အပိုင်း(၇)

5.8K 605 4
                                    

[Unicode]

ရှောင်းကျန့်အတန်းထဲ၀င်၀င်ချင်းလှမ်းကြည့်မိတာက ၀မ်ရိပေါ်ရဲ့ခုံနေရာ ဒီနေ့၀မ်ရိပေါ်က သူ့ခုံနေရာမှာရှိမနေဘူး အဲ့ဒီနေရာမှာအခြားကျောင်းသားတွေကအစားထိုး၀င်ရောက်လို့ထိုင်နေတယ် 'သူတို့ကဘာလို့ ၀မ်ရိပေါ်နေရာမှာထိုင်နေရတာလဲ ၀မ်ရိပေါ်ကဒီနေ့ကျောင်းမလာဘူးလား' ရှောင်းကျန့်လည်းအဲ့ဒီနေရာကို မှုန်တေတေမျက်နှာပေးနဲ့တစ်ချက်ကြည့်လို့ သူ့နေရာဆီသူလျှောက်လာလိုက်တယ် သူ့နေရာမရောက်ခင်မှာပဲရှောင်းကျန့်ရဲ့ခြေလှမ်းတွေကရပ်တန့်သွားရတယ် အကြောင်းက ၀မ်ရိပေါ်က သူထိုင်နေကျနောက်ဆုံးထောင့်ခုံရဲ့ဘေးကခုံမှာထိုင်နေတာမို့

၀မ်ရိပေါ်မနေ့ညကအတွေးကိုအကောင်ထည်ဖော်ဖို့ ရှောင်းကျန့်နေရာဘေးကလူတွေနဲ့ခုံလဲထိုင်လိုက်တယ် သူတို့အတန်းမှာ အဆင့်အလိုက်ဘယ်သူကဘယ်နေရာထိုင်ရမယ်ဆိုပြီးခွဲခြားသတ်မှတ်ထားတာမျိုးမရှိဘူး ကိုယ်အဆင်ပြေရာထိုင်လို့ရတယ် ၀မ်ရိပေါ်ကသူတစ်ယောက်တည်းခုံလဲထိုင်တာမဟုတ် သူ့သူငယ်ချင်း ယွီပင်းနဲ့ဟောက်ရွှမ်းကိုပါ နောက်ခုံကိုအပါခေါ်လာတာ ဟိုနှစ်ယောက်ကလည်း ဘာမသိညာမသိလိုက်ထိုင်တာပဲ ပြီးမှသူရှောင်းကျန့်အစ်မကိုကြိုက်လို့ သူ့အစ်မအကြောင်းသိရဖို့ ရှောင်းကျန့်နဲ့အရင်ရင်းနှီးအောင်လုပ်မယ်ဆိုတဲ့အကြောင်းကိုပြောပြတော့ ဟိုနှစ်ကောင်က ချက်ချင်းရှေ့ခုံပြန်ထိုင်မယ်လုပ်နေလို့ မနည်းဆွဲထားရတယ်
ယွီပင်းနဲ့ဟောက်ရွှမ်းကတော့ ရှောင်းကျန့်၀င်လာတာမြင်တည်းကခေါင်းလေးတွေငုံ့လို့ ပါးယားနေပီ ဘယ်ချိန်ထထိုးခံရမလဲမသိ ဒီကောင်၀မ်ရိပေါ်ဟာလေ သူတစ်ယောက်တည်းအသေမခံဘူး သူတို့ကိုပါအပါခေါ်တာ ဒါမှလည်း သူငယ်ချင်းပီသမှာပေါ့လေ

၀မ်ရိပေါ် သူ့ရှေ့နားမှာရပ်နေတဲ့ရှောင်းကျန့်ကိုကြည့်မိတော့ မျက်လုံးအ၀ိုင်းသားနဲ့သူ့ကိုရပ်ကြည့်နေတာ အဲ့ဒီမျက်လုံး၀ိုင်း၀ိုင်းလေးတွေထဲမှာ အံ့သြရိပ်တွေကလည်း အပြည့်ပဲ အဲ့လူကအဲ့ဒီလို တစ်ခုခုကိုတအံ့တသြဖြစ်နေတဲ့အချိန် တစ်ခုခုကိုကြောက်နေတဲ့အချိန်မျိုးဆို သိပ်အူယားစရာ အသည်းယားစရာကောင်းတာပဲလို့ ၀မ်ရိပေါ်ကမှတ်ချက်ချလိုက်တယ်
အဲ့လူကသူ့ကိုခဏတာကြောင်ကြည့်နေပြီးနောက် သူ့ကိုယ်ပိုင်မျက်နှာထားတည်တည်ကိုပြန်ပြောင်းလို့ သူ့နေရာသူ၀င်ထိုင်ပြီး ခုံပေါ်မှာမှောက်အိပ်တယ်

Believe ! I really fall in love with you  [ Completed ]Unde poveștirile trăiesc. Descoperă acum