အပိုင်း(၁၇)

6.2K 571 6
                                    

[Unicode]

ဒီနေ့ကကျောင်းပိတ်ရက်ဆိုတော့ မျန်မျန်က အိမ်အလည်လာဖို့ခေါ်ထားတာမို့ ရိပေါ်က ယွီအိမ်တော် ခြံရှေ့ကိုရောက်နေတယ် ဒါပေမယ့် ခြံထဲကမြင်ကွင်းလေးတစ်ခုကြောင့် အိမ်ထဲမ၀င်ပဲ သူလှည့်ပြန်လာခဲ့တယ် အဲ့မြင်ကွင်းကိုမြင်ရတာ သူ့စိတ်ထဲဇနိုးဇနှောင့် ဘာကိုစိတ်တိုလို့တိုမှန်းလည်းမသိဘူး ပြီးမှမျန်မျန့်ကိုမလာဖြစ်ကြောင်း messageပို့လိုက်တော့မယ်

မျန်မျန်နဲ့ရိပေါ်ကချစ်သူတွေဆိုပေမယ့် အရင်တစ်ခါbarမှာတွေ့ပြီးတည်းက အပြင်မှာထပ်မတွေ့ဖြစ်ကြဘူး phနဲ့ပဲဆက်သွယ်ဖြစ်ကြတယ် ဒါတောင်ဂိမ်းဆော့နေကြတဲ့အချိန်ကခပ်များများရယ်

စကားပြောဖြစ်တဲ့အချိန်ဆို မျန်မျန်က ရှောင်းကျန့်အကြောင်းတွေကို လီဆယ်ပြီးပြောတတ်တယ် Barမှာတွေ့တဲ့ညက ၀မ်ရိပေါ်ရှောင်းကျန့်ကိုကြည့်တဲ့အကြည့်တစ်ချို့ကိုသူမဖတ်တတ်ပါတယ် ၀မ်ရိပေါ်ကလည်းရှောင်းကျန့်ကို စိတ်၀င်စားနေတယ် အဲ့ဒါမို့ သူမနဲ့၀မ်ရိပေါ် လမ်းခွဲခဲ့ရင်တောင် ၀မ်ရိပေါ်ကိုရှောင်းကျန့်မရစေချင်လို့
'ရှောင်းကျန့်ကအကျင့်မကောင်းတဲ့သူ သူလိုချင်သမျှကိုနည်းလမ်းအမျိုးမျိုးသုံးပြီး အရယူတတ်တယ်မာယာများတဲ့​မြွေပွေးလိုကောင် '
ဒီစကားတွေကို ၀မ်ရိပေါ်မယုံပါ မျန်မျန်ဒီလိုစကားတွေပြောလာတာနဲ့သူကလိုင်းoutလိုက်တော့တာပဲ ရှောင်းကျန့်ပုံစံကိုလည်းကြည့်လေ မျန်မျန်ပြောသလိုလူမျိုးနဲ့ဘယ်နားများတူသလဲ ရှောင်းကျန့်ကိုဒီလိုမျိုးပြောတာ ၀မ်ရိပေါ်တကယ်မကြိုက်ဘူး

သူတို့နှစ်ယောက်ချစ်သူဆက်ဆံရေးက ဒီလိုပါပဲ ချစ်ကြောင်းကြိုက်ကြောင်းပြောကြဖို့က​ေ၀း နှစ်ယောက်လုံးကလည်း တစ်ယောက်ကို တစ်ယောက်ချစ်လို့တွဲကြတာမှမဟုတ်ပဲလေ အတ္တတွေမာနတွေအတွက်သာ

စာမေးပွဲတွင်းမို့ ရှောင်းကျန့်မှာမအားမလပ် စာအုပ်နဲ့မျက်နှာခွာရတယ်ကိုမရှိ တစ်ညလုံးနီးပါးတွေစာလုပ်ရနဲ့မျက်တွင်းဟောက်ပတ်ကိုဖြစ်လို့ စာမေးပွဲဖြေနေရတဲ့အချိန်တိုင်းရှောင်းကျန့်က အဲ့လိုပဲ
'စာမေးပွဲပြီးကျောင်းပိတ်မှပင်ပန်းခဲ့သမျှအတိုးချပြီးအနားယူပစ်မယ်'

Believe ! I really fall in love with you  [ Completed ]Where stories live. Discover now