♡︎ Part-38 ♡︎

4.2K 440 104
                                    

{{Unicode}}

ခရီးကပြန်လာလာချင်း ကိုကို့အပြုံးလေး
နဲ့ အမောဖြေမယ်ဆိုတဲ့ ဝမ်ရိပေါ်ရဲ့ရည်ရွယ်ချက်က ချက်ချင်းလက်ငင်းပင်ပျက်စီးသွားရချေပြီ။

ကိုယ်တွေ့မြင်လိုက်ရတဲ့မြင်ကွင်းက အမော့ဆို့ပြီးသေစေနိုင်တဲ့အထိပင်။

ရှောင်းအဘိုးကြီးက သူ့ကွယ်ရာမှာဖောက်ပြန်နေတာလား....???
အဲလိုသာဆိုရင်တော့ ဒီနေရာမှာတင် နှစ်လောင်းပြိုင်လူသတ်မှုဖြစ်ပွားသွားနိုင်သည်။

ရှောင်..ရှောင်း...ကျန့် !!!!!

သူ့နာမည်ကို အေးစက်မာကျောသော
ဒေါသသံအပြည့်ဖြင့် တစ်လုံးချင်းစီပြတ်သားစွာခေါ်လိုက်သော သူ့အချစ်ရဲ့
အသံကြောင့်ရှောင်းကျန့် သွေးတွေပင်အထက်အောက်ပြောင်းပြန်စီးသွားရသလို။

လောလောလတ်လတ်ကမှ ပူနွေးနေတဲ့ခန္ဓာကိုယ်ကအခုတော့ ရေခဲတုံးအလား။

ခေါ်သံအဆုံး မိမိနှုတ်ခမ်းကိုထိကပ်ထား
သည့် လီယွင်အား ရှောင်းကျန့်အမြန်ပင်
အားပါပါနှင့်တွန်းထုတ်လိုက်တော့ နောက်ကိုယိုင်ကျသွားပြီး နံရံကိုလက်တဖက်ထောက်မိနေတဲ့အချိန်...

ရိပေါ်ရဲ့အနီရောင်သမ်းနေတဲ့မျက်ဝန်းညိုညိုတို့က သူ့ကိုစူးရဲစွာကြည့်ရင်း လက်သီးဆုပ်ကာ လျင်မြန်သောခြေလှမ်းများဖြင့် အခန်းထဲဝင်လာပြီး....

ဖြန်းးး....!!!....ဖြန်းးး....!!!

ခပ်မြင့်မြင့်မြှောက်ထားပြီး အရှိန်ယူထား
သည့်လက်တစ်ဖက်က ချာကနဲလည်ထွက်သွားအောင်ရိုက်လိုက်လေရာ ပူထူသွားသော
ပါးပြင်နုနုတို့မှာ နီရဲလှသောလက်ဝါးရာ
တံဆ်ိပ်ကပ် ခံလိုက်ရလေသည်။

ဒါ့အပြင် ဒေါသမွှန်နေသည့်စိတ်တို့က
မကျေနပ်နိုင်သေးဘူးထင်ပါရဲ့။

နောက်ထပ်ပါးပြင်တစ်ဖက်ပေါ်သို့ ထပ်မံရောက်ကျလာသည့်ရိုက်ချက်ကြောင့် ပါးနှစ်ဖက်လုံးကနာကျင်ကိုက်ခဲလာကာ ခေါင်းတောင်မူးသွားရချေသည်။

သူ့ကိုရိုက်မယ်လို့ထင်ထားတာ။တကယ်တမ်းကျ သူ့ရှေ့မှာရပ်နေတဲ့ လီယွင်ကို ရိပေါ်က အံကြိတ်ကာစိတ်အလိုလိုက်ပြီး ပါးနှစ်ဖက်လုံးကိုဘယ်ပြန်ညာပြန်ရိုက်ချလိုက်ရာ...

My Husband Is Good To Hate ♡Where stories live. Discover now