♡︎ Part-40 ♡︎

4.5K 411 100
                                    

{{Unicode}}

ရှောင်းဖွားဖွားနှင့် ရှောင်းကျန့်တို့ဆက်ဆံရေးအ​​ခြေအနေပြန်အဆင်ပြေသွားတာနဲ့
နောက်ပိုင်း ရှောင်းဖွားဖွားက ရှောင်းကျန့်အလုပ်သွားလို့ အိမ်မှာတယောက်တည်း
ကျန်ခဲ့တဲ့ ရိပေါ်ဆီအမြဲသွားကာ အဖော်လာလုပ်ပေးတယ်။

အိမ်အကူအဒေါ်ကြီးရှိသော်လည်း ရိပေါ်ကိုပြုစုစောင့်ရှောက်ပေးချင်တယ်ဟုဆိုကာ
နေ့တိုင်း ရိပေါ်ဆီသွားလေတယ်။

ဒါ့အပြင် ဖွားက ရိပေါ်စားချင်တာမှန်သမျှကိုလည်း စိတ်ရှည်ရှည်နဲ့လုပ်ကျွေးကာ ၊ကိုယ်ဝန်နှင့်ပတ်သတ်ပြီး ဆောင်ရန်၊
ရှောင်ရန် စသည့် ရိပေါ် မသိနားမလည်သေးတဲ့အကြောင်းအရာတွေကိုလည်း သူသိသလောက်တတ်သလောက် ပြောပြတယ်။

နောက်ပြီး ဝမ်ပါးပါးနှင့်လည်း အရင်ကလို
တင်းတင်းမာမာ ပြောဆိုဆက်ဆံမနေတော့။
တဖြေးဖြေး ဆက်ဆံရေးအခြေအနေက ကောင်းမွန်လာပြီဖြစ်တယ်။

အခုလည်း ဖွားနှင့်ပါးပါး စကားထိုင်ပြောနေကြတာ။ရိပေါ် ကိုယ်ဝန်ကို အမ်ထရာဆောင်းရိုက်ကြည့်မယ်ဆိုလို့ ရိပေါ်မှာ အတင်းငြင်းနေရလေတယ်။

"ပါးပါးကလည်း မွေးခါနီးနေပြီပဲကို...မရိုက်ချင်ဘူးဗျာ...ဘာလေးပဲ မွေးမွေးပေါ့၊ယောကျာ်းလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ကိုယ့်သွေးသားပဲကို ချစ်ရမှာပေါ့"

ဧည့်ခန်းထဲမှာ သုံးယောက်သားမျက်နှာချင်းဆိုင် ထိုင်နေကြကာ၊ဆိုဖာခုံပေါ်ခပ်လျော့လျော့ မှီထိုင်နေတဲ့ရိပေါ်က ဖွားလုပ်ပေးတဲ့ ဌက်ပျောသီးပူတင်းကို ဇွန်းနှင့်ထိုးဆွရင်း နှုတ်ခမ်းလေးဆူကာ အလိုမကျစွာပြောလာသည်။

"အေးလေကွယ်...​ရိပေါ်လေးမှ စိတ်မပါတာအမ်ထရာဆောင်းရိုက်မနေပါနဲ့တော့ ၊
ဒီလထဲမှာပဲ မွေးရတော့မှာကို..."

ဖွားဖွားက ရိပေါ်ကိုထောက်ခံကာပြောပေးလာတော့...

"ဖွားဖွားမှန်တယ်...ပါးပါးမကောင်းဘူး၊
သွား...ပါးပါးပြန်တော့ !"

ပါးစပ်ထဲအပြည့်ထည့်ထားတဲ့ ပူတင်းက်ိုတမြုံ့မြုံ့ဝါးရင်း ရိပေါ်က ရှောင်းဖွားဖွားကိုပြုံးပြကာ လက်မထောင်ပြလိုက်ပြီး ပါးပါးကိုတော့ မျက်စောင်းသေးသေးလေးထိုးကာ အသံစွာစွာနှင့်ပြောလိုက်တော့...

My Husband Is Good To Hate ♡Where stories live. Discover now