♡︎ Part-42 ♡︎

3.7K 441 84
                                    

{{Unicode}}

ညစာစားပြီးသည်နှင့်စားပွဲဝိုင်းက ချက်ချင်းထသွားသည့်ရှောင်းကျန့်က ခါတိုင်းလိုရိပေါ်စားပြီးသည်အထိလည်း သူစောင့်မနေတော့။

သူ့ပန်းကန်သူ ဆေးပြီးတာနဲ့အိပ်ခန်းထဲသို့
ချက်ချင်းပင် ဝင်သွားလေတော့သည်။

"မြေးတို့ ဘာဖြစ်ကြတာလဲ...? နှစ်ယောက်လုံး မျက်နှာလည်းမကောင်းပါ့လား.."

ထမင်းစားဝိုင်းမှာ မြေးနှစ်ယောက်လုံးက
တိတ်ဆိတ်ငြိမ်သက်နေကာ မျက်နှာထားတွေတင်းမာနေတာမို့ ရှောင်းဖွားဖွားမှာ မြေးဖြစ်သူ ရှောင်းကျန့်အခန်းထဲဝင်သွားတာနှင့်အပြင်မှာTVထိုင်ကြည့်နေတဲ့ ရိပေါ်ကိုထိုသို့မေးလိုက်တယ်။

အဖွားဖြစ်သူက သူတို့အခြေအနေကိုမေးမြန်းလာတော့ ရိပေါ် ဘယ်လိုပြန်ဖြေရမှန်းမသိ။ရန်ဖြစ်တာလည်းမဟုတ်ဘဲ၊ရှောင်းကျန့်ကသာ လိုချင်တာမရလို့ စိတ်ကောက်ပြီးဆန္ဒပြနေတာဖြစ်တယ်။

ဒီတော့ ရှောင်းကျန့် စိတ်ဆိုးစိတ်ကောက်ရခြင်းအကြောင်းက ဟိုကိစ္စကြောင့်ဖြစ်နေတာပါဆိုပြီးတော့လည်း အဖွားကိုဖွင့်ပြောလို့
မရ။အဲ့တော့ အဖွားအမေးကိုပြန်ဖြေဖို့ ရိပေါ်
စက္ကန့်အနည်းငယ်ကြာ စဥ်းစားဟန်ပြုလိုက်ပြီး...

"ဟို အလုပ်ကိစ္စနဲ့ပတ်သတ်ပြီး စကားနည်းနည်းအချေအတင်ဖြစ်တာပါ ဖွား...ရန်ဖြစ်တယ်လို့တော့မဟုတ်ပါဘူး...ဒီတိုင်း စိတ်ဆိုးစိတ်ကောက်နေရုံလောက်ပါဘဲ"

TVကိုလှမ်းကြည့်လိုက်၊အဖွားကိုကြည့်လိုက်နှင့်ရိပေါ်မျက်လုံးတွေက ဂဏာမငြိမ်လှ။

လိမ်ညာပြီးပြောရတာ ရိပေါ် အတွက်ခက်ခဲတာကြောင့် ထိုသို့ပြောပြီးလျှင်လည်း ကိုယ့်ဘာကိုယ် အိုးမလုံအုံပွင့်ဖြစ်နေတာမို့လိမ်ညာပြောတဲ့နေရာမှာဆို ရိပေါ်က အတော်လေးညံ့လှတယ်။

နောက်ပြီး ဖွားကရန်ဖြစ်တာကိုမကြိုက်ပေ။
အကယ်၍ ပြသာနာတခုခုကြောင့်ဖြစ်တယ်ဆိုရင်တောင် စကားများရုံလောက်ပဲ လက်ခံတယ်။

အော်ကြီးဟစ်ကျယ်ရန်ဖြစ်ပြီး အိမ်ဆူတာက်ို ဖွားက မုန်းတာမို့ ရိပေါ်တို့လင်လင်နှစ်ယောက်က ဝုန်းဒိုင်းကျဲပြီး ရန်မဖြစ်ရဲဘူး။

My Husband Is Good To Hate ♡Where stories live. Discover now