♡︎ Part-41 ♡︎

4.1K 417 93
                                    

{{Unicode}}

ပိစိလေးတွေ မွေးပြီးနောက်မှာတော့
ရှောင်းကျန့်တစ်ယောက် အရင်ကထက်ပိုပြီး အလုပ်တွေလုပ်လာရတော့သည်။

ကလေးမွေးပြီးသွားတဲ့ ရိပေါ်ကလည်း
အိမ်အကူအဒေါ်ကြီးကို ဝမ်အိမ်တော်ဆီပြန်လွှတ်ကာ ချက်ပြုတ်ရေး၊လျှော်ရေးဖွတ်ရေးနှင့် ကလေးတွေရဲ့တာဝန်ဝတ္တရားတွေကို
တတ်နိုင်သလောက်တော့ သူ့ပါသူ လုပ်ကာ၊

မနိုင်တဲ့အဆုံးကျ ယောကျာ်းဖြစ်သူရှောင်းကျန့်ကသာပဲ အကုန်လုပ်ပေးရလေသည်။

ဒီတော့ ရဲလုပ်ငန်းလည်းလုပ်ရ၊တစ်အိမ်လုံးတာဝန်ကိုလည်းထမ်းဆောင်နေရတဲ့ ရှောင်းကျန့်ဘဝကြီးက သိပ်တော့လွယ်ကူမနေလှဘူး။

ထို့အပြင် ရိပေါ်က အရင်ကလို အလုပ်မလုပ်ဘဲမနေတော့။သားတွေမွေးပြီးနောက်ပိုင်း မနက်ကနေ ညနေထိ..တနေကုန် ဖခင်ဖြစ်သူ၏ စိုက်ပျိုးရေးခြံမြေတွေ၊မြင်းခြံတွေနှင့်..

စီးပွါးရေးတိုးတက်လာတော့ ဝမ်ပါးပါးက
XW Juice factory တည်ထောင်လိုက်တာကြောင့် ရိပေါ်မှာ ထိုစက်ရုံက်ိုသူကိုယ်တိုင်
ဦးစီးနေရကာ၊တခြားအလုပ်တွေကိုလည်းတာဝန်ယူဆောင်ရွက်နေရလေတော့ အိမ်အလုပ်ကိုထိထိမိမိ မလုပ်ကိုင်နိုင်။

အဲ့တော့ နှစ်ယောက်လုံး အလုပ်ကိုယ်စီနဲ့
မအားတာမို့ အိမ်အကူအဒေါ်ကြီးကို ပြန်ခေါ်မယ်ဆိုတော့လည်း ရိပေါ်က လက်မခံ။

အခွင့်ရေးရရင်ရသလို ဘယ်နေရာမှာပဲဖြစ်ဖြစ် ပရောပရည်လိုက်လုပ်နေတဲ့ လင်ဖြစ်သူကြောင့်လည်း ရိပေါ်က ထိုအဒေါ်ကြီးရှိနေ
လျှင် မျက်နှာပူကာ နေရထိုင်ရခက်တာမို့ ၊

နောက်ပြီး ဟင်းချက်လက်ရာကိုလည်း
သဘောမတွေ့လှတာကြောင့် အိမ်အကူအဒေါ်ကြီးကို ဝမ်အိမ်တော်ဆီပြန်လွှတ်လိုက်ရတာဖြစ်တယ်။

သားနှစ်ယောက်ကိုတော့ ရှောင်းဖွားဖွားနဲ့
ဝမ်ပါးပါးက တလှည့်စီ အမြဲလာထိန်းပေးလေတယ်။

"ကိုကို...ကျွန်တော် အလုပ်ဆင်းပြီ၊အဲဒါ
ကိုကို့ကို ဝင်ခေါ်ရမလား ?ကိုကိုရော အလုပ်ပြီးပြီလား ?"

My Husband Is Good To Hate ♡Hikayelerin yaşadığı yer. Şimdi keşfedin