{{Unicode}}
"ရှောင်းကျန့်ကလည်း ဒီအလုပ်ကသူ့ဝါသနာမို့ မစွန့်လွှတ်နိုင်ဘူး...ရိပေါ်ကလည်း
အကြာကြီးခွဲမနေနိုင်တော့ အလုပ်ကထွက်ခိုင်းတယ်...အဲဒါနဲ့ ရန်ဖြစ်ကြတယ်ပေါ့ဟုတ်လား ??"
၄ယောက်သား ငြိမ်သက်စွာ စုဝေးထိုင်နေကြရာမှ ဝမ်ပါးက အရင်ဉီးစွာစကားဆိုလေတယ်။
"ဟုတ်တယ် ပါး..."
ဝမ်ပါးအမေးကိုရှောင်းကျန့်ကပဲ ခေါင်းညိတ်ပြကာပြန်ဖြေလိုက်သည်။
"သား ရိပေါ်က...နားလည်ပေးလိုက်ပါကွယ်...မခွဲနိုင်ဘူးဆိုပြီး ကလေးဆန်နေလို့ ဘယ်ရမလဲ...မြေးလေးတွေရှေ့ရေးရှိသေးတယ်လေ...ဒီတော့ သူလည်း သူတတ်ထားတဲ့ပညာနဲ့ ရှာဖွေကျွေးချင်မှာပေါ့ သားရဲ့...တဇွတ်ထိုးမလုပ်နဲ့လေကွယ်..."
ငြိမ်သက်နေသည့် ရိပေါ်ကိုကြည့်ကာ
ဝမ်ပါးက နားဝင်အောင် သေချာပြောပြလိုက်တယ်။
"ပါးပါးကလည်း...သူ့အလုပ်က ဝေးတဲ့နေရာကိုတာဝန်ကျရင် အကြာကြီးခွဲနေရမှာ...သားသူနဲ့မခွဲနိုင်ဘူး...ကလေးဆန်တယ်ပဲပြောပြော ဘယ်လိုပြောပြော သားကတော့ နားလည်မပေးနိုင်ဘူး ပါးပါးရာ.."
မျက်နှာရှုံ့မဲ့စွာဖြင့် ရိပေါ်က ရှောင်းကျန့်ကိုကြည့်လိုက် ၊ ဝမ်ပါးကိုကြည့်လိုက်နဲ့ နှုတ်ခမ်းလေးဆူပြီးအလိုမကျစွာ ပြောလေသည်။
"မြေးကရော အလုပ်ကိုလုံးဝမစွန့်လွှတ်နိုင်ဘူးလား ??"
မျက်နှာမကောင်းသည့်မြေးဖြစ်သူ
ရှောင်းကျန့်ကိုကြည့်ကာ ရှောင်းဖွား ဝင်မေးလိုက်တော့ မြေးက ခေါင်းသာညိတ်ပြလာလေတယ်။
"ကဲ...ဒါဆိုလည်း...ရှောင်းကျန့် အခုတာဝန်ကျမဲ့နေရာကို မင်းတို့သားအဖတွေအကုန်လိုက်သွားကြ...ဒီက လုပ်ငန်းတွေကိုလည်း
ငါပဲ အကုန်ပြန်ဉီးစီးလိုက်တော့မယ်..ဘာမှစိတ်ပူမနေနဲ့...ကွာရှင်းဖို့လည်းလုပ်မနေနဲ့...ငါပြောသလိုသာ လုပ်...ကြားလား ?ငြင်းဆန်ဖို့ မကြိုးစားနဲ့ !"
ပြောလိုက်တော့ သားတော်မောင်မျက်နှာက
ကျေနပ်သလိုဖြစ်သွားကာ လင်ကိုလည်း
ကြည့်လိုက်ရင်း သူပြောသလိုလုပ်မယ်ဆိုပြီး မျက်နှာရိပ်မျက်နှာကဲပြနေလေသည်။
တော်တော် လိမ္မာလိုက်တဲ့သား...!
အဖေဖြစ်သူကိုတော့ အလုပ်တပုံတပင်နဲ့ထားခဲ့ပြီး သူကတော့ ကျော့ကျော့မော့မော့နဲ့လင်နောက် ကောက်ကောက်ပါအောင်လိုက်သွားမယ်ပေါ့။
သြော်...ငါ့ဘဝကြီးက သေခါနီးလည်း
အလုပ်လုပ်နေရတုန်းပါပဲလား...
ဘုရားရိပ်တရားရိပ်အောက်မှာ ခုထ်ိကိုအေးအေးဆေးဆေးခိုလှုံခွင့်မရသေးဘူး။
ဟင်းး...မွေးရကျိုးမနပ်လိုက်တဲ့သား...
အဖေထက် လင်ကိုပိုချစ်နေပါရောလား ။
"ပါးပြောတာကို ကျွန်တော်တို့လက်ခံပါတယ်...နောက်တော့ အခြေအနေကြည့်ပြီး
Beijingမှာပြန်နေရအောင် အထက်လူကြီးကို
တောင်းဆိုကြည့်ပါ့မယ်"
"အင်း...အဲလိုပဲလုပ်ကြတာပေါ့...resultကရော ဘယ်လထွက်မှာလဲ ??"
"နောက်၂ပတ်၃ပတ်လောက်နေရင် သိရပါပြီ ပါး...သိပ်မစောင့်ရပါဘူး"
"အင်းပါ..သားကျန့် ခရီးက ခုမြှပန်ရောက်တာဆိုတော့ နားလိုက်ဉီး...ရိပေါ်ကတော့ ပါးနဲ့စက်ရုံကိုလိုက်ခဲ့...လုပ်စရာအလုပ်တွေကျန်သေးတယ်"
"ဟုတ်...ပါးပါး"
ဝမ်ရိပေါ် ဝမ်ပါးနှင့်စက်ရုံကိုလိုက်သွားရကာ၊ရှောင်းကျန့်ကတော့ ရေမိုးချိူးသန့်စင်ပြီး
ရှောင်းဖွားဖွားနဲ့အတူ သားလေးတွေအား
ထိန်းနေလေတော့သည်။
______♡︎______
"ဟျောင့် ပေါ်ကြီး...မင်းလင်နဲ့ အဆင်ပြေရဲ့လား ??"
အရင်လက ပြည်တွင်းထဲဖြန့်ဖြူးထားသည့်
Energy drinksအရေအတွက်နှင့်ဝင်ငွေထွက်ငွေအား စာရင်းပြုစုနေစဉ် ဖန်ရှင်းက
ဖုန်းဆက်လာလေသည်။
"အွန်းး...ပြေတယ်...ဘာဖြစ်လို့လဲ ??"
"ဒီတိုင်းမေးကြည့်တာပါ...ဘာရယ်လို့မဟုတ်ဘူး"
"ယွီပင်းကောရော...Nanjingပြောင်းသွားပြီလား ??"
"ဟင့်အင်း...ဒီနေ့မှ ပြောင်းရမှာ...အဲဒါ ခု
အထုတ်အပိုးတြွေပင်ဆင်နေတာ...ငါလည်း ကူလုပ်ပေးနေတာလေ"
"မင်းရော တခါတည်းလိုက်မသွားဘူးလား"
"လိုက်မှာလေ...မလိုက်လို့ဘယ်ရမလဲ...ဟိုမှာ လိုင်းခန်းရရင် ငါက တပတ်လောက်နေဉီးမှာ...အဟဲဟဲ"
"အဲ့တော့ မင်း အလုပ်ကပစ်ထားလို့ရလို့လား...?"
"ပိုင်ရှင်း ရှိတယ်လေ...သူ့လက်ထဲအပ်ခဲ့မှာ...
နောက်ပြီး မားနဲ့ပါးကလည်း လုပ်ငန်းတွေကို
သူတို့ကိုယ်တိုင်ပဲ ဉီးစီးနေသေးတာဆိုတော့
သိပ်ပြီးစိတ်ပူစရာမရှိဘူး...ငါ့က်ိုလည်း
ကို နဲ့အတူ သွားနေခွင့်ပေးတယ်...ဒါပေမဲ့
ငါက သွားလိုက်ပြန်လိုက်ပဲလုပ်မှာပါ..နေရာနီးတယ်ဆိုတော့လေ...အဝေးကြီးမှမဟုတ်တာ"
"အင်းပေါ့...နီးနီးနားနားဆိုတော့ သွားလိုက်ပြန်လိုက်လုပ်တာ ကောင်းပါတယ်..."
"အွန်း...ငါလည်း မင်းတို့ပြောင်းတဲ့နေရာကို
အားရင် တခေါက်လောက် အလည်လာခဲ့မယ်...."
"လာခဲ့..လာခဲ့...ပိုင်ရှင်းကိုပါ ခေါ်လာခဲ့"
"အေးပါကွာ..."
"Ok Ok...ငါ အလုပ်လုပ်နေတာမိုလို့ ဒါပဲကွာ..ဖုန်းချလိုက်တော့မယ်"
..........♡︎
ညနေ ရိပေါ် အိမ်ပြန်လာတော့ အိမ်ထဲ
ဝင်ဝင်ချင်းတွေ့လိုက်ရသည့် မြင်ကွင်း
ကြောင့် သားတွေဘေးနားမှာထိုင်နေတဲ့
သူ့ကို ပြုံးရယ်ပြနေတဲ့ ရှောင်းကျန့်ကို မျက်စောင်းထိုးကာကြည့်လိုက်သည်။
"ပြောစမ်းပါဉီး...! ဒါတွေက ဘယ်လိုဖြစ်နေတာ...တအိမ်လုံးလည်း ပွစာကျဲနေတာပဲ...ရှောင် ရှောင်းကျန့် ! ရားး...တကယ်
အမောဆို့တယ်နော်...!"
မာဆတ်ဆတ်လေသံဖြင့် အော်ဟစ်ပြောရင်း လက်ထဲက briefcaseကို စားပွဲပေါ် ပစ်တင်ကာ စိတ်မောစွာနှင့် လက်နှစ်ဖက်ကို ခါးထောက်ပြီး ပြောလိုက်တော့...
"ကိုယ်ပြန်ရှင်းမှာပါ အချစ်ရဲ့..စိတ်မဆိုးနဲ့နော်..."
မျက်နှာငယ်လေးလုပ်ကာ သူ့ကိုကြည့်ပြီး
ပြောလေတယ်။
"သားသား တွေကိုရော ခင်ဗျားဘယ်လိုလုပ်ထားတာ..."
ရိပေါ် အပြောကြောင့် ရှောင်းကျန့် သား
နှစ်ယောက်ကိုတချက်ပြန်ကြည့်လိုက်တယ်။
"စကင်းကဲ ပေးထားတာလေ...အဟဲဟဲ"
သွား၃၂ချောင်းလုံးပေါ်အောင်ရယ်ပြကာ
သူ့ကို မဆူစေရန် မျက်နှာချိုသွေးနေတဲ့
ရှောင်းကျန့်က်ို ရိပေါ် စိတ်ရှိလက်ရှိဆွဲဆောင့်ကန်ထုတ်ပစ်လိုက်ချင်ပါရဲ့။
သားနှစ်ယောက်လုံးကိုBathrobeဝတ်ပေးထားပြီး မျက်လုံးနှစ်လုံးအား သခွားသီးကပ်ထားကာ ခေါင်းကိုလည်းသဘတ်ပတ်ပေးထားသည့် ရှောင်းကျန့် ...။
ကြမ်းပြင်မှာလည်း lotionဗူးတွေ ၊ သခွားသီးတွေ ၊မုန့်ခွံတွေနဲ့ မုန့်စတွေပြန့်ကျဲကာ ရှုပ်ပွနေပြီး သားအဖသုံးယောက်လုံး ထိုကြားထဲမှာ ထိုင်ကာ အရုပ်တွေနဲ့လည်းဆော့နေကြလေသည်။
"သားသားတွေကို ရေချိူးပေးထားတာကြာပြီလား ??"
"အင်း...နည်းနည်းကြာပြီ"
"ကျစ် ! အအေးပတ်တော့မှာပဲ...ခု အဝတ်ဝတ်ပေးလိုက်တော့...သွားး....သားတွေ
နေမကောင်းဖြစ်လို့ကတော့ ခင်ဗျားအသေပဲ !"
ရိပေါ် ရှောင်းကျန့်အား ကလေးတွေကိုအဝတ်ဝတ်ပေးခိုင်းလိုက်ပြီး သူကတော့
ဧည့်ခန်းမှာ ရှောင်းကျန့်တို့ဖွထားသမျှကို
ရှင်းလင်းရေးလုပ်ရတော့လေသည်။
______♡︎______
Exam resultထွက်ပြီး တစ်လအကြာ
ရှောင်းကျန့် သူတာဝန်ကျသည့် Chongqingမှာ ပြောင်းရွှေ့နေ,နေပြီဖြစ်တယ်။
Beijingနဲ့ နီးတယ်ဆိုပေမဲ့လည်း ရိပေါ်ကတော့ အိမ်မှာကျန်မနေခဲ့။ ဝမ်ပါးပြောတဲ့အတိုင်း ရှောင်းကျန့်ရှိရာအရပ်မှာ ကွန်ဒို
တခန်းဝယ်ပြီး လိုက်နေလေသည်။
Chongqingမှာ ၃၊ ၄နှစ်တာဝန်ထမ်းဆောင်ပြီးတာနဲ့ ရှောင်းကျန့်က Beijingမှာပဲ
ပြန်နေဖို့ စဉ်းစားထားသည်။
ဒါ့အပြင် ဝမ်ပါးနဲ့ရှောင်းဖွားကလည်း အသက်ရလာပြီမို့ သူတို့ ရပ်ဝေးမှာသွားနေလို့
မဖြစ်တော့။အနီးနားမှာနေပြီး စောင့်ရှောက်ပေးရမဲ့တာဝန်ရှိလေသည်။
နောက်ပြီး လုပ်ငန်းတွေကိုလည်း ရိပေါ်ကိုပဲပြန်ဉီးစီးစေဖို့ ရှောင်းကျန့်ကပြောထားတယ်။
သားလေးတွေကလည်း ခုဆို ၁နှစ်ကျော်နေပြီဖြစ်ရာ စကားလည်း မပီကလာ ပီကလာနဲ့
တလုံးစ၊နှစ်လုံးစ ပြောတတ်နေလေပြီ။
"ပါး...ဒယ်ဒယ်...ပန်လာပီ..."
ရိပေါ် သားလေးတွေကို ဖြည့်စွက်စာကျွေးနေရင်း ဟင်းအိုးတည်ထားမို့ မီးဖိုချောင်ထဲခဏသွားကြည့်စဉ်...ရှောင်းကျန့်ပြန်လာတာကို မြင်လေတော့ သားလေးတွေက သူ့ဒယ်ဒီပြန်လာပြီဖြစ်ကြောင်း ပြောလေတယ်။
"ဒယ့်ဒီ သားလေးတွေ...လာပါဉီး...ဒယ်ဒီဆီ...အာဘွားပေးဉီးမယ်ကွာ"
ရှောင်းကျန့် သားလေးတွေကို တပြိုင်တည်း ပေါင်ပေါ်တင်ချီပြီး အစားစားနေလို့ ဖောင်းကားနေတဲ့ ပါးဖောင်းဖောင်းလေးတွေကို နမ်းလိုက်လေသည်။
"ကိုကို...ရေချိုးတော့လေ...ခဏနေ ညစာစားရအောင်..."
ရိပေါ် ဟင်းအိုးမွှေနေရင်း မီးဖိုချောင်ထဲကနေ
ရှောင်းကျန့်အား လှမ်းပြောလိုက်သည်။
"အချစ်..."
ဟင်းချက်နေသည့် ရိပေါ်ကို ရှောင်းကျန့်အနောက်ကနေ ခါးအားဖက်လိုက်ပြီး နား,နားကပ်ကာ တိုးလျလျခေါ်ရင်း နားလေးအား နမ်းရှုံ့ကိုက်ခဲလိုက်တော့ ရိပေါ်ကိုယ်လေး ဆတ်ခနဲ တုန်တက်သွားလေတယ်။
"အင်း..."
"ဒီည ကိုယ်တို့ အတူနေရအောင်ကွာ.."
ပြောရင်း ရိပေါ် နားသယ်စပ်ဖျားအား နမ်းရှုံ့ကာ လည်တိုင်ကိုလည်း စုပ်ယူကိုက်ခဲနေလေတယ်။
"အရင်ပတ်ကပဲ အတူနေပြီးပြီလေဗျာ...
မရဘူး...ကျွန်တော်ခွင့်မပြုဘူးနော် ကိုကို"
"ဟင့်...အချစ်ကလည်းကွာ...လုပ်ပါ...နော်...
အတူနေမယ်လို့"
"မသိဘူးဗျာ...မနေချင်ဘူး...ဖယ်...ရေသွားချိုးတော့...သွား...ပြီးရင် ညစာစားရအောင်"
"ညစာ မစားချင်ဘူးကွာ...အချစ်ကိုပဲ စားချင်တာပါဆို...ဝွန့်"
နှုတ်ခမ်းကြီးဆူပြီး ရှောင်းကျန့်က ရိပေါ်ကို
အတူနေဖို့တောင်းဆိုနေသည်မှာ မုန့်တောင်းနေသည့် ကလေးတယောက်သဖွယ်။
"တနှစ်လောက် အခန်းထဲဝင်မအိပ်ရဘူးဖြစ်သွားမယ်နော်...သွား...ခုရေသွားချိုး...နောက်လမှပဲ ခွင့်ပြုမယ်...ခုတော့မရဘူး...ဟုတ်ပြီလား ? မဟုရင် ညစာမကျွေးပဲနေလိုက်မှာ"
"ဟွန့်...ဝမ်ရိပေါ် အနိုင်ကျင့်တယ်...ဝမ်ရိပေါ်
မကောင်းဘူး !"
ရိပေါ်ကို မျက်စောင်းထိုးကြည့်ကာ စူပုတ်ပုတ်ဖြင့် ထိုသို့ပြောပြီး ရေချိုးခန်းထဲဝင်သွားလေတော့တယ်။
အလိုလိုက်အလျှော့ပေးထားလို့ သင်းက
ခုလိုပြောနေတာ။
အရင်တုန်းကလို စိတ်မျိုးနဲ့သာဆို ရိပေါ်
ဆွဲဆောင့်လို့ ရှောင်ရှောင်းကျန့် ခုချိန်
ခေါင်းမွှေးပြောင်နေလောက်လေပြီ။
xxxxxxxxxxxxxxxxxxxx
Thanks u all readers💙
22/12/2020♡︎
#Yatitunn🌻
xxxxxxxxxxxxxxxxxx
{{Zawgyi}}
"ေရွာင္းက်န္႔ကလည္း ဒီအလုပ္ကသူ႔ဝါသနာမို႔ မစြန္႔လႊတ္ႏိုင္ဘူး...ရိေပၚကလည္း အၾကာႀကီးခြဲမေနႏိုင္ေတာ့ အလုပ္ကထြက္ခိုင္းတယ္...အဲဒါနဲ႔ ရန္ျဖစ္ၾကတယ္ေပါ့
ဟုတ္လား ??"
၄ေယာက္သား ၿငိမ္သက္စြာ စုေဝးထိုင္ေနၾကရာမွ ဝမ္ပါးက အရင္ၪီးစြာ စကားဆိုေလတယ္။
"ဟုတ္တယ္ ပါး..."
ဝမ္ပါးအေမးကိုေရွာင္းက်န္႔ကပဲ ေခါင္းညိတ္ျပကာျပန္ေျဖလိုက္သည္။
"သား ရိေပၚက...နားလည္ေပးလိုက္ပါကြယ္...မခြဲႏိုင္ဘူးဆိုၿပီး ကေလးဆန္ေနလို႔ ဘယ္ရမလဲ...ေျမးေလးေတြေရ႔ွေရးရိွေသးတယ္ေလ...ဒီေတာ့ သူလည္း သူတတ္ထားတဲ့ပညာနဲ႔ ရွာေဖြေကြၽးခ်င္မွာေပါ့ သားရဲ့...
တဇြတ္ထိုးမလုပ္နဲ႔ေလကြယ္..."
ၿငိမ္သက္ေနသည့္ ရိေပၚကိုၾကည့္ကာ
ဝမ္ပါးက နားဝင္ေအာင္ ေသခ်ာေျပာျပလိုက္တယ္။
"ပါးပါးကလည္း...သူ႔အလုပ္က ေဝးတဲ့ေနရာကိုတာဝန္က်ရင္ အၾကာႀကီးခြဲေနရမွာ...သားသူနဲ႔မခြဲႏိုင္ဘူး...ကေလးဆန္တယ္ပဲေျပာေျပာ
ဘယ္လိုေျပာေျပာ သားကေတာ့ နားလည္
မေပးႏိုင္ဘူး ပါးပါးရာ.."
မ်က္ႏွာရႈံ႔မဲ့စြာျဖင့္ ရိေပၚက ေရွာင္းက်န္႔ကိုၾကည့္လိုက္ ၊ ဝမ္ပါးကိုၾကည့္လိုက္နဲ႔ ႏႈတ္ခမ္းေလးဆူၿပီးအလိုမက်စြာ ေျပာေလသည္။
"ေျမးကေရာ အလုပ္ကိုလံုးဝမစြန္႔လႊတ္ႏိုင္ဘူးလား ??"
မ်က္ႏွာမေကာင္းသည့္ေျမးျဖစ္သူ
ေရွာင္းက်န္႔ကိုၾကည့္ကာ ေရွာင္းဖြား ဝင္ေမးလိုက္ေတာ့ ေျမးက ေခါင္းသာညိတ္ျပလာေလတယ္။
"ကဲ...ဒါဆိုလည္း...ေရွာင္းက်န္႔ အခုတာဝန္က်မဲ့ေနရာကို မင္းတို႔သားအဖေတြအကုန္လိုက္သြားၾက...ဒီက လုပ္ငန္းေတြကိုလည္း
ငါပဲ အကုန္ျပန္ၪီးစီးလိုက္ေတာ့မယ္..ဘာမွစိတ္ပူမေနနဲ႔...ကြာရွင္းဖို႔လည္းလုပ္မေနနဲ႔...ငါေျပာသလိုသာ လုပ္...ၾကားလား ?ျငင္းဆန္ဖို႔ မႀကိဳးစားနဲ႔ !"
ေျပာလိုက္ေတာ့ သားေတာ္ေမာင္မ်က္ႏွာက
ေက်နပ္သလိုျဖစ္သြားကာ လင္ကိုလည္း
ၾကည့္လိုက္ရင္း သူေျပာသလိုလုပ္မယ္ဆိုၿပီး မ်က္ႏွာရိပ္မ်က္ႏွာကဲျပေနေလသည္။
ေတာ္ေတာ္ လိမၼာလိုက္တဲ့သား...!
အေဖျဖစ္သူကိုေတာ့ အလုပ္တပံုတပင္နဲ႔ထားခဲ့ၿပီး သူကေတာ့ ေက်ာ့ေက်ာ့ေမာ့ေမာ့နဲ႔လင္ေနာက္ ေကာက္ေကာက္ပါေအာင္လိုက္သြားမယ္ေပါ့။
ေၾသာ္...ငါ့ဘဝႀကီးက ေသခါနီးလည္း
အလုပ္လုပ္ေနရတုန္းပါပဲလား...
ဘုရားရိပ္တရားရိပ္ေအာက္မွာ ခုထ္ိကိုေအးေအးေဆးေဆးခိုလႈံခြင့္မရေသးဘူး။
ဟင္းး...ေမြးရက်ိဳးမနပ္လိုက္တဲ့သား...
အေဖထက္ လင္ကိုပိုခ်စ္ေနပါေရာလား ။
"ပါးေျပာတာကို ကြၽန္ေတာ္တို႔လက္ခံပါတယ္...ေနာက္ေတာ့ အေျခအေနၾကည့္ၿပီး
Beijingမွာျပန္ေနရေအာင္ အထက္လူႀကီးကို
ေတာင္းဆိုၾကည့္ပါ့မယ္"
"အင္း...အဲလိုပဲလုပ္ၾကတာေပါ့...resultကေရာ ဘယ္လထြက္မွာလဲ ??"
"ေနာက္၂ပတ္၃ပတ္ေလာက္ေနရင္ သိရပါၿပီ ပါး...သိပ္မေစာင့္ရပါဘူး"
"အင္းပါ..သားက်န္႔ ခရီးက ခုမျွပန္ေရာက္တာဆိုေတာ့ နားလိုက္ၪီး...ရိေပၚကေတာ့ ပါးနဲ႔စက္ရံုကိုလိုက္ခဲ့...လုပ္စရာအလုပ္ေတြက်န္ေသးတယ္"
"ဟုတ္...ပါးပါး"
ဝမ္ရိေပၚ ဝမ္ပါးႏွင့္စက္ရံုကိုလိုက္သြားရကာ၊ေရွာင္းက်န္႔ကေတာ့ ေရမိုးခ်ိူးသန္႔စင္ၿပီး
ေရွာင္းဖြားဖြားနဲ႔အတူ သားေလးေတြအား
ထိန္းေနေလေတာ့သည္။
______♡︎______
"ေဟ်ာင့္ ေပၚႀကီး...မင္းလင္နဲ႔ အဆင္ေျပရဲ့လား ??"
အရင္လက ျပည္တြင္းထဲျဖန္႔ျဖဴးထားသည့္
Energy drinksအေရအတြက္ႏွင့္ဝင္ေငြထြက္ေငြအား စာရင္းျပဳစုေနစဥ္ ဖန္ရွင္းက
ဖုန္းဆက္လာေလသည္။
"အြန္းး...ေျပတယ္...ဘာျဖစ္လို႔လဲ ??"
"ဒီတိုင္းေမးၾကည့္တာပါ...ဘာရယ္လို႔မဟုတ္ဘူး"
"ယြီပင္းေကာေရာ...Nanjingေျပာင္းသြားၿပီလား ??"
"ဟင့္အင္း...ဒီေန့မွ ေျပာင္းရမွာ...အဲဒါ ခု
အထုတ္အပိုးေတျြပင္ဆင္ေနတာ...ငါလည္း ကူလုပ္ေပးေနတာေလ"
"မင္းေရာ တခါတည္းလိုက္မသြားဘူးလား"
"လိုက္မွာေလ...မလိုက္လို႔ဘယ္ရမလဲ...ဟိုမွာ လိုင္းခန္းရရင္ ငါက တပတ္ေလာက္ေနၪီးမွာ...အဟဲဟဲ"
"အဲ့ေတာ့ မင္း အလုပ္ကပစ္ထားလို႔ရလို႔လား...?"
"ပိုင္ရွင္း ရိွတယ္ေလ...သူ႔လက္ထဲအပ္ခဲ့မွာ...
ေနာက္ၿပီး မားနဲ႔ပါးကလည္း လုပ္ငန္းေတြကို
သူတို႔ကိုယ္တိုင္ပဲ ၪီးစီးေနေသးတာဆိုေတာ့
သိပ္ၿပီးစိတ္ပူစရာမရိွဘူး...ငါ့က္ိုလည္း
ကို နဲ႔အတူ သြားေနခြင့္ေပးတယ္...ဒါေပမဲ့
ငါက သြားလိုက္ျပန္လိုက္ပဲလုပ္မွာပါ..ေနရာနီးတယ္ဆိုေတာ့ေလ...အေဝးႀကီးမွမဟုတ္တာ"
"အင္းေပါ့...နီးနီးနားနားဆိုေတာ့ သြားလိုက္ျပန္လိုက္လုပ္တာ ေကာင္းပါတယ္..."
"အြန္း...ငါလည္း မင္းတို႔ေျပာင္းတဲ့ေနရာကို
အားရင္ တေခါက္ေလာက္ အလည္လာခဲ့မယ္...."
"လာခဲ့..လာခဲ့...ပိုင္ရွင္းကိုပါ ေခၚလာခဲ့"
"ေအးပါကြာ..."
"Ok Ok...ငါ အလုပ္လုပ္ေနတာမိုလို႔ ဒါပဲကြာ..ဖုန္းခ်လိုက္ေတာ့မယ္"
..........♡︎
ညေန ရိေပၚ အိမ္ျပန္လာေတာ့ အိမ္ထဲ
ဝင္ဝင္ခ်င္းေတြ့လိုက္ရသည့္ ျမင္ကြင္း
ေၾကာင့္ သားေတြေဘးနားမွာထိုင္ေနတဲ့
သူ႔ကို ၿပံဳးရယ္ျပေနတဲ့ ေရွာင္းက်န္႔ကို မ်က္ေစာင္းထိုးကာၾကည့္လိုက္သည္။
"ေျပာစမ္းပါၪီး...! ဒါေတြက ဘယ္လိုျဖစ္ေနတာ...တအိမ္လံုးလည္း ပြစာက်ဲေနတာပဲ...ေရွာင္ ေရွာင္းက်န္႔ ! ရားး...တကယ္
အေမာဆို႔တယ္ေနာ္...!"
မာဆတ္ဆတ္ေလသံျဖင့္ ေအာ္ဟစ္ေျပာရင္း လက္ထဲက briefcaseကို စားပြဲေပၚ ပစ္တင္ကာ စိတ္ေမာစြာႏွင့္ လက္ႏွစ္ဖက္ကို ခါးေထာက္ၿပီး ေျပာလိုက္ေတာ့...
"ကိုယ္ျပန္ရွင္းမွာပါ အခ်စ္ရဲ့..စိတ္မဆိုးနဲ႔ေနာ္..."
မ်က္ႏွာငယ္ေလးလုပ္ကာ သူ႔ကိုၾကည့္ၿပီး
ေျပာေလတယ္။
"သားသား ေတြကိုေရာ ခင္ဗ်ားဘယ္လိုလုပ္ထားတာ..."
ရိေပၚ အေျပာေၾကာင့္ ေရွာင္းက်န္႔ သား
ႏွစ္ေယာက္ကိုတခ်က္ျပန္ၾကည့္လိုက္တယ္။
"စကင္းကဲ ေပးထားတာေလ...အဟဲဟဲ"
သြား၃၂ေခ်ာင္းလံုးေပၚေအာင္ရယ္ျပကာ
သူ႔ကို မဆူေစရန္ မ်က္ႏွာခ်ိဳေသြးေနတဲ့
ေရွာင္းက်န္႔က္ို ရိေပၚ စိတ္ရိွလက္ရိွဆြဲေဆာင့္ကန္ထုတ္ပစ္လိုက္ခ်င္ပါရဲ့။
သားႏွစ္ေယာက္လံုးကိုBathrobeဝတ္ေပးထားၿပီး မ်က္လံုးႏွစ္လံုးအား သခြားသီးကပ္ထားကာ ေခါင္းကိုလည္းသဘတ္ပတ္ေပးထားသည့္ ေရွာင္းက်န္႔ ...။
ၾကမ္းျပင္မွာလည္း lotionဗူးေတြ ၊ သခြားသီးေတြ ၊မုန္႔ခြံေတြနဲ႔ မုန္႔စေတျြပန္႔က်ဲကာ ရႈပ္ပြေနၿပီး သားအဖသံုးေယာက္လံုး ထိုၾကားထဲမွာ ထိုင္ကာ အရုပ္ေတြနဲ႔လည္းေဆာ့ေနၾကေလသည္။
"သားသားေတြကို ေရခ်ိူးေပးထားတာၾကာၿပီလား ??"
"အင္း...နည္းနည္းၾကာၿပီ"
"က်စ္ ! အေအးပတ္ေတာ့မွာပဲ...ခု အဝတ္ဝတ္ေပးလိုက္ေတာ့...သြားး....သားေတြ
ေနမေကာင္းျဖစ္လို႔ကေတာ့ ခင္ဗ်ားအေသပဲ !"
ရိေပၚ ေရွာင္းက်န္႔အား ကေလးေတြကိုအဝတ္ဝတ္ေပးခိုင္းလိုက္ၿပီး သူကေတာ့
ဧည့္ခန္းမွာ ေရွာင္းက်န္႔တို႔ဖြထားသမ်ွကို
ရွင္းလင္းေရးလုပ္ရေတာ့ေလသည္။
______♡︎______
Exam resultထြက္ၿပီး တစ္လအၾကာ
ေရွာင္းက်န္႔ သူတာဝန္က်သည့္ Chongqingမွာ ေျပာင္းေရႊ့ေန,ေနၿပီျဖစ္တယ္။
Beijingနဲ႔ နီးတယ္ဆိုေပမဲ့လည္း ရိေပၚကေတာ့ အိမ္မွာက်န္မေနခဲ့။ ဝမ္ပါးေျပာတဲ့အတိုင္း ေရွာင္းက်န္႔ရိွရာအရပ္မွာ ကြန္ဒို
တခန္းဝယ္ၿပီး လိုက္ေနေလသည္။
Chongqingမွာ ၃၊ ၄ႏွစ္တာဝန္ထမ္းေဆာင္ၿပီးတာနဲ႔ ေရွာင္းက်န္႔က Beijingမွာပဲ
ျပန္ေနဖို႔ စဥ္းစားထားသည္။
ဒါ့အျပင္ ဝမ္ပါးနဲ႔ေရွာင္းဖြားကလည္း အသက္ရလာၿပီမို႔ သူတို႔ ရပ္ေဝးမွာသြားေနလို႔
မျဖစ္ေတာ့။အနီးနားမွာေနၿပီး ေစာင့္ေရွာက္ေပးရမဲ့တာဝန္ရိွေလသည္။
ေနာက္ၿပီး လုပ္ငန္းေတြကိုလည္း ရိေပၚကိုပဲျပန္ၪီးစီးေစဖို႔ ေရွာင္းက်န္႔ကေျပာထားတယ္။
သားေလးေတြကလည္း ခုဆို ၁ႏွစ္ေက်ာ္ေနၿပီျဖစ္ရာ စကားလည္း မပီကလာ ပီကလာနဲ႔
တလံုးစ၊ႏွစ္လံုးစ ေျပာတတ္ေနေလၿပီ။
"ပါး...ဒယ္ဒယ္...ပန္လာပီ..."
ရိေပၚ သားေလးေတြကို ျဖည့္စြက္စာေကြၽးေနရင္း ဟင္းအိုးတည္ထားမို႔ မီးဖိုေခ်ာင္ထဲခဏသြားၾကည့္စဥ္...ေရွာင္းက်န္႔ျပန္လာတာကို ျမင္ေလေတာ့ သားေလးေတြက သူ႔ဒယ္ဒီျပန္လာၿပီျဖစ္ေၾကာင္း ေျပာေလတယ္။
"ဒယ့္ဒီ သားေလးေတြ...လာပါၪီး...ဒယ္ဒီဆီ...အာဘြားေပးၪီးမယ္ကြာ"
ေရွာင္းက်န္႔ သားေလးေတြကို တၿပိဳင္တည္း ေပါင္ေပၚတင္ခ်ီၿပီး အစားစားေနလို႔ ေဖာင္းကားေနတဲ့ ပါးေဖာင္းေဖာင္းေလးေတြကို နမ္းလိုက္ေလသည္။
"ကိုကို...ေရခ်ိဳးေတာ့ေလ...ခဏေန ညစာစားရေအာင္..."
ရိေပၚ ဟင္းအိုးေမႊေနရင္း မီးဖိုေခ်ာင္ထဲကေန
ေရွာင္းက်န္႔အား လွမ္းေျပာလိုက္သည္။
"အခ်စ္..."
ဟင္းခ်က္ေနသည့္ ရိေပၚကို ေရွာင္းက်န္႔အေနာက္ကေန ခါးအားဖက္လိုက္ၿပီး နား,နားကပ္ကာ တိုးလ်လ်ေခၚရင္း နားေလးအား နမ္းရႈံ႔ကိုက္ခဲလိုက္ေတာ့ ရိေပၚကိုယ္ေလး ဆတ္ခနဲ တုန္တက္သြားေလတယ္။
"အင္း..."
"ဒီည ကိုယ္တို႔ အတူေနရေအာင္ကြာ.."
ေျပာရင္း ရိေပၚ နားသယ္စပ္ဖ်ားအား နမ္းရႈံ႔ကာ လည္တိုင္ကိုလည္း စုပ္ယူကိုက္ခဲေနေလတယ္။
"အရင္ပတ္ကပဲ အတူေနၿပီးၿပီေလဗ်ာ...
မရဘူး...ကြၽန္ေတာ္ခြင့္မျပဳဘူးေနာ္ ကိုကို"
"ဟင့္...အခ်စ္ကလည္းကြာ...လုပ္ပါ...ေနာ္...
အတူေနမယ္လို႔"
"မသိဘူးဗ်ာ...မေနခ်င္ဘူး...ဖယ္...ေရသြားခ်ိဳးေတာ့...သြား...ၿပီးရင္ ညစာစားရေအာင္"
"ညစာ မစားခ်င္ဘူးကြာ...အခ်စ္ကိုပဲ စားခ်င္တာပါဆို...ဝြန္႔"
ႏႈတ္ခမ္းႀကီးဆူၿပီး ေရွာင္းက်န္႔က ရိေပၚကို
အတူေနဖို႔ေတာင္းဆိုေနသည္မွာ မုန္႔ေတာင္းေနသည့္ ကေလးတေယာက္သဖြယ္။
"တႏွစ္ေလာက္ အခန္းထဲဝင္မအိပ္ရဘူးျဖစ္သြားမယ္ေနာ္...သြား...ခုေရသြားခ်ိဳး...ေနာက္လမွပဲ ခြင့္ျပဳမယ္...ခုေတာ့မရဘူး...ဟုတ္ၿပီလား ? မဟုရင္ ညစာမေကြၽးပဲေနလိုက္မွာ"
"ဟြန္႔...ဝမ္ရိေပၚ အႏိုင္က်င့္တယ္...ဝမ္ရိေပၚ
မေကာင္းဘူး !"
ရိေပၚကို မ်က္ေစာင္းထိုးၾကည့္ကာ စူပုတ္ပုတ္ျဖင့္ ထိုသို႔ေျပာၿပီး ေရခ်ိဳးခန္းထဲဝင္သြားေလေတာ့တယ္။
အလိုလိုက္အေလ်ွာ့ေပးထားလို႔ သင္းက
ခုလိုေျပာေနတာ။
အရင္တုန္းကလို စိတ္မ်ိဳးနဲ႔သာဆို ရိေပၚ
ဆြဲေဆာင့္လို႔ ေရွာင္ေရွာင္းက်န္႔ ခုခ်ိန္
ေခါင္းေမႊးေျပာင္ေနေလာက္ေလၿပီ။
xxxxxxxxxxxxxxxxxxxx
Thanks u all readers💙
22/12/2020♡︎
#Yatitunn🌻
xxxxxxxxxxxxxxxxxx