[Book-1]novelထဲဝင်သွားပြီးနော...
By thiriWoonie
640K 78.6K 1.4K
Title-穿书后她成了万人迷 Original Author- Young Master Yan,公子衍 Language-chinese Status-535chapters& 23 extra chapter (... More
Description
1[Zawgyi & Unicode]
2[Zawgyi & Unicode]
3[Zawgyi & Unicode]
4[Zawgyi & Unicode]
5[Zawgyi & Unicode]
6[Z&U]
7[Z&U]
8[Z&U]
9[Z&U]
10[Z&U]
11[Z&U]
13[Z&U]
14[Z&U]
15[Z&U]
Happy NewYear!
16[Z&U]
17[Z&U]
18[Z&U]
19[U&Z]
20[U&Z]
21[U&Z]
22[U&Z]
23[U&Z]
24[U&Z]
25[U&Z]
26[U&Z]
27[U&Z]
28[U&Z]
29[U&Z]
30[U&Z]
31[U&Z]
32[U&Z]
33[U&Z]
34[U&Z]
35[U&Z]
36[U&Z]
37[U&Z]
38[U&Z]
39[U&Z]
40[U&Z]
41[U&Z]
42[U&Z]
43[U&Z]
44[U&Z]
45[U&Z]
46[U&Z]
47[U&Z]
48[U&Z]
49[U&Z]
50[U&Z]
51[U&Z]
52[U&Z]
53[U&Z]
54[U&Z]
55[U&Z]
56[U&Z]
57[U&Z]
58[U&Z]
59[U&Z]
60[U&Z]
61[U&Z]
62[U&Z]
63[U&Z]
64[U&Z]
65[U&Z]
66[U&Z]
67[U&Z]
68[U&Z]
69[U&Z]
70[U&Z]
71[U&Z]
72[U&Z]
73[U&N]
74[U&Z]
75[U&Z]
76[U&Z]
77[U&Z]
78[U&Z]
79[U&Z]
80[U&Z]
81[U&Z]
82[U&Z]
83[U&Z]
84[U&Z]
85[U&Z]
86[U&Z]
87[U&Z]
88[U&Z]
89[U&Z]
90[U&Z]
91[U&Z]
92[U&Z]
93[U&Z]
94[U&Z]
95[U&Z]
96[U&Z]
97[U&Z]
98[U&Z]
99[U&Z]
100[U&Z]
101[U&Z]
EP-102[U&Z]
103[U&Z]
104[U&Z]
105[U&Z]
106[U&Z]
107[U&Z]
108[U&Z]
109[U&Z]
110[U&Z]
111[U&Z]
112[U&Z]
113[U&Z]
114[U&Z]
115[U&Z]
116[U&Z]
117[U&Z]
118[U&Z]
119[U&Z]
120[U&Z]
121[U&Z]
122[U&Z]
123[U&Z]
124[U&Z]
125[U&Z]
126[U&Z]
127[U&Z]
128[U&Z]
129[U&Z]
130[U&Z]
131[U&Z]
132[U&Z]
133[U&Z]
134[U&Z]
135[U&Z]
136[U&Z]
137[U&Z]
138[U&Z]
139[U&Z]
140[U&Z]
141[U&Z]
142[U&Z]
HOLA!
143+144[U&Z]
145[U&Z]
146[U&Z]
147[U&Z]
148[U&Z]
149[U&Z]
150[U&Z]
151[U&Z]
152[U&Z]
153[U&Z]
154[U&Z]
155[U&Z]
156[U&Z]
157[U&Z]
158[U&Z]
159[U&Z]
160[U&Z]
161[U&Z]
162[U&Z]
163[U&Z]
164[U&Z]
165[U&Z]
166[U&Z]
167[U&Z]
168[U&Z]
169[U&Z]
170[U&Z]
171[U&Z]
172[U&Z]
173[U&Z]
174[U&Z]
175[U&Z]
176[U&Z]
177[U&Z]
178[U&Z]
179[U&Z]
180[U&Z]
181[U&Z]
182[U&Z]
183[U&Z]
184[U&Z]
185[U&Z]
186[U&Z]
187[U&Z]
188[U&Z]
189[U&Z]
190[U&Z]
191[U&Z]
192[U&Z]
193[U&Z]
194[U&Z]
195[U&Z]
196[U&Z]
🗣️
12[Z&U]
6.1K 864 4
By thiriWoonie
[Zawgyi]
"..."
"..."
---------------------
[Unicode]
နောက်တခေါက်ဆိုတာ မရှိစေရဘူး!
အခု နင်မုန့်ခေါင်းထဲတွင် မရေမတွက်နိုင်သော အတွေးတို့ ပြေးလွှားနေလေ၏။
"ကျွန်မနဲ့ သုရုံကြား ဘာမှမရှိဘူး! သူ့ကိုလည်း သဘောမကျပါဘူး...." အကြောက်တရားတို့ဖြင့် နင်မုန့်ပြောလိုက်သည်။
ဟော်ပေ့ချန်၏ မျက်နှာအမူအရာကား ပြောင်းလဲမသွားသေးပေ။ ထို့ကြောင့်ပင် ဟော်ပေ့ချန်က သူမအဖြေကို သဘောမကျဘူးဆိုတာ သိလိုက်ရသည်။ ထိုအရာသည်လည်း အမှန်တကယ်က လက်ခံနိုင်ပေသည်။ အရင် ခန္ဓာကိုယ်ဟောင်းကသူမသည် ယောက်ျားများစွာနှင့် ထည်လဲတွဲခဲ့သလို ဟော်ပေ့ချန်ကလည်း တခွန်းတလေတောင် မဆိုခဲ့ပေ။ ပြတ်သွားပြီးသား ရည်းစားဟောင်းကို စိတ်ဆိုးနေပါက ဟော်ပေ့ချန်အတွက် နည်းနည်းတော့ ထူးဆန်းသွားလိမ့်မည်ပင်။
သူမ အတွေးထဲ နစ်မြုပ်နေစဉ်မှာပဲ နင်မုန့်မေးစေ့အား ဟော်ပေ့ချန်သည် အားပိုထည့်၍ ညှစ်လိုက်သည်။ ထိုအရာက သူမကို ပို၍ နာကျင်စေသည်။ ချက်ချင်းပင် မျက်ရည်ဝဲနေသည့် နင်မုန့်တွင် သူ့အားစိတ်ကျေနပ်စေမည့် အဖြေကို ရုတ်တရက် စဉ်းစားမိသွားလေ၏။
"ကျွန်မ တောင်းပန်ပါတယ်။ ဒါ မတော်တဆဖြစ်သွားတာ! နောက်တခေါက်ဆိုတာ ထပ်မရှိစေရဘူးလို့ ကျွန်မကတိပေးပါတယ်!"
မျှော်လင့်ထားသည့်အတိုင်း ဟော်ပေ့ချန် သူမ မေးစေ့ကို ညှစ်ထားသည့်အားတို့က လျော့ကျသွားသည်။ နောက်ဆုံးတော့ နင်မုန့် စိတ်သက်သာရာရသည့် လေတို့ ရှူထုတ်လိုက်တော့လေ၏။
"လူတွေက အချိန်တိုင်း အမှားလုပ်တတ်ကြတယ်။ ဒါအကုန်လုံးက ကျွန်မ အမှားပါ။ ဒီတကြိမ်လောက်တော့ ကျေးဇူးပြုပြီး ကျွန်မကို ခွင့်လွှတ်ပေးလို့ ရမလား ဟင်?  နော်...."
ဘာကတိဆိုတာ အခုထိ မသိပေမယ့်လည်း အကောင်းဆုံးလှုပ်ရှားမှုက သူ့ကိုတောင်းပန်လိုက်တာသာ ကောင်းမယ်ဆိုတာ နင်မုန့် ရှာတွေ့ခဲ့၏။ ဟော်ပေ့ချန် မျက်ဝန်းတို့ကျုံ့လိုက်သည်။ ထိုပုံစံက သူမကို ယုံကြည်ရမလား မယုံကြည်ရဘူးလားဆိုတာ ဆုံးဖြတ်နေသည့်ပုံပင်။
အကြောက်တရားတို့ကို ထားခဲ့လိုက်ပြီး နင်မုန့် နောက်တခါ ထပ်ပြောလိုက်သည်။
"နောက်တခါ မရှိစေရဘူးဆိုတာ ကျွန်မ ကတိပေးနိုင်ပါတယ်။ မစိုးရိမ်ပါနဲ့။ အကယ်၍ နောက်တခါ ဆိုတာရှိလာခဲ့ရင် ရှင် ဘောလုံးလို ကန်ဖို့အတွက် ကျွန်မခေါင်းကို ကိုယ်တိုင်ဖြတ်ပြီးပေးမယ်!" ဟော်ပေ့ချန်၏ ပြန်ပြောလာမည့်စကားကို စောင့်နေရင်း နင်မုန့် ပြောလိုက်သည်။
သူ နောက်ဆုံးတော့ သူမအား လွှတ်ပေးလိုက်သည်။ ဟော်ပေ့ချန် သူမလက်အား ညင်သာစွာ ဆေးကြောပေးပြီးနောက် အပြင်သို့ ထွက်သွားလေတော့၏။
"သူဋ္ဌေး ကျွန်တေ့ာဘက်က လုပ်စရာရှိတာ လုပ်ပြီးသွားပါပြီ။ သူဋ္ဌေးရဲ့ဇနီးအနားကို အဲ့ကလေး ဘယ်တော့မှ ကပ်ရဲမှာမဟုတ်တော့ဘူး!" သူတို့ဆီပြေးလာရင်း ချီရှန် ပြောလိုက်သည်။
သုရုံ ဆိုးရွားစွာ ပညာပေးခံနေရချိန်တွင် ဟော်ပေ့ချန် သူမကိုလုပ်ခဲ့တာက လက်ကလေးပဲ ဆေးပေးတာမို့ ဝမ်းတော့သာမိလေသည်။ သုရုံအား ပညာပေးပြီးနောက် အဖြစ်အပျက်တစ်ခုလုံးကို သူမအား ဟော်ပေ့ချန်က ရှင်းမပြချက်သည့်ပုံစံရှိလေသည်။ သူလုပ်သွားသည်က ထိုနေရာမှ ထွက်သွားခြင်းသာ ဖြစ်လေ၏။ ချီရှန်သည်လည်း သူ့သူဋ္ဌေးနောက် လိုက်သွားချင်ပေမယ့် အချိန်ခနယူုပြီးနောက် နင်မုန့်အား စူးရဲစွာ ကြည့်လျက် အော်ငေါက်တော့သည်။
"ဒီလိုကိစ္စမျိုးကို ဘယ်လိုများ လုပ်ရဲရတာလဲ? မင်းဆီကို မနက်ဖြန် ကွာရှင်းစာချုပ် ယူလာခဲ့မယ်!"
နင်မုန့် မျက်မှောင်တို့ကြုပ်လိုက်သည်။ ဒီကိစ္စ ဘယ်တော့မှ ဖြစ်မလာစေရ။
"ကျွန်မ မနက်ဖြန် မအားဘူး"
"..."
"သန်ဘက်ခါဆိုရင်လည်း ကျွန်မ မအားဘူး! ရှင့်အတွက်ဆို တသက်လုံး မအားဘူး!"
"..."
နင်မုန့်ရဲ့ ဟာသဆန်သော ရည်ရွယ်ချက်က ချီရှန်ကို ပို၍  ဒေါသထွက်လာစေ၏။
"ငတုံးမ! ငါ့ကိုတသက်လုံး ရှောင်လို့ရမယ်များ ထင်နေတာလား? ဥပဒေအရဆို ယောက်ျားနဲ့ မိန်းမ 2နှစ်လောက်  ခွဲနေတာနဲ့ နှစ်ယောက်ထဲက တစ်ယောက်က ကိုယ့်တွဲဖက်ရဲ့ ခွင့်ပြုချက်မလိုပဲ ကွာရှင်းလို့ရတယ်!"
ချီရှန် သူမကိုပြောသည့်စကား ကြားလိုက်ရသည့်အခါ နင်မုန့် မျက်နှာမှာ ဖြူဖျော့သွား၏။ သူမ လုံးဝကို ထိုအကြောင်းမေ့နေခဲ့တာ! ဟော်ပေ့ချန်နှင့်လက်ထပ်ခဲ့တုန်းက သူမ အသက်26နှစ်ဖြစ်သည်။ 6နှစ်တောင် ကြာသွားခဲ့ပြီဆိုတော့ အဓိပ္ပာယ်က ဟော်ပေ့ချန်က သူမကို 3ကြိမ်တောင်  ကွာရှင်းလို့ရတယ်ပေါ့!
အလောတကြီး ချဉ်းကပ်လာနေသော အာရုံကို သူမ ခံစားလို့ရနေ၏။ သူမ ကြောက်နေသည့် ပုံစုံကို မြင်လိုက်ရသည့်အခါ ချီရှန်သည် စိတ်ကျေနပ်စွာ ဟော်ပေ့ချန်နောက်သို့ လိုက်သွားလေတော့၏။ ထို့နောက် နင်မုန့်သည် သုရုံအတွက် ဆေးရုံကားခေါ်ပေးပြီးသည့်အခါ ထွက်လာခဲ့သည်။
အိမ်သို့ ပြန်ရောက်သည့်အခါ ဆေးရုံကားပေါ်မှာ သုရုံ သူမကို ပြောခဲ့သည့် စကားတွေကို ပြန်စဉ်းစားနေရင်း ရယ်နေမိသော သူမ ပါးစပ်အား လက်ဖြင့်အုပ်လိုက်လေ၏။
"မုန့်မုန့် မစိုးရိမ်နဲ့နော် ငါ နင့်ကို ပစ်သွားမှာ မဟုတ်ဘူး" အရှေ့သွား နှစ်ချောင်း ပျောက်နေရင်း သုရုံပြောလိုက်သည်။
ဒီအတောအတွင်း ဟော်ပေ့ချန်သည် သူမတွဲခဲ့သော ယောက်ျားတွေနှင့်ပတ်သက်၍  ဘာမှမပြောခဲ့ပေ။ သူမရဲ့ ရည်းစားဟောင်း နဲ့ လက်လေးကိုင်မိပြီးနောက် ဟော်ပေ့ချန်က အခုလို တုံ့ပြန်လိုက်ရသည့်အကြောင်းအရာကို  စဉ်းစားလို့ မရနိုင်ပေ။ တခုခုတော့ မှားသွားရမယ်။ ကတိနဲ့ပတ်သက်တာ တခုခုဖြစ်မယ်ဆိုပေမယ့်လည်း နင်မုန့်တွင် ထိုမှတ်ဉာဏ်တို့ကလည်း ရှိမနေ။ ဒါကြောင့်ပင် သူမ အိမ်ပတ်ပတ်လည်တွင် သဲလွန်စရှာနေခဲ့သည်။ cloakroomသို့ သူမ ဝင်သွားသည့်အခါတွင်တော့.....
Continue Reading
You'll Also Like
434K 16.3K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
464K 11.2K 88
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
248K 7K 82
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...
835K 31.7K 20
Crayon ~ ကျွန်တော့်ရဲ့ Crayon. Own characters* Unicode/ZAWGYI Completed. April 16 2023 - August 25 2023