♡ Part-6 ♡

5.9K 625 42
                                    

{{Unicode}}

ကျိုးချန်ကောပြောတဲ့စကားတွေကို
ရှောင်းကျန့် သူနားထောင်ပြီးတဲ့အခါမှာတော့
ဘာဆက်လုပ်ရမှန်းမသိဖြစ်နေမိသည်။

ဝမ်ရိပေါ်ကို သူလက်မထပ်ချင်သလို
၃ရက်အတွင်း အကြွေး​တွေပြန်ဆပ်ဖို့ဆိုတာကလည်း ဘယ်နည်းနဲ့မှမတတ်နိုင်။

နောက်ပြီး ရွယ်မေကိုလည်း သူအားနာမိသည်။အကယ်၍ ဝမ်ရိပေါ်ကို၆လလက်ထပ်ပေါင်းသင်းပြီးတာနဲ့ ရွယ့်ဆီပြန်သွားတဲ့အခါ ရွယ်က
သူ့ကိုလက်ခံနိုင်ပါဉီးမလား။

ကော်ဖီဆိုင်ရှိ ထောင့်ကျတဲ့နေရာတစ်ခုတွင်
၃ယောက်လုံး တိတ်ဆိတ်ငြိမ်သက်လို့နေကာကော်ဖီကိုသာ အာရုံစိုက်ပြီး သောက်နေကြလေတယ်။

မိနစ်အနည်းငယ်ကြာ တိတ်ဆိတ်နေရင်း
ကပင် ကျိုးချန်ဆီမှစကားသံအရင်
ထွက်ပေါ်လာတော့တယ်။

"မင်း ဆုံးဖြတ်ချက်ချပြီးပြီလား။"

"မသေချာသေးဘူး။"

"အိမ်ရောက်မှပဲ သေချာစဉ်းစားတော့။"

"အင်း...။"

"ဒါဆို ငါပြန်တော့မယ်။စခန်းမှာ အမှုစစ်ဆေးရဉီးမယ်။"

"ဘာအမှုလဲ ကော။"

"ခိုးမှုလေ...မနေ့ညက ငါဖမ်းမိထားတာ။
ဒီမနက်ကျမှ စစ်ဆေးမယ်လို့လုပ်ထားတာ။"

"အင်း...ဂရုစိုက်ပြန်ဉီး။"

ခေါင်းတချက်ညိတ်ပြပြီးတာနဲ့ ကျိုးချန်က
စားပွဲခုံပေါ်မှကားသော့ယူကာ ဆိုင်ပြင်ကို
ထွက်သွားတော့တယ်။

ကျိုးချန်ထွက်သွားတာနဲ့ ရှောင်းကျန့် ရွယ့်ကို
ကြည့်လိုက်တော့ ရွယ်က ခုနကကိစ္စနဲ့
ပတ်သတ်ပြီး ဘာမြှဖစ်ပုံမပေါ်။အေးဆေးစွာပင်ကော်ဖီသောက်လို့နေသည်။

"ရွယ်မေ...။"

သူခေါ်လိုက်တော့ ရွယ်ကမျက်နှာထား
ခပ်တည်တည်ဖြင့် သူ့အားကြည့်လို့
လာသည်။

"ကျိုးချန်ကောပြောတဲ့ကိစ္စနဲ့ပတ်သတ်ပြီး
ကိုယ်ဘာလုပ်ရမလဲ။"

ရှောင်းကျန့် ထိုသို့မေးလေတော့ ရွယ်က ကော်ဖီတစ်ငုံသောက်လိုက်ပြီး
ပြုံးယောင်ယောင်လေးဖြင့်ပြန်ဖြေလာ
သည်။

My Husband Is Good To Hate ♡Where stories live. Discover now