{{Unicode}}
ရှောင်းကျန့် သတိမေ့သွားတာမို့ ရိပေါ်
Ambulance ခေါ်ပြီး ဆေးရုံသို့အမြန်သွားရာ...ဟိုရောက်တော့ Nurseတွေက ရှောင်းကျန့်အား Emergency Room ထဲခေါ်ဆောင်
သွားလေသည်။ရိပေါ်တစ်ယောက် မျက်ရည်လေးတွေ
ဝေ့သီကာ လက်ကလေးနှစ်ဖက်ကိုပွတ်တိုက်ရင်း ထိုအခန်းရှေ့ ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်လို့နေတာ..စိတ်ထဲ၌လည်း ရှောင်းကျန့်ဘာမှမဖြစ်ပါ
စေနှင့်ဟု အကြိမ်ကြိမ်ဆုတောင်းလို့
ရေရွတ်ရင်း စိုးရိမ်ပူပန်နေရှာ၏။အချိန်၂နာရီ၃နာရီလောက်ကြာတော့ Emergency roomထဲမှ Dr.တစ်ယောက်
ထွက်လာပြီး ရှောင်းကျန့်အခြေအနေအား ပြောပြလို့လာသည်။"လူနာက အသက်အန္တရာယ် စိုးရိမ်စရာ
မရှိတော့ပါဘူး...ဓားဒဏ်ရာကလည်း
သိပ်မနက်တာကြောင့် ၊ အပြင်ပိုင်းပဲ
ယှက်ထိသွားတာဆိုတော့...အသက်ဆုံးရှုံး
နိုင်လောက်တဲ့ထိတော့မဖြစ်ပါဘူး၊ဆရာတို့အကောင်းဆုံး ကုသထားပေးပါတယ်""ဟုတ်ကဲ့ပါ Dr...ကျေးဇူးအရမ်းတင်ပါတယ်"
ရိပေါ် Dr.အားကျေးဇူးတင်ကြောင်းပြောပြီးသည်နှင့် ပါပါးကို ဖုန်းလှမ်းဆက်ကာအကျိုးအကြောင်းပြောပြပြီးရှောင်းကျန့်
ရှိရာVIP Roomထဲဝင်သွားလိုက်သည်။ကုတင်ပေါ်မှာ လဲလျောင်းကာ သတိမေ့နေတဲ့ ရှောင်းကျန့်...၊
မျက်နှာလေးကလည်း ဖြူဖတ်ဖြူလျော်
ဖြစ်လို့နေပေသည်။ဝမ်ရိပေါ် ကုတင်ဘေးနားရှိလူနာစောင့် ထိုင်ခုံလေးတွင် ထိုင်ကာ ရှောင်းကျန့်ကို
စောင့်ကြည့်လို့နေတာ...ခဏကြာသည်နှင့် နာရီကိုကြည့်လိုက်ရာ မနက်၄နာရီပင် ရှိနေလေတာမို့ ၊
ရိပေါ် တရေးမှ မအိပ်ရသေးတာကြောင့်...အိပ်ချင်လာလေတော့ ကုတင်စွန်းနားတွင်
လက်တင်ကာ ထိုလက်လေးပေါ်
ခေါင်းမှောက်ရင်း အိပ်စက်လိုက်တော့သည်။မနက်၃နာရီ သားမက်ဖြစ်သူရှောင်းကျန့်
ဓားထိုးခံထိတယ်လို့ သားတော်မောင်က
ဖုန်းဆက်လာတာကြောင့်၊
YOU ARE READING
My Husband Is Good To Hate ♡
Fanfiction#Both(Unicode+Zawgyi) >>Zhanyi ♡ Start Date ~ 23.8.2020 End Date ~ 23.12.2020