♡︎ Part-39 ♡︎

3.9K 399 78
                                    

{{Unicode}}

လီယွင်နဲ့ပြသာနာဖြစ်ပြီး တပတ်အကြာ၊
လီယွင်က ရှောင်းကျန့်ကို သူမအား
ခွင့်လွှတ်ပေးဖို့တောင်းပန်စကားဆိုလာလေသည်။

ဒီတော့ရှောင်းကျန့်လည်း လီယွင်၏လုပ်ရပ်ကိုစိတ်ထဲထားမနေဘဲ ကြည်ကြည်ဖြူဖြူနဲ့ ​ကျေအေးပေးလိုက်၏။

နောက်ပြီး လီယွင်​​ကြောင့်သာ သူ ဝက်ပေါက်စကို စိတ်ကြိုက်Kissတွေအများကြီးပေးလိုက်ရသည်မဟုတ်လား။အဲ့တော့
သူ့အနေနဲ့ လီယွင်ကိုစိတ်မဆိုးသင့်ဘဲ
ကျေးဇူးတောင်တင်ရဦးမည်လေ။

"ကိုကို...ကိုကို့ !"

"ဟင်...အချစ်...ပြော"

"ဘယ်တွေစိတ်ရောက်နေတာလဲ ? ကျွန်တော်
ခေါ်နေတာ ၃၊ ၄ခါလောက်ရှိပြီ ... ဘာတွေ
စဥ်းစားနေတာလဲ ? ဟမ် ! ကိုကို့ "

"အမ်..ဟို...အမှုအကြောင်းပါ ၊ လူပျောက်မှုလေ၊ အဲဒါညနေက လာတိုင်ကြားထားတော့
စဥ်းစားနေတာ"

အမှန်အတိုင်းပြောပြလိုက်ရင် ရှောင်းကျန့်
အထောင်းခံရမှာမို့ ထိုသို့လိမ်ညာပြီး ပြောလိုက်လေတယ်။

"ကျွန်တော် ဒီနေ့ အရမ်းစိတ်ညစ်နေတာ...၊
ဟင်းး..အာ့...ကိုကို...နာတယ်..ဖြည်းဖြည်း
အင်းး..ဒီဘက်...ဟုတ်တယ်...အဲ့နေရာ..နည်းနည်းအရှိန်ထည့်ပေး "

စိတ်ညစ်ကြောင်း ညည်းညူနေသည့် ရိပေါ်က သူ့ဇက်ကြောက်ို နှိပ်နယ်ပေးနေတဲ့
ရှောင်းကျန့်လက်တဖက်ကို ဆွဲယူအုပ်က်ိုင်ပြီး ဟိုနေရာဒီနေရာ ဟုဆိုကာ တချက်တချက် ညွှန်ပြနေသေးတယ်။

"ဒီနေ့ပြောင်းဖူးခင်းတခင်းလုံး မီးလောင်သွားတာ ကျွန်တော်စိတ်မကောင်းဘူး သိလား ၊အဲ့လိုဖြစ်တော့ ပါးပါးကလည်း စိတ်အတော်ညစ်သွားတာ၊သူရင်းနှီးထားတာတွေ အများကြီးဆုံးရှုံးလိုက်ရတယ်လေ...နောက်ပြီး ပြန်စိုက်ဖို့ လွယ်ပေမဲ့ အပင်တွေရှင်သန်ကြီးထွားဖို့ကို တော်တော်အချိန်ပေးရဦးမှာ၊ဟင်းး..."

ဝမ်ပါးပါးရဲ့စိုက်ပျိုးရေးခြံမြေတွေကို
ရိပေါ် ကူပြီးဦးစီးပေးနေတာ ၂လ၊၃လလောက်ရှိနေပြီဖြစ်တယ်။

ထိုခြံမြေတွေနဲ့ပတ်သတ်ပြီး ဖြစ်ပျက်သမျှ ကောင်းခြင်း၊မကောင်းခြင်းအကြောင်းအရာတွေကိုလည်း ရိပေါ်က သူအလုပ်ကပြန်လာတိုင်း ရှောင်းကျန့်ကိုအကုန်ပြောပြကာ အမြဲရင်ဖွင့်လေ့ရှိတယ်။

My Husband Is Good To Hate ♡Where stories live. Discover now