[Zawgyi]
လမ္းခြဲရေအာင္
Wardrobeေပၚတြင္ ကပ္ထားေသာ noteအနည္းငယ္ကို သူမ ေတြ႕လိုက္သည္။
Sticky noteေပၚတြင္ သူမအတြက္ အေရးျကီးေသာ တခ်ိဳ႕ပြဲအခ်ိန္မ်ားကို မွတ္ထားေလ၏။
Xလ Xရက္တြင္: ျဖတ္ေလ်ွာက္ အနုပညာရွင္ လင္းခ်င္ေပ့နဲ႕ ေန႕လည္စာစားရမယ္။ သူက ျပင္သစ္စားေသာက္ဆိုင္ Taserမွာ privateအခန္းေတြထဲက တစ္ခန္းကို ျကိုတင္မွာယူထားျပီးျပီ။
Xလ Xရက္တြင္: xxxနဲ႕ ညစာသြားစားရမယ္။ သူက ဟြိဳက္ရန္အစားအေသာက္ဆိုင္ရဲ့ privateအခန္းမွာ ျကိုတင္မွာယူထားျပီးျပီ။
Xလ X ရက္တြင္: xxxနဲ႕ ဇာတ္လမ္းသြားျကည့္ရမယ္။ လက္မွတ္ကေတာ့ သူဝယ္ျပီးသြားျပီ။
"..."
ခႏၶာကိုယ္ေဟာင္း သူမသည္ တစ္ခ်ိန္တည္းမွာ လူ3ေယာက္နွင့္ တြဲေနေလသည္။ သူမက သစၥာမရိွကိုယ္က်င့္တရားပ်က္ေသာ မိန္းမအေနနဲ႕ နာမည္ျကီးေနတာ အထူးအဆန္းမဟုတ္ေတာ့။ ခ်က္ခ်င္းပင္ sticky noteမ်ားကို ဆြဲျဖဲလိုက္ျပီးေနာက္ အမိွုက္ပံုးထဲသို႕ ထည့္လိုက္ေလ၏။ အခန္းကို ေနာက္တျကိမ္ ဟိုသည္စစ္ေဆးျကည့္ေတာ့ ခႏၶာကိုယ္ေဟာင္းနင္မုန္႕ ဝယ္ခဲ့ေသာ တန္ဖိုးျကီး ပစၥည္းေတြကလြဲ အသံုးဝင္တာ ဘာမွမေတြ႕ေပ။ စိတ္ပ်က္စြာပင္ နင္မုန္႕ အခန္းသို႕သာျပန္ျပီး ကုတင္ေပၚသုိ႕ လွဲခ်လိုက္ေလ၏။
...
ဒုတိယေျမာက္ မနက္ခင္းျဖစ္ေလသည္။ တံခါးဆီမွ က်ယ္ေလာင္ေသာ ျမည္သံက သူမကို အိပ္ေနရာမွ နိုးေစသည္။ ေစာင္အား ေခါင္းထိျခံဳလိုက္ရင္း ထိုအသံ မျကားရေအာင္ ျကိုးစားေနလိုက္ေပမယ့္ အဆက္မျပတ္ေသာ တံခါးေခါက္သံက ထြက္ေပၚလာေလ၏။ ေနာက္ထပ္ေရြးခ်ယ္စရာ မရိွေတာ့ေသာေျကာင့္ အိပ္ယာမွ ထလိုက္ကာ အိပ္တဝက္နုိးတဝက္ မ်က္လံုးတို႕နွင့္ တံခါးဖြင့္လိုက္သည္။
ေခ်ာေမာလွသည့္ လူငယ္ေလးတစ္ေယာက္သည္ တံခါးေရွ႕တြင္ ရပ္ေနေလ၏။
"နင္မုန္႕ ကြ်န္ေတာ္ မင္းကို ရုပ္ရွင္ရံုမွာ တစ္ညလံုးေစာင့္ေနခဲ့တာ။ ဘာလို႕ မလာခဲ့တာလဲ?"
"?"
သူမ တံခါးေရွ႕တြင္ ရပ္ေနေသာ လူက သူမတြဲေနေသာ လူေတြထဲမွ တစ္ေယာက္ျဖစ္နုိင္သည္မုိ႕ ဒီအခြင့္အေရးကို အသံုးခ်ကာ သူ႕အား အရာအားလံုးေျပာမည္ဟု နင္မုန္႕ ဆံုးျဖတ္ခ်က္ခ်လိုက္သည္။
"လမ္းခြဲရေအာင္" နင္မုန္႕ ေျပာလိုက္သည္။
ထိုေကာင္ေလးပံုက ေဝခြဲမရျဖစ္သြားဟန္ေပၚသည္။
"ကြ်န္မမွာ ေယာက္်ားရွိျပီးသား ျပီးေတာ့အခု ကြ်န္မ ေျပာင္းလဲသြားျပီ။ ေက်းဇူးျပဳျပီး ထြက္သြားေပးပါ။ ကြ်န္မကို ေနာက္ထပ္လည္း ဘယ္ေတာ့မွ လာမရွာပါေတာ့နဲ႕"
ျပီးေနာက္ ခ်က္ခ်င္းပင္ နင္မုန္႕ တံခါးပိတ္လ္ုိက္ေလ၏။ ထို႕ေနာက္ သမ္းေဝရင္းပင္ အိပ္ယာဆီသို႕ ျပန္ေလ်ွာက္သြားလိုက္သည္။ သူမ တဖန္အိပ္ေမာက်ခါနီးမွာပဲ တေယာက္ေယာက္က တံခါးေခါက္လာေလ၏။
"..."
"ကြ်န္မ ရွင္နဲ႕လမ္းခြဲမယ္လို႕ ေျပာျပီးသြားျပီေလ! တကယ္ကို ေသာက္က်ိဳးနဲ ဘာလဲ?" တံခါးဖြင့္ရင္းနဲ႕ နင္မုန္႕ေအာ္လုိက္ေလသည္။
"မေန႕ညက ကိုယ္တို႕ dinnerဒိ္တ္ကို မင္း မလာခဲ့ဘူး! ျပီးေတာ့ ကိုယ့္ဘက္က5နာရီေလာက္ ေစာင့္ခဲ့ရတာေတာင္ မင္းဘက္က ပထမဆံုး ေျပာခ်င္တဲ့စကားက လမ္းခြဲမယ္တဲ့လား?" အရပ္ရွည္ရွည္ ျကြက္သားေတြနဲ႕ လူကအံ့ျသစြာေျပာလာေလ၏။
"..."
"ဟုတ္တယ္! လမ္းခြဲရေအာင္!"
ေနာက္ထပ္ အရွုပ္ထုပ္ကို သူမ ရွင္းလိုက္ရျပန္သည္။
ျပီးေနာက္ အိပ္ယာဆီသို႕ ျပန္သြားလိုက္သည္။
သူမ လွဲလိုက္တယ္ဆိုတဲ့ အခ်ိန္မွာပဲ တံခါးဘဲလ္ကို တစ္ေယာက္ေယာက္က တီးလာျပန္ေလ၏။
နင္မုန္႕ တံခါးအား တြန္းဖြင့္ရင္း ေအာ္လိုက္သည္။ "လမ္းခြဲရေအာင္!"
ျပီးေနာက္ ခ်က္ခ်င္းပင္ တံခါးကို ပိတ္လု္ိက္သည္။
သို႕ေပမယ့္လည္း တံခါးက သန္မာေသာ ေျခေထာက္တစ္စံုေျကာင့္ ရပ္တန္႕သြား၏။ တံခါးက ျပန္ပြင့္လာသည္။ အံ့ျသစြာပင္ တံခါးေရွ႕မွာရပ္ေနေသာ အမ်ိဳးသားအား နင္မုန္႕ ျကည့္လိုက္ေလ၏။ ထိုလူက ရင့္က်က္သည့္ပံုစံရိွျပီး tuxedoဝတ္စံုနွင့္ ျကည့္ေကာင္းေနသည္။ အဝတ္အစား ေကာင္းမြန္စြာဝတ္ဆင္ထားေသာ ထိုလူ႕အသက္ကို နင္မုန္႕ မခန္႕မွန္းနုိင္ေပ။ သူ႕ပံုစံက နင္မုန္႕ထက္ အသက္ျကီးပံုေပၚေလ၏။ သူ႕တြင္ျပီးျပည့္စံုေသာ အသြင္အျပင္ရွိေနျပီး အလြန္နူးညံ့ေသာ အေငြ႕အသက္က လြွမ္းျခံဳထားေလ၏။
"ဘာလမ္းခြဲတာလဲ? ငါေတာ့ နင္လံုးလံုးျကီး မနိုးေသးဘူးလို႕ထင္တယ္ ဟုတ္တယ္မလား?"
"..."
နင္မုန္႕ အံ့့ျသသြားရေလသည္။ ခႏၶာကုိယ္ေဟာင္း သူမသည္ အထက္တန္းက်ေသာ ခ်စ္သူေကာင္ေလးေတြကိုခ်ည္း ခ်ိတ္ထားနုိင္သူျဖစ္ေနတာပဲ။
ပထမ တစ္ေယာက္က လွပေသာေကာင္ေလး။
ဒုတိယ တစ္ေယာက္ကေတာ့ အရပ္ရွည္ျပီး ျကြက္သားေတြနဲ႕လူ။
တတိယတစ္ေယာက္ကေတာ့ မိန္းမတိုင္းသေဘာက်တဲ့ ရင့္က်က္တည္ျငိမ္တဲ့ လူ။
အေစာကတင္ ပထမတစ္ေယာက္နွင့္ ဒုတိယတစ္ေယာက္ကုိ ပထုတ္ဖို႕ရာ လြယ္ကူခဲ့သည္။ ဒီရင့္က်က္ေသာ အမ်ိဳးသားကေတာ့ သူမကို အခုေလာက္ထိ တြယ္ျငိေနမယ္လို႕ ထင္မထားခဲ့ေပ။
"အိုး..ရွင္က အဲ့လင္းခ်င္ေပ့ပဲ ဟုတ္တယ္မလား? ကြ်န္မဘာလို႕ ေန႕လည္စာစားဖုိ႕ မလာတာလဲသိလား? ရွင့္ကိုယ္ရွင္ ဂရုတစိုက္ ေသခ်ာျကည့္သင့္တယ္! ရွင္က ေသာက္ရမ္းအိုေနသလို အေရးမပါတဲ့ ျဖတ္ေလ်ွာက္အနုပညာရွင္ပဲ ရိွေသးတယ္! ရွင္းပါတယ္ ရွင္ အနုပညာေလာကမွာေတာင္ ေနာက္ထပ္ျကာျကာ ထပ္မေနသင့္ေတာ့ဘူး!" နင္မုန္႕ ေအာ္လိုက္ေလ၏။
သူမက သူ႕ကိုက်ဥ္းက်ပ္တဲ့အေျခအေနျဖစ္ေအာင္ ေျပာလိုက္တာမုိ႕ ေနာက္ျပန္လာေတာ့မွာ မဟုတ္ဟု နင္မုန္႕ ခန္႕မွန္းလိုက္သည္။ ထင္ထားသည့္အတိုင္း ထိုလူျကီးသည္ ေဒါသထြက္ေန၏။
"ငါက မင္းအေဖကြ!!" ထိုလူသည္ ေအာ္လိုက္ေလေတာ့သည္။
"..."
---------------------
[Unicode]
လမ်းခွဲရအောင်
Wardrobeပေါ်တွင် ကပ်ထားသော noteအနည်းငယ်ကို သူမ တွေ့လိုက်သည်။
Sticky noteပေါ်တွင် သူမအတွက် အရေးကြီးသော တချို့ပွဲအချိန်များကို မှတ်ထားလေ၏။
Xလ Xရက်တွင်: ဖြတ်လျှောက် အနုပညာရှင် လင်းချင်ပေ့နဲ့ နေ့လည်စာစားရမယ်။ သူက ပြင်သစ်စားသောက်ဆိုင် Taserမှာ privateအခန်းတွေထဲက တစ်ခန်းကို ကြိုတင်မှာယူထားပြီးပြီ။
Xလ Xရက်တွင်: xxxနဲ့ ညစာသွားစားရမယ်။ သူက ဟွိုက်ရန်အစားအသောက်ဆိုင်ရဲ့ privateအခန်းမှာ ကြိုတင်မှာယူထားပြီးပြီ။
Xလ X ရက်တွင်: xxxနဲ့ ဇာတ်လမ်းသွားကြည့်ရမယ်။ လက်မှတ်ကတော့ သူဝယ်ပြီးသွားပြီ။
"..."
ခန္ဓာကိုယ်ဟောင်း သူမသည် တစ်ချိန်တည်းမှာ လူ3ယောက်နှင့် တွဲနေလေသည်။ သူမက သစ္စာမရှိကိုယ်ကျင့်တရားပျက်သော မိန်းမအနေနဲ့ နာမည်ကြီးနေတာ အထူးအဆန်းမဟုတ်တော့။ ချက်ချင်းပင် sticky noteများကို ဆွဲဖြဲလိုက်ပြီးနောက် အမှိုက်ပုံးထဲသို့ ထည့်လိုက်လေ၏။ အခန်းကို နောက်တကြိမ် ဟိုသည်စစ်ဆေးကြည့်တော့ ခန္ဓာကိုယ်ဟောင်းနင်မုန့် ဝယ်ခဲ့သော တန်ဖိုးကြီး ပစ္စည်းတွေကလွဲ အသုံးဝင်တာ ဘာမှမတွေ့ပေ။ စိတ်ပျက်စွာပင် နင်မုန့် အခန်းသို့သာပြန်ပြီး ကုတင်ပေါ်သို့ လှဲချလိုက်လေ၏။
...
ဒုတိယမြောက် မနက်ခင်းဖြစ်လေသည်။ တံခါးဆီမှ ကျယ်လောင်သော မြည်သံက သူမကို အိပ်နေရာမှ နိုးစေသည်။ စောင်အား ခေါင်းထိခြုံလိုက်ရင်း ထိုအသံ မကြားရအောင် ကြိုးစားနေလိုက်ပေမယ့် အဆက်မပြတ်သော တံခါးခေါက်သံက ထွက်ပေါ်လာလေ၏။ နောက်ထပ်ရွေးချယ်စရာ မရှိတော့သောကြောင့် အိပ်ယာမှ ထလိုက်ကာ အိပ်တဝက်နိုးတဝက် မျက်လုံးတို့နှင့် တံခါးဖွင့်လိုက်သည်။
ချောမောလှသည့် လူငယ်လေးတစ်ယောက်သည် တံခါးရှေ့တွင် ရပ်နေလေ၏။
"နင်မုန့် ကျွန်တော် မင်းကို ရုပ်ရှင်ရုံမှာ တစ်ညလုံးစောင့်နေခဲ့တာ။ ဘာလို့ မလာခဲ့တာလဲ?"
"?"
သူမ တံခါးရှေ့တွင် ရပ်နေသော လူက သူမတွဲနေသော လူတွေထဲမှ တစ်ယောက်ဖြစ်နိုင်သည်မို့ ဒီအခွင့်အရေးကို အသုံးချကာ သူ့အား အရာအားလုံးပြောမည်ဟု နင်မုန့် ဆုံးဖြတ်ချက်ချလိုက်သည်။
"လမ်းခွဲရအောင်" နင်မုန့် ပြောလိုက်သည်။
ထိုကောင်လေးပုံက ဝေခွဲမရဖြစ်သွားဟန်ပေါ်သည်။
"ကျွန်မမှာ ယောက်ျားရှိပြီးသား ပြီးတော့အခု ကျွန်မ ပြောင်းလဲသွားပြီ။ ကျေးဇူးပြုပြီး ထွက်သွားပေးပါ။ ကျွန်မကို နောက်ထပ်လည်း ဘယ်တော့မှ လာမရှာပါတော့နဲ့"
ပြီးနောက် ချက်ချင်းပင် နင်မုန့် တံခါးပိတ်လိုက်လေ၏။ ထို့နောက် သမ်းဝေရင်းပင် အိပ်ယာဆီသို့ ပြန်လျှောက်သွားလိုက်သည်။ သူမ တဖန်အိပ်မောကျခါနီးမှာပဲ တယောက်ယောက်က တံခါးခေါက်လာလေ၏။
"..."
"ကျွန်မ ရှင်နဲ့လမ်းခွဲမယ်လို့ ပြောပြီးသွားပြီလေ! တကယ်ကို သောက်ကျိုးနဲ ဘာလဲ?" တံခါးဖွင့်ရင်းနဲ့ နင်မုန့်အော်လိုက်လေသည်။
"မနေ့ညက ကိုယ်တို့ dinnerဒိတ်ကို မင်း မလာခဲ့ဘူး! ပြီးတော့ ကိုယ့်ဘက်က5နာရီလောက် စောင့်ခဲ့ရတာတောင် မင်းဘက်က ပထမဆုံး ပြောချင်တဲ့စကားက လမ်းခွဲမယ်တဲ့လား?" အရပ်ရှည်ရှည် ကြွက်သားတွေနဲ့ လူကအံ့သြစွာပြောလာလေ၏။
"..."
"ဟုတ်တယ်! လမ်းခွဲရအောင်!"
နောက်ထပ် အရှုပ်ထုပ်ကို သူမ ရှင်းလိုက်ရပြန်သည်။
ပြီးနောက် အိပ်ယာဆီသို့ ပြန်သွားလိုက်သည်။
သူမ လှဲလိုက်တယ်ဆိုတဲ့ အချိန်မှာပဲ တံခါးဘဲလ်ကို တစ်ယောက်ယောက်က တီးလာပြန်လေ၏။
နင်မုန့် တံခါးအား တွန်းဖွင့်ရင်း အော်လိုက်သည်။ "လမ်းခွဲရအောင်!"
ပြီးနောက် ချက်ချင်းပင် တံခါးကို ပိတ်လိုက်သည်။
သို့ပေမယ့်လည်း တံခါးက သန်မာသော ခြေထောက်တစ်စုံကြောင့် ရပ်တန့်သွား၏။ တံခါးက ပြန်ပွင့်လာသည်။ အံ့သြစွာပင် တံခါးရှေ့မှာရပ်နေသော အမျိုးသားအား နင်မုန့် ကြည့်လိုက်လေ၏။ ထိုလူက ရင့်ကျက်သည့်ပုံစံရှိပြီး tuxedoဝတ်စုံနှင့် ကြည့်ကောင်းနေသည်။ အဝတ်အစား ကောင်းမွန်စွာဝတ်ဆင်ထားသော ထိုလူ့အသက်ကို နင်မုန့် မခန့်မှန်းနိုင်ပေ။ သူ့ပုံစံက နင်မုန့်ထက် အသက်ကြီးပုံပေါ်လေ၏။ သူ့တွင်ပြီးပြည့်စုံသော အသွင်အပြင်ရှိနေပြီး အလွန်နူးညံ့သော အငွေ့အသက်က လွှမ်းခြုံထားလေ၏။
"ဘာလမ်းခွဲတာလဲ? ငါတော့ နင်လုံးလုံးကြီး မနိုးသေးဘူးလို့ထင်တယ် ဟုတ်တယ်မလား?"
"..."
နင်မုန့် အံ့သြသွားရလေသည်။ ခန္ဓာကိုယ်ဟောင်း သူမသည် အထက်တန်းကျသော ချစ်သူကောင်လေးတွေကိုချည်း ချိတ်ထားနိုင်သူဖြစ်နေတာပဲ။
ပထမ တစ်ယောက်က လှပသောကောင်လေး။
ဒုတိယ တစ်ယောက်ကတော့ အရပ်ရှည်ပြီး ကြွက်သားတွေနဲ့လူ။
တတိယတစ်ယောက်ကတော့ မိန်းမတိုင်းသဘောကျတဲ့ ရင့်ကျက်တည်ငြိမ်တဲ့ လူ။
အစောကတင် ပထမတစ်ယောက်နှင့် ဒုတိယတစ်ယောက်ကို ပထုတ်ဖို့ရာ လွယ်ကူခဲ့သည်။ ဒီရင့်ကျက်သော အမျိုးသားကတော့ သူမကို အခုလောက်ထိ တွယ်ငြိနေမယ်လို့ ထင်မထားခဲ့ပေ။
"အိုး..ရှင်က အဲ့လင်းချင်ပေ့ပဲ ဟုတ်တယ်မလား? ကျွန်မဘာလို့ နေ့လည်စာစားဖို့ မလာတာလဲသိလား? ရှင့်ကိုယ်ရှင် ဂရုတစိုက် သေချာကြည့်သင့်တယ်! ရှင်က သောက်ရမ်းအိုနေသလို အရေးမပါတဲ့ ဖြတ်လျှောက်အနုပညာရှင်ပဲ ရှိသေးတယ်! ရှင်းပါတယ် ရှင် အနုပညာလောကမှာတောင် နောက်ထပ်ကြာကြာ ထပ်မနေသင့်တော့ဘူး!" နင်မုန့် အော်လိုက်လေ၏။
သူမက သူ့ကိုကျဉ်းကျပ်တဲ့အခြေအနေဖြစ်အောင် ပြောလိုက်တာမို့ နောက်ပြန်လာတော့မှာ မဟုတ်ဟု နင်မုန့် ခန့်မှန်းလိုက်သည်။ ထင်ထားသည့်အတိုင်း ထိုလူကြီးသည် ဒေါသထွက်နေ၏။
"ငါက မင်းအဖေကွ!!" ထိုလူသည် အော်လိုက်လေတော့သည်။
"..."