အပိုင်း(၄)

6.4K 675 2
                                    

[Unicode]

ဒီနေ့ကျောင်းမှာ Basketballပြိုင်ပွဲရှိလို့ ရှောင်းကျန့်တို့အတန်းထဲကလူတွေအကုန် Basketball roomထဲရောက်နေကြတယ် သူတို့အတန်းရဲ့Basketballအသင်းခေါင်းဆောင်က ၀မ်ရိပေါ် 
ရှောင်းကျန့်ကတော့ ဘာပြိုင်ပွဲမှမပါပါဘူး စာတောင်မရတဲ့ကြား ဒီလိုပွဲတွေသာ၀င်ပါနေရင် လေ့ကျင့်ချိန်ဘာညာနဲ့ စာမေးပွဲကျမှာအသေချာ ဒါပေမဲ့ ဒီလိုပြိုင်ပွဲတွေရှိတိုင်းတော့ သူကသွားကြည့်ဖြစ်တယ် ဘာလို့ဆို ၀မ်ရိပေါ်က basketball အသင်းအင်္ကျီနဲ့ဆို တအားကြည့်ကောင်းတာမို့ ၀မ်ရိပေါ်ကိုလာအားပေးတဲ့ မိန်းကလေးတွေများ ကွင်းအပြည့်ပဲ ရှောင်းကျန့်ကတော့ မျက်နှာခပ်တည်တည် နှုတ်ခမ်းတင်းတင်းစေ့လို့ သူ့ပုံစံအတိုင်း ဂျစ်တစ်တစ်နဲ့ ပွဲကြည့်စင် ထောင့်မှာ တစ်ယောက်တည်းထိုင်ကြည့်တယ် မပြုံးဘူး မရယ်ဘူး မျက်နှာထားတင်းတင်းပဲ ရှောင်းကျန့်က အဲ့လိုပုံစံနဲ့ဆို ခပ်မိုက်မိုက်လူချောလေး ရှောင်းကျန့်နားကိုကပ်ချင်တဲ့မိန်းကလေးတွေလည်းပုံလို့ ဒါပေမယ့် တော်ရုံယောကျာ်းလေးတောင် ရှောင်းကျန့်ရဲ့ အဲ့ဒီခပ်တင်းတင်းမျက်နှာထားကြောင့် သူ့နားကပ်ရဲတာမဟုတ် မထင်ရင်မထင်သလို ဆွဲထိုးမယ့်ရုပ် အဲ့လိုဆိုမှတော့ ဘယ်မိန်းကလေးက ကပ်ရဲမလဲလေ

Basketballအသင်းသားတွေ roomထဲ၀င်လာပါပီ အဖြူရှပ်ပေါ်အင်္ကျီအနီလက်ပျက် ဘောင်းဘီအနက်ဒူးဖုံးနဲ့ ၀မ်ရိပေါ်ကသိပ်ကြည့်ကောင်း အသားဖွေးဖွေးနဲ့အနီရောင်နဲ့ တကယ်ကိုလိုက်ဖက်နေရော လက်မောင်းကကြွက်သားတွေက အားကိုးချင်စရာ ခြေသလုံးဖြူဖြူတောင့်တောင့်လေးကဆွဲဆောင်မှုတစ်ခု နဖူးစည်းအဖြူလေးကိုစည်းထားသေး မျက်နှာလေးကတင်းတင်းနဲ့ဖြူဥပြီး တကယ့်ကို မိန်းကလေးတွေလိုချင်တဲ့ boyfriend typeဗျာ ၀မ်ရိပေါ်၀င်လာတည်းက အော်လိုက်တဲ့မိန်းကလေးတွေဆိုတာ နားတောင်ပေါက်ထွက်တော့မလိုပဲ
ရှောင်းကျန့်ကတော့ နေရာမှာတင်ငုတ်တုပ်မေ့နေလေရဲ့ ရင်ခုန်သံတွေမြန်လာလို့ ရင်ဘတ်ကိုတောင် ဖိထားမိရဲ့

Basketballကစားနေစဥ္တစ်လျှောက်လုံး ရှောင်းကျန့် ၀မ်ရိပေါ်ကိုပဲလိုက်ကြည့်နေမိတယ် ၀မ်ရိပေါ်ကစားတာ တကယ်ကိုကြည့်လို့ကောင်းတာ သူ့အတွက်တော့ ၀မ်ရိပေါ်ဘာလုပ်လုပ်ကို ​ကြည့်လို့ကောင်းနေတော့တာပါပဲ
ပြိုင်ပွဲအပြီးမှာတော့ ၀မ်ရိပေါ်တို့အသင်းက တစ်ဖက်အသင်းကို အပြတ်သတ်အနိုင်ရသွားတယ် မိန်းကလေးတွေအော်သံကတော့ ပထမတစ်ခေါက်ထက်နှစ်ဆကျယ်လို့ အဆောက်အဦးတောင်တုန်ခါသွားသလိုပဲ တစ်ဖက်အသင်းက ခေါင်းဆောင် ရန်ကျစ်ကတော့ ၀မ်ရိပေါ်ကိုမကျေမချမ်းနဲ့အငုံစိတ်က​ေလးထားပြီး အခြေနေပေးတာနဲ့၀မ်ရိပေါ်ရဲ့ မာနတွေကိုအောက်ဆွဲချဖို့ တေးထားလိုက်ပါတယ်

Believe ! I really fall in love with you  [ Completed ]Where stories live. Discover now