အပိုင်း (၁၅)

6.3K 592 26
                                    

[Unicode]

ကျောင်းရှေ့က ခုံတန်းလေးမှာ ရိပေါ်ရယ် ဟောက်ရွှမ်းရယ် ယွီပင်းရယ် သုံးယောက်တူတူထိုင်နေကြတယ် အကြောင်းက ယွီပင်းကို phအသစ်ပြန်သွား၀ယ်ပေးမလို့ အကြိုစောင့်နေကြတာ ယွီပင်းနဲ့ဟောက်ရွှမ်းက အိမ်ကိုလာမကြိုဖို့phဆက်ထားတယ် ph၀ယ်ပြီး ရိပေါ်ကို ပြန်လိုက်ပို့ခိုင်းမှာမို့
ရှောင်းကျန့်ကတော့ ကျောင်းဆင်းတည်းက အကြိုလာလို့ ပြန်သွားပြီ

"ရိပေါ် ဘ၀ဆိုတာက တိုတိုလေးကွ သိလား"

ဟောက်ရွှမ်းရဲ့အဆက်အစပ်မရှိပြောလာတဲ့စကားကြောင့် ရိပေါ်က မျက်ခုံးတစ်ချက်ပင့်လို့ ဟောက်ရွှမ်းကို ကြည့်တယ် အဲ့ဒီအခါ ဟောက်ရွှမ်းက စကားဆက်​လာတယ်

" မင်းကသူများထက်သာနေရင် ပျော်တယ်ကျေနပ်တယ် ဒါပေမယ့် အဲ့ဒီပျော်ရွှင်မှုကစစ်မှန်ရဲ့လား မင်းရဲ့ခံစားချက်တွေကိုလျစ်လျူရှုပြီးမှရလာတဲ့ ပျော်ရွှင်မှုက ကြာရှည်ခံမယ်ထင်လား ငါတော့မထင်ဘူးရိပေါ်  ရှေ့ဆက်ရမယ့် မင်းရဲ့ရှင်သန်မှုတွေမှာ နောင်တတွေရောယှက်နေတာမျိုးမဖြစ်စေချင်ဘူး တစ်ခါလောက် မင်းရဲ့မာနဆိုတာကို မေ့ထားပြီး မင်းရဲ့ခံစားချက်တွေကို ရိုးသားကြည့်စေချင်တယ် မင်းသဘောကျတဲ့သူကို သဘောကျတယ်လို့ ပြောနိုင်လောက်တဲ့ထိ မင်းချစ်တဲ့သူကိုချစ်တယ်လို့ပေါ့ပေါ့ပါးပါးပြောနိုင်လောက်တဲ့ထိ"

"ဟုတ်တယ်ရိပေါ် ဟောက်ရွှမ်းပြောတာမှန်တယ် မင်းချစ်တဲ့သူက ယောကျာ်းဖြစ်စေ မိန်းမဖြစ်စေ ဒါကမင်းရဲ့ရွေးချယ်မှု မင်းရဲ့အချစ်မို့ မင်းဘယ်သူ့ကိုမှဂရုစိုက်နေစရာမလိုဘူး သိလား လူတိုင်းက မင်းကိုသဘောမကျနိုင်ဘူး လူတိုင်းသဘောကျအောင်လည်းမင်းကနေစရာမလိုဘူး ဒီတိုင်း မင်းရဲ့ပျော်ရွှင်မှုအစစ်အမှန် မင်းရဲ့ခံစားချက်တွေနောက်ကို တစ်ခါလောက် လိုက်ကြည့်စေချင်တယ် "

ဟောက်ရွှမ်းရဲ့စကားကို ယွီပင်းကပါ ထောက်ခံလို့ ၀င်ပြောလာတယ် ဒါပေမယ့် အိပ်ချင်ယောင်ဆောင်နေတဲ့သူက အနှိုးရခက်တယ်တဲ့လေ ရိပေါ်ကလည်းဒီလိုပဲ

"အာ မင်းတို့ဘာကိုပြောချင်တာလဲဆိုတာ ငါသေချာမသိ.."

"အေးပါ နောက်ဆုံးထိကို မင်းရဲ့ရွေးချယ်မှုက မပြောင်းလဲတော့လဲ ဘာတတ်နိုင်မလဲလေ ငါတို့ဘာကိုဆိုလိုချင်လဲဆိုတာ မင်းသိပါတယ် ဒါပေမယ့်ထားလိုက်တော့ ဒါတွေကိုငါတို့မပြောခဲ့ဘူးလို့ထားလိုက်တော့ တစ်ချိန်ချိန်မှာ မင်းနောင်တတပွေ့တပိုက်ရလာခဲ့ရင်လည်း မင်းဘေးမှာငါတို့ရှိပေးမယ် မင်းကမင်းခံစားချက်တွေနောက် လိုက်တော့မယ်ဆိုလည်း မင်းဘေးမှာငါတို့ကအမြဲရှိမယ်ဆိုတာ မမေ့နဲ့ ငါတို့ကသူငယ်ချင်းတွေပဲလေ ဟုတ်တယ်မို့လား မင်းကောင်းကောင်းဆိုးဆိုး ငါတို့ကမင်းဘက်ကပဲရိပေါ်"

Believe ! I really fall in love with you  [ Completed ]Where stories live. Discover now