♡︎ Part-30 ♡︎

5.9K 521 104
                                    

{{Unicode}}

ရိပေါ်နှင့်ကွာရှင်းပြီးသည့်အခါ ရှောင်းကျန့်၊
barကိုသွား၍ ယွီပင်း၊ကျိုးချန်တို့နှင့်အတူ
စကားတပြောပြောဖြင့်အရက်သောက်နေကြလေသည်။

"ဖွားက ရက်စက်တာ..ကွာ...အေ့...သူ့စိတ်တိုင်းကျငါနေလာပေးခဲ့တာ...ခုချိန်မှာတော့...အေ့...ငါဖွားအမိန့်ကိုလွန်ဆန်ချင်မိတယ်...ငါ ဝမ်ပေါက်စကို အဆုံးရှုံးမခံချင်ဘူးကွာ...Sob*..."

စကားတခါပြောရင်း အရက်ခွက်ကိုကိုင်လှုပ်ကာ တခါမော့သောက်ရင်း ရှောင်းကျန့်က ခံစားချက်တွေဖွင့်ဟလို့နေတာ...။

ယွီပင်းက သူ့ဆရာရဲ့ရင်ဖွင့်သံကို
ခေါင်းတငြိမ့်ငြိမ့်ဖြင့် မှန်ရာမှန်ကြောင်းလိုက်ထောက်ခံနေပါသော်လည်း၊ကျိုးချန်ကမူ
ရှောင်းကျန့်ကသူ့အား နားမုဒိန်းကျင့်နေသည်ဟုပင်သာ။

"ရှောင်းကျန့်...ဝမ်ရိပေါ်ကရော...မင်းကိုစိတ်ဝင်စားရဲ့လား...မင်းကသာ တဖက်သတ်ချစ်နေတာတော့ မဟုတ်ဘူးမလား ?"

"ဟင့်အင်း...သူလည်းငါ့ကိုစိတ်ဝင်စားနေတာကွ...အေ့...အဲ့လိုထင်တယ်"

"သြော်...အဲ့တော့ မင်း သူနဲ့ပြန်နီးစပ်ဖို့အတွက် ဘာလုပ်မယ်လို့ စဥ်းစားထားလဲ"

"Hmmm...ခဏတဖြုတ်တော့ ဖွား​အမိန့်ကိုနာခံလိုက်မယ်...ပြီးရင်တော့ ငါ ရိပေါ်ကို
မရရအောင်အပိုင်သိမ်းပစ်မှာ"

"အေး...အဲဒါကောင်းတယ်...အနုနည်းနဲ့
မရရင်အကြမ်းနည်းနဲ့သာ သိမ်း"

"သိမ်းမှာ...သိမ်းမှာ...အေ့...ဝမ်ရိပေါ်က ငါ့အပိုင်ပဲ...အေ့...ဖြစ်ရမှာ...🌚"

"ဆရာတို့ အများကြီးသောက်မနေနဲ့ဦး...တော်ကြာအမူးလွန်ပြီး အိမ်မပြန်နိုင်ဘဲဖြစ်နေဦးမယ်"

ရှောင်းကျန့်နဲ့ကျိုးချန် သောက်နေသည်မှာ ၃ပုလင်းနီးပါးရှိနေပြီမို့၊ခေါင်းမထောင်နိုင်ခင်
ယွီပင်းက သတ်ိပေးစကားဝင်ပြောရလေသည်။

"အေးပါကွာ...များကြီးမသောက်ပါဘူး..
မင်းကလည်း...ငါတို့အိမ်မပြန်နိုင်ရင်၊မင်းလိုက်ပို့ပေါ့ကွ"

ရီဝေမူးယစ်နေသော မျက်လုံးအစုံကမှေးလို့စကားလုံးတွေကို အာသံလေးလေးဖြင့်
အားယူပြောနေတဲ့ ရှောင်းကျန့်။

My Husband Is Good To Hate ♡Where stories live. Discover now