♡ Part-15 ♡

5.6K 590 84
                                    

{{Unicode}}

မနေ့ညတည်းက...ရိပေါ်က Chinatown နဲ့
Disneyland ကိုသွားမယ် ပြောထားတာကြောင့် ၊ ယနေ့မနက် ရှောင်းကျန့်တို့ အရင်ဦးဆုံး Chinatown ကို သွားကြလေသည်။

Chinatown သည် LA ရဲ့မြို့လယ်ခေါင်တွင်တည်ရှိပြီး Mexican Olvera လမ်းဘေးတွင်ရှိကာ ၊ တရုတ်နိုင်ငံ၏မြို့တော် ခရီးသွားလုပ်ငန်းအတွက် ဆွဲဆောင်နိုင်သည့်နေရာတစ်နေရာလည်းဖြစ်ပေသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Chinatown သည် LA ရဲ့မြို့လယ်ခေါင်တွင်
တည်ရှိပြီး Mexican Olvera လမ်းဘေးတွင်ရှိကာ ၊ တရုတ်နိုင်ငံ၏မြို့တော် ခရီးသွားလုပ်ငန်းအတွက် ဆွဲဆောင်နိုင်သည့်နေရာတစ်နေရာလည်းဖြစ်ပေသည်။

ရှောင်းကျန့်တို့ ထိုသို့ရောက်သည်နှင့် Chinatown ရဲ့အဓိကလမ်းဖြစ်သော Broadway လမ်းထဲရှိ တရုတ်စျေးဆိုင်များ၊
စျေးများနှင့် အမှတ်တရပစ္စည်း အရောင်းဆိုင်များ ၊ အစားအသောက်ဆိုင်များသို့
လျှောက်ပတ်သွားကြလေ၏။

ရွယ်မေတစ်ယောက် Chinatown ကို
စရောက်ဆိုတည်းက ရှောင်းကျန့်လက်ကို
ချိတ်တွဲကာ အလွှတ်မပေးတော့...သူ့အနားတွင်သာ တစ်ချိန်လုံးခေါ်ထားပြီး ဝမ်ရိပေါ်နဲ့ ခပ်ဝေးဝေးနေစေသည်။

သို့သော် ရှောင်းကျန့်မျက်နှာက မအီမသာနဲ့
ရွယ်မေ့အနားမှာ နေရတာ၊စိတ်ကျဥ်းကျပ်နေပုံပင်။

ဒါ့အပြင် ပိုဆိုးတာက ရွယ်မေ သူ့အနားကိုကပ်တိုင်း ဝမ်ရိပေါ်က ရိဝူနဲ့ ရင်းရင်းနှီးနှီး
နေလေတာပဲ။

ဒီတော့ ရှောင်းကျန့်က ရွယ့်ကိုပဲ
စိတ်တိုရမလိုလ်ို ၊ သူ့ကိုယ်သူပဲ စိတ်တိုရမလိုနဲ့ ထုတ်ပြနိုင်ခွင့်မရှိ..စိတ်ထဲကြိတ်ကာသဝန်တိုနေရတဲ့ သူ့ဘဝကြီးဟာ လွယ်ကူ
မနေလှဘူး။

တခါတလေ ရွယ်က ရိဝူနဲ့ ပြုံး​ပျော်နေရင်တောင် သဝန်မတိုမိ...တဖြည်းဖြည်း
အေးစက်လာတဲ့ ခံစားချက်တွေကြောင့်
ရွယ့်ကို ညီမလေးတစ်ယောက်ထက်ပင်
မပိုတော့။

My Husband Is Good To Hate ♡Where stories live. Discover now