♡ Part-21 ♡

5.1K 562 60
                                    

{{Unicode}}

ဒီနေ့မနက် ဝမ်ရိပေါ် ရှောင်းကျန့်စားဖို့အတွက်မနက်စာကိုဖန်ရှင်းတို့စားသောက်ဆိုင်ကနေသွားယူလေသည်။

ဖန်ရှင်းတို့ကလည်း ဆေးရုံတက်နေရတဲ့ရှောင်းကျန့်အတွက် အားရင်အားသလ်ို
အစားအသောက်တွေလာလာပို့ပြီး သူတို့
မလာနိုင်တဲ့အခါကျရင်လည်း ရိပေါ်ကိုလာယူခိုင်းသည်။

ရိပေါ်က ဘာမှမချက်ပြုတ်တတ်တာမို့
ဖန်ရှင်းတို့က ရိပေါ်အကြောင်းသ်ိသူပီပီ
ရှောင်းကျန့်ကောကို သူတို့သာချက်ပြုတ်ကျွေးရသည်။

ရိပေါ် ဖန်ရှင်းတို့ဆီကိုသွားနေစဥ်မှာပင်
ရှောင်းဖွားဖွားက ဆေးရုံကိုရောက်ချလာလေသည်။

"မြေးရယ် ခုလိုဖြစ်တာ ဖွားကိုဘာလို့မပြောရတာလဲ...ဟမ်..မနေ့က ရွယ်မေပြောမှ ဖွားသိရတယ်"

ရှောင်းဖွားဖွားက ရှောင်းကျန့်ကို စိုးရိမ်တဲ့
အကြည့်တွေဖြင့်ကြည့်ကာပြောလာသည်။

"ဖွား စိတ်ပူမှာဆိုးလို့ပါ..ပြီးတော့ ဖွားကကျန်းမာရေးကောင်းတာမဟုတ်ဘူးလေ၊
ဒီတော့ကျွန်တော့်ကြောင့် ဖွားတစ်ခုခုဖြစ်သွားမှာကိုမလိုလားဘူး...နောက်ပြီး ကျွန်တော်လည်း ကြီးကြီးမားမား ထိခိုက်သွားတာမှမဟုတ်တာ...အခုလည်းကျွန်တော်သက်သာနေပါပြီ ဖွားရဲ့"

ရှောင်းကျန့်ကပြောရင်း ငိုနေတဲ့ရှောင်းဖွားဖွားကိုမျက်ရည်လေးတွေသုတ်ပေးကာဖက်ထားလိုက်လေသည်။

"ကိုယ့်ကိုယ်ကိုဂရုစိုက်ပါမြေးရယ်...မြေးသာတစ်ခုခုဖြစ်သွားရင် ဖွား ရင်ကျိုးရမှာ..."

"ဟုတ်ကဲ့ပါ ဖွား...နောက်တစ်ခါ ကျွန်တော်ဖွား စိတ်ပူအောင်မလုပ်တော့ပါဘူးနော်...ဖွားလည်းကျန်းမာရေးဂရုစိုက်ပါ...ကျွန်တော်
နေပြန်ကောင်းလာတဲ့အခါကျရင် ဖွားဆီ
အလည်လာခဲ့ပါမယ်..."

"အေးပါကွယ်...ဒါနဲ့ မြေးစားရသောက်ရတာအဆင်ပြေရဲ့လား...ဝမ်ရိပေါ်ကကော မြေးကိုဂရုစိုက်ရဲ့လား...?"

"ဟုတ် ဂရုစိုက်ပါတယ် ဖွားရဲ့..."

"အင်းပါ...မြေး သူ့အပေါ်စိတ်မယိုင်မိစေနဲ့၊
ဖွားက မြေးကို ရွယ်မေနဲ့​ပဲ တသက်လုံးပေါင်းသင်းစေချင်တာ...ဝမ်မျိုးရိုးနဲ့ဖွားက အမျိုးတော်ချင်တာမဟုတ်ဘူး..မတတ်သာလို့သာ သူတို့တောင်းဆိုတာကို လိုက်လျောထားရတာ..."

My Husband Is Good To Hate ♡Where stories live. Discover now