♡︎ Part-31 ♡︎

6.5K 593 229
                                    

{{Unicode}}

ဆေးရုံရောက်တော့ ကားရပ်လိုက်ပြီး
ကားထဲမှဆင်းတာနှင့်ရိပေါ်လက်ကောက်ဝတ်အား လာကိုင်ဆွဲကာ ရင်ခွင်ထဲဆွဲသွင်းပြီး၊

ရိပေါ်အားတင်းကျပ်စွာဖက်ထားသည့်သူကိုကြည့်လိုက်တော့ မကြာသေးခင်ကမှ
ရိပေါ်နဲ့လတ်လတ်ဆတ်ဆတ်ကွာရှင်းထားတဲ့ ရှောင်းလူကြီးဆိုသူပင်။

"ရိပေါ်...ဒီကိုယ်ဝန်ကိုဖျက်မချပါနဲ...ကျေးဇူးပြုပြီး...စိတ်လိုက်မာန်ပါမလုပ်ပါနဲ့နော်..ကိုယ်တကယ်တောင်းပန်ပါတယ်ကွာ"

"လွှတ်...အင့်...ကျွန်တော့်ကိုလွှတ်...ခင်ဗျားက ဘာသိလို့...အင့်...ဒီလိုမျိုးလာပြောနေရတာလဲ..ဟင့်...ဒီကိုယ်ဝန်ကိုမယူနိုင်ဘူး၊
မရရအောင် ဖျက်ချမှာ... ရွှတ်...ခင်ဗျား
လာမတားနဲ့...နောက်ပြီး ခင်ဗျားနဲ့ကျွန်တော်ကသူစိမ်းတွေ...ဒီကိစ္စက ခင်ဗျားနဲ့မဆိုင်ဘူး...ခင်ဗျားဝင်မပါနဲ့ !!!"

".........."

ခန္ဓာကိုယ်လေးကတသိမ့်သိမ့်တုန်လို့ ရှိုက်ကြီးတငင်ငိုယိုကာ ဒေါသသံလေးဖြင့်အော်ပြောနေတဲ့ ရိပေါ်ကို ရှောင်းကျန့်ဘာမှပြန်မပြော။

လွတ်ထွက်မှာစိုးမည့်အလား တင်းတင်းကျပ်ကျပ်သာဖက်ထားလိုက်တယ်။

"လွှတ်ဗျာ...အသက်ရှုကြပ်လာပြီ..၊
ခင်ဗျားလွှတ်တော့...အင့်...ဒီကိုယ်ဝန်က...
အဲ့လူယုတ်မာ...လူယုတ်မာကြောင့်ရတဲ့ ကိုယ်ဝန်ကိုမယူဘူး...ဖျက်ချမှာ...ရွှတ်...ခင်ဗျား လွှတ်ပေးဗျာ...!!"

"တောင်းပန်ပါတယ် ရိပေါ်ရယ်...ကိုယ့်ရင်သွေးလေးကို ဖျက်မချပါနဲ့၊ကိုယ်အနူးအညွတ်တောင်းပန်ပါတယ်၊ကိုယ်ရိပေါ်ကိုတာဝန်ယူမှာပါ၊ကိုယ်တို့ပြန်ပေါင်းကြရအောင်နော်"

ထိုသို့ပြောတော့ ရိပေါ်ကအံ့အားသင့်စွာ
ဖြင့်သူ့ကိုမော့ကြည့်ကာ ငိုသံစွက်လျက်
နှင့်ပြောလာလေသည်။

"ဟမ်...!! ခင်ဗျား...ခင်ဗျား ဘာတွေပြောနေတာလဲ?? ဒါခင်ဗျားရင်သွေးမဟုတ်ဘူးလေ...ဟိုShane..Shaneနဲ့...အင့်...ရတာလေ...ရွှတ်"

"ရိပေါ်  တကယ်ပဲမမှတ်မိဘူးလားဟင် ?"

"ဘာကိုလဲ...ဘာကိုမှတ်မိရမှာလဲ...Sob*"

My Husband Is Good To Hate ♡Where stories live. Discover now