသာရော မသိမသာပါ ရေလာမြောင်းပေးတွေလာလုပ်တော့ တခြားကောင်တွေရဲ့အားကျအကြည့်ကြီးတွေက သူ့ဆီမှာ မင်းနေရာမှာငါသာဖြစ်လိုက်ချင်တယ်ဆိုတာမျိုး ၀မ်ရိပေါ်ကဒါမျိုးဆိုသိပ်သဘောကျတာ လူတိုင်းကသူ့အပေါ်အားကျနေတာမျိုးပေါ့ သူကအခြားသူတွေထက်သာနေသလိုမျိုးခံစားရလို့
၀မ်ရိပေါ်က ရီစန်ကိုသဘောကျလားဆိုရင်တော့ မကျပါဘူး ဒီတိုင်းအလိုက်အထိုက်ပေါ့ ဒါပေမယ့် ၀မ်ရိပေါ်ဘ၀မှာ မိန်းကလေးတစ်ယောက်နဲ့ဒီလိုစကားပြောတာတော့ပထမဦးဆုံးပဲ

ကျောင်းသာဆင်းသွားတယ် ရှောင်းကျန့်စာထဲလုံး၀စိတ်မပါတာမို့ ဒီနေ့ဘာတွေသင်လိုက်မှန်းတောင်သူမသိပါ ညနေမှ အကိုထျန်းရန်ကို သေချာပြန်သင်ခိုင်းရတော့မယ်

"ဦးလေးမု"

"သားကျန့် မျက်နှာလည်းမကောင်းပါလား ကျောင်းမှာဘာဖြစ်လာတာလဲ ဘယ်သူအနိုင်ကျင့်လိုက်လို့လဲ"

Believe ! I really fall in love with you  [ Completed ]Where stories live. Discover now