♡ Part-8 ♡

5.6K 597 20
                                    

{{Unicode}}

"ဝမ်ချင်ပါလား..နင်ရောက်နေတာကြာပြီလား။ထုံးစံအတိုင်း ကျိုးချန်ကောကိုလာတွေ့တာပဲလား။"

"အင်း..ဒီညနေ ငါသူနဲ့အပြင်သွားမလို့။နောက်ပြီး ဒီနေ့ရုံးလည်းမတက်ရတာနဲ့သူ့ဆီကိုလာလ်ိုက်တာ။"

"အော်...ဒါနဲ့ငါဟိုတနေ့ကစုံစမ်းပေးထားတဲ့၊
လူသတ်မှုတရားခံလို့ထင်တဲ့သူရဲ့informationတွေလေ..အဲဒါနင်ဘယ်လိုသဘောရလဲ။တရားခံကသူပဲဖြစ်နိုင်တယ်
မလား။"

"အေး...ငါနင့်ကိုမနေ့ကပြော​ပြမလို့ပဲ၊
မေ့နေတာဟ။ငါတို့ထင်တဲ့အတိုင်းပဲသိလား။
သက်သေတွေတချို့တဝက်လောက်ငါတို့
ရှာရသွားတော့ သူ့ကိုခေါ်ပြီးမရရအောင်
စစ်ကြည့်တာလေ။
နောက်ဆုံး သူသတ်တာပါဆိုပြီးဝန်ခံလိုက်တယ်။ပြီးတော့ နောက်အပတ်မှာရုံးချိန်းရှိတယ်။အဲ့အခါငါတင်ပြလိုက်ရင်တော့
ပွဲကပြီးပြီပဲ။"

"အေးပါ..နင်အမှုနိုင်သွားပြီဆိုတော့
ငါ့ကိုတဝ်ိုင်းကျွေးရမယ်နော်။ငါနင့်က်ိုအများကြီးကူညီပေးထားတာ။နောက်ပြီးculpritရှာဖို့ခက်ခဲတဲ့ပြစ်မှုတွေမှာငါမပါရင်မပြီးဘူး
ဆိုတာသိတယ်မလား။"

"အမလေး...သိပါတယ်ဟယ်။နင်ကတော်လွန်းလို့ငါလည်းနင့်ကိုအကူအညီတောင်းရတာပေါ့။ဒီအမှုပြီးသွားရင်အောင်ပွဲခံတဲ့
အနေနဲ့ငါနင်တို့ကို ဆိုင်ကောင်းကောင်း
တစ်ဆိုင်မှာလိုက်ကျွေးမှာပါနော်။"

"Okလေ...ဒါဆို ငါစားချင်တာတွေခုတည်းက
planချထားလိုက်မယ်...ဟဲဟဲ"

"ငါအများကြီးတော့မနိုင်ဘူးနော်။ငါကနင်တို့လို ဘောစိမဟုတ်ဘူး။"

"အမယ်...Crimeတစ်ခုကိုင်တွယ်တာနဲ့သိန်းရာချီပြီးရနေတာကိုများ ဘာဘောစိမဟုတ်ဘူးလဲ။နင်ငွေတွေကို ဘဏ်မှာသွားသွားအပ်နေတာ၊ငါမသိဘူးများမှတ်နေလား။"

"ကောရယ်...အဲဒါက ငါနဲ့ကျိုးချန်ရဲ့ရှေ့ရေးအတွက်ကြိုတင်စုဆောင်းထားတာပါဟာ။"

"ကြိုတင်စုဆောင်းနေတယ်ဆိုတော့ နင်တို့ကဘယ်တော့လက်ထပ်မှာလဲ။"

"နောက်နှစ်မှပါ။ဒါပေမဲ့ မင်္ဂလာပွဲတွက်
ခုတည်းကအဆင်သင့်ပြင်ဆင်ထားတယ်
ဆိုပါတော့။"

My Husband Is Good To Hate ♡Where stories live. Discover now