အပိုင်း(၂၈)

6.8K 505 6
                                    

[Unicode]

အ​ေ၀းပြေးလမ်းမကြီးထက်မှာ ကောင်လေးနှစ်ယောက်ပါတဲ့ဆိုင်ကယ်အစိမ်းလေးကရွေ့လျားနေတယ် နောက်ကကောင်လေးကမောင်းနှင်သူကောင်လေးရဲ့ခါးကို
ဖက်တွယ်ထားပြီး ထိုဖက်တွယ်ထားတဲ့လက်ကို ဆိုင်ကယ်မောင်းနေတဲ့ကောင်လေးကလက်တစ်ဖက်နဲ့ဆုပ်ကိုင်ထားတယ် ကောင်းကင်ပြာပြာကြီးရှိတယ် လမ်းမကျယ်ကြီးရှိတယ် လမ်းမကြီးရဲ့ဘေးတစ်ဖက်တစ်ချပ်မှာ တိုက်ခက်နေတဲ့လေပြေအေးကြောင့် ယိမ့်နွဲ့နေတဲ့မြက်ရိုင်းတစ်ချို့ရှိတယ် လမ်းမထက်မှာမောင်းနှင်နေတဲ့ဆိုင်ကယ်အစိမ်းလေးရှိတယ် ဒီမြင်ကွင်းလေးဟာ ပန်းချီကားလေးတစ်ချပ်လိုပဲ သိပ်လှပပြီးကြည်နူးဖို့ကောင်းတယ် Helmetအောက်ကကောင်လေးနှစ်ယောက်ဟာလည်း ပြုံးနေမှာအသေအချာပါပဲ
'ချစ်ရသူနဲ့ဆိုင်ကယ်တူတူစီးရခြင်းက ဒီလောက်တောင်ပဲကြည်နူးဖို့ကောင်းပါသတဲ့လား'

ယွီအိမ်က မြို့အစွန်းဘက်မှာရှိတာမို့ မြို့ထဲကိုမသွားတော့ပဲ မြို့ပြင်ကိုထွက်ခဲ့တာ ဆိုင်ကယ်ပတ်မောင်းတာက မြို့ထဲဆိုလည်းအဆင်မပြေဘူးလေ လူရှုပ်ပြီးမောင်းမကောင်းဘူး အဲ့တာမို့ မြို့ပြင်ထွက်တဲ့
အ​ေ၀းပြေးလမ်းကိုမောင်းလာတာ လူလည်းရှင်းသလို လေကောင်းလေသန့်လည်းရတယ် ဆိုင်ကယ်မောင်းလို့လည်းကောင်းတယ်

နာရီ၀က်လောက်မောင်းအပြီးမှာ လမ်းမကြီးရဲ့တစ်ဖက်က နေကြာပန်းခင်းကြီးကိုမြင်တာမို့ ရိပေါ်ကနေကြာခင်းအနီးမှာဆိုင်ကယ်ကိုရပ်လိုက်ပြီး
ဆိုင်ကယ်ပေါ်ကဆင်းလို့ ရှောင်းကျန့်ကိုလည်း Helmetချွတ်ပေးလိုက်တယ်

"၀ါး ပန်းခင်းကြီး အရမ်းလှတာပဲ "

"အင်း အရမ်း အရမ်းလှတယ်"

ရိပေါ် သူ့ဘေးက မျက်လုံးလေးတွေလက်နေအောင် နေကြာတွေကိုသဘောကျနေတဲ့ ကောင်လေးကိုကြည့်ပြီးပြောလိုက်တယ် ၀င်ကာနီးဆဲဆဲနေလုံးကြီးရဲ့အရောင်ဖြာဟက်မှုကြောင့် ရှောင်းကျန့်မျက်နှာလေးက လိမ္မော်ရောင်သန်းနေတယ်
'ရှောင်းကျန့်က နွေနေကြာတွေလိုပဲသိပ်လှတယ် မဟုတ်သေးဘူး ရှောင်းကျန့်က နွေနေကြာတွေထက်ပိုပြီးလှတယ်'

Believe ! I really fall in love with you  [ Completed ]Where stories live. Discover now