♡ Part-16 ♡

5.2K 593 56
                                    

{{Unicode}}

Haunted Mansion ကနေ ရှောင်းကျန့်
ဝမ်ရိပေါ်ကို ချီပြီး အပြင်ကိုပြန်ထွက်လာတော့ ၊ ရွယ်မေနဲ့ ရိဝူမှာ ပါးစပ်အဟောင်းသားဖြင့် အံ့သြနေကြကုန်လေရဲ့။

ဘယ်လိုများ ဖြစ်လာတာပါလိမ့်...။

ပြောတော့ မချစ်ဘူး ၊ အဖြောင့်ပါဆိုပြီး
ခုတော့ ရိပေါ်က ရှောင်းကျန့်ကော လည်ပင်းကို ဖက်တွယ်ကာ မျက်နှာကိုလဲ ရင်ခွင်ထဲ
အပ်လျက်သား ။

ကောကလည်း ရိပေါ်ကို ပြုတ်ကျမှာစိုးသည့်အလား ပွေ့ချီထားတာ ကလေးအဖေကြီးလိုပင် ၊ မျက်နှာထားကလည်း ပြုံးတုံ့တုံ့နှင့် ၊
ရင်ထဲမှာ ကြိတ်ပျော် နေပုံရလေတယ်။

ဧကန္တ ချစ်သူတွေဖြစ်သွားတာတော့
မဟုတ်လောက်ဘူးမလား...?

"ကော...အဲဒါက..ဘယ်လိုဖြစ်...?"

ရိဝူက သူတို့ကို လက်ညိုးထိုးကာ
အံ့အားသင့်စွာ မေးလာတော့ ရိပေါ်မှာ
ရှောင်းကျန့်ရင်ခွင်ထဲကနေ ခေါင်းတောင်
မဖော်ရဲ...၊ နားရွက်လေးတွေနီနေကာ
ရှက်လို့နေပေသည်။

"မင်းတို့ ဘယ်တုန်းက အပြင်ကိုပြန်ထွက်
သွားတာလဲ...?"

ရှောင်းကျန့် ရိဝူအမေးကိုပြန်မဖြေဘဲ စကားလမ်းကြောင်းလွှဲလိုက်သည်။

အကယ်၍ သူပြန်ဖြေလိုက်ရင် ရိပေါ်က
ပိုရှက်သွားမှာ ၊ ခုတောင် သူ့ပေါ်က
ဆင်းသေးတာမဟုတ်...၊ မျက်နှာကိုလဲ
သူ့ရင်ခွင်ထဲ ဖွက်ထားလို့နေ၏။

"အမ်...သရဲကြောက်လို့ ခုနလေးတင်ပဲ
ပြန်ထွက်လာတာ ကောရဲ့ သိပ်မကြာသေးဘူး...ဟီးဟီး"

အမှန်တော့ ရိဝူတို့ သရဲကြောက်လို့ ပြန်ထွက်လာတာမဟုတ် ၊ သူတို့နှစ်ယောက် Roလို့
ရအောင် ရှောင်ထွက်လာခြင်းပင်။

"အဲဒါများ အစတည်းကပြောပါလား...
ငါတို့မဝင်ဘဲနေလိုက်တော့မှာပေါ့"

"အားနာလို့ပါကောရဲ့...ဟဲဟဲ..."

ရှောင်းကျန့် ရိဝူနဲ့စကားပြောနေရင်း...

သူ့ မျက်စောင်းထိုးမှာ ရပ်နေတဲ့ ရွယ်ကို
မသိမသာ လှမ်းကြည့်လိုက်တော့...၊

ရွယ်က အေးအေးဆေးဆေးပင်၊သူ ရိပေါ်အား ချီထားကိုလည်း ဘာမှပင်မမေး
မပြောဘဲ ၊ ငြိမ်သက်လို့နေသည်။

My Husband Is Good To Hate ♡Where stories live. Discover now