အပိုင်း(၉)

5.5K 600 5
                                    

[Unicode]

ဒီနေ့၀မ်ရိပေါ်တို့က ကျောင်းစောစောလာဖို့ပြောထားတာမို့ ရှောင်းကျန့်ကျောင်းကိုအစောကြီးရောက်နေတယ် ပုံမှန်ကျောင်းတက်ချိန်ထက် ၂နာရီလောက်စောနေတာမို့ လူကမရှိသလောက်နီးပါးပဲ ကျောင်းထဲမှာတချို့တလေရှိပေမယ့် ကျောင်းရှေ့မှာဆုံရအောင်ဆိုတဲ့သူငယ်ချင်းတွေကြောင့် ခုသူကကျောင်းရှေ့မှာမက်တပ်ရပ်စောင့်နေရတယ် ဦးလေးမုကတစ်ယောက်တည်း စိတ်မချလို့စောင့်ပေးမယ်ပြောပေမယ့် ချိန်းထားတဲ့အချိန်နည်းနည်းတောင်ကျော်နေပီမို့ ဟိုကောင်တွေများရောက်နှင့်နေမလားဆိုပြီး ဦးလေးမုကိုပြန်ခိုင်းလိုက်တာ ခုတော့ သူတစ်ယောက်တည်း

ရှောင်းကျန့်၀မ်ရိပေါ်တို့ကိုရပ်စောင့်နေတုန်း သူ့အနောက်ကနေလူတစ်ယောက်က သူ့ပါးစပ်းကိုအော်မရအောင်လက်နဲ့အုပ်ပြီး ကျောင်း၀န်းဘေးကလမ်းကြားကိုဆွဲခေါ်တယ်
ရှောင်းကျန့်လဲ၀ူး၀ူး၀ါး၀ါးနဲ့ရုန်းရင်းအဲ့လူခေါ်တဲ့နောက်ပါသွားရတယ် အဲ့လူကသူ့အနောက်ကနေသူ့ကိုသိုင်းဖက်ပြီး ဆွဲခေါ်တာမို့ အဲ့လူကိုရှောင်းကျန့်ကမမြင်ရဘူး အဲ့လူကလမ်းကြားထဲရောက်တော့ရောင်းကျန့်ကိုလွှတ်ပေးတယ် အဲ့လူလွှတ်ပေးပေးချင်းရှောင်းကျန့်ကမြေပြင်ပေါ်ငုတ်တုတ်ထိုင်ချလို့ခေါင်းကိုငုံ့ထားပြီး စကားတစ်ခွန်းကိုခပ်တိုးတိုးရေရွတ်တယ်

"မင်းဘယ်သူဖြစ်ဖြစ် ငါကမင်းကိုမကြောက်ဘူး"

ရှောင်းကျန့်က အဲ့စကားကိုအထပ်ထပ်ပြောလို့ ထိုင်နေတဲ့ခန္ဓာကိုယ်လေးကတဆတ်ဆတ်တုန်နေတယ်

တကယ်တမ်းကျ ၀မ်ရိပေါ်တို့သုံးယောက်ကကျောင်းကိုရှောင်းကျန့်အရင်ကြိုရောက်နေပြီး ကျောင်းလမ်းကြားထောင့်ကနေရှောင်းကျန့်ကိုစောင့်နေတာ ရှောင်းကျန့်ကသူတို့ကိုမမြင်ပဲတစ်ယောက်တည်းရပ်စောင့်နေတာတွေ့တော့ ရှောင်းကျန့်ကိုစချင်တာမို့ ဒီလိုမျိုးလုပ်လိုက်တာ အကြံပေးက ယွီပင်း ထောက်ခံသူက ဟောက်ရွှမ်း လုပ်ဆောင်သူက ၀မ်ရိပေါ်

"ရှောင်းကျန့် ရှောင်းကျန့်"

ရှောင်းကျန့်ခေါင်းငုံ့နေရာကနေ ရင်းနှီးတဲ့အသံလေးကြောင့် ခေါင်းကိုမော့ကြည့်တော့ သူ့ကိုငုံ့ကြည့်နေတဲ့ ၀မ်ရိပေါ်

Believe ! I really fall in love with you  [ Completed ]Where stories live. Discover now