♡︎ Part-29 ♡︎

6K 551 50
                                    

{{Unicode}}

ဒီနေ့ ဝမ်ချောင်သူနဲ့ရိပေါ် ရဲ့ပတ်သတ်မှုအားရှင်းပြရန် ရှောင်းကျန့်ဆီသွားနေစဥ်မှာပင် ဖုန်းဝင်လာလေတော့၊မထင်မှတ်ထားတဲ့အကြောင်းအရာက်ိုကြားလိုက်ရတာကြောင့်
စိုးရိမ်ပူပန်မှုတွေနှင့်အတူနောက်ကြောင်းသို့ပြန်လှည့်လိုက်ရတော့သည်။

အကြောင်းကတော့ USမှာနေတဲ့သူ့မိဘနှစ်ပါး ကားအက်ဆီးဒင့်ဖြစ်တယ်လို့ သတင်းကြားရလေတော့ဝမ်ချောင်မှာ ရှောင်းကျန့်ဆီမသွားနိုင်တော့ဘဲ ၊ USကို Private jetဖြင့်အမြန်သုတ်ချေတင်ကာပြန်သွားလိုက်ရတော့လေသည်။

ရှောင်းကျန့် ခုတလော အလုပ်မအားတာမို့၊
ဒါ့အပြင်ဝမ်ရိပေါ်ကလည်း ဝမ်အိမ်တော်မှာသွားနေနေတာကြောင့် အိမ်ကိုမပြန်ဖြစ်သလို ၊ရိပေါ်ကိုလည်းသွားမတွေ့နိုင်၊ရှောင်းအိမ်တော်မှာပဲ ပြန်နေတော့လေတာ။

ရိပေါ်ကိုမြင်းစီးသင်ပေးတဲ့နေ့တည်းက ခုထိ သူ ရိပေါ်နဲ့မတွေ့ဖြစ်တာ ၄၊၅ရက်လောက်ရှိလေပြီ။

နောက်ပြီး တလအတွင်းအမှုမှန်မပေါ်ပေါက်လျှင် အမှုပိတ်ရမည်ဆိုတာကြောင့်၊သံသရာဖြစ်စရာ အားယွမ်အဖေရဲ့တူလေးအား
ရှောင်းကျန့် အသည်းအသန်စစ်ဆေးမေးမြန်းနေရပြီး ၊ တခြားအမှုတွေကိုလည်းကိုင်တွယ်နေရလေတော့ စခန်းမှာဘဲအချိန်ကုန်နေတာကများသည်လေ။

ဒီလထဲကျမှ သူနဲ့ရိပေါ် ကွာရှင်းခါနီးမှ
အလုပ်တွေကသောက်သောက်လဲရှုပ်လာလိုက်တာ...ရှောင်းကျန့် ခေါင်းမွေး
မပြောင်ရုံတမယ် ၊ ပေါ်လာလိုက်တဲ့အမှုတွေဆိုတာ ရက်ဆက်ပဲ...။

ဥပဒေတင်းကြပ်နေလည်း တိုင်းပြည်က ငမိုက်သားတချို့က ပုန်ကန်သောင်းကျန်းနေတော့တာ..ကိုယ့်ကိုယ်ကိုမသနားတော့လည်း ရှာကြပေါ့...စောင်ပြသနာတွေ...။

ရှောင်းကျန့်ရာထူးကမြင့်တာကြောင့် ၊ အမှုစစ်တာဝန်ကို သူမကိုင်တွယ်ရပေမဲ့လည်း၊ဖမ်းဆီးရေးနှင့်တချို့ပြစ်မှုကြီးတွေကိုသာကိုင်တွယ်ဖြေရှင်းရတာမို့...

ခုရက်ပိုင်း လူသတ်မှုနဲ့မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်မှုတို့က မကြာခဏ ထကြွပေါ်ပေါက်နေတာကြောင့် ရှောင်းကျန့်မှာ
မနားရချေ။

My Husband Is Good To Hate ♡Where stories live. Discover now