ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员ap...

By MinervaDarkling

1M 231K 27.3K

MinervaLance အရင် acc က ဝင်မရလို့ အခု Acc အသစ်မှာ အဆက်ကို ဆက်တင်ပေးနေတာပါ။ ပထမအုပ်ကို My Works Reading List ထ... More

Arc 2 အပိုင်း {၂၄} (U)
Arc 2 အပိုင်း {၂၄}(Z)
Arc 2 အပိုင်း {၂၅}(U)
Arc 2 အပိုင်း {၂၆} (U)
Arc 2 အပိုင်း {၂၆} (Z)
Arc 2 အပိုင်း {၂၇} (U)
Arc 2 အပိုင်း {၂၇} (Z)
Arc 2 အပိုင်း {၂၈}
အပိုင်း {၂၉} (Z+U)
Arc 2 အပိုင်း {၃၀} (Z+U)
Arc 2 အပိုင်း {၃၁} (Z+U)
Arc 2 အပိုင်း {၃၂} (Z+U)
Arc 2 အပိုင်း {၃၃} (Z+U)
Arc 2 အပိုင်း {၃၄} (Z+U)
Arc 2 အပိုင်း {၃၅} (Z+U)
Arc 2 အပိုင်း {၃၆}(Z+U)
Arc 2 အပိုင်း {၃၇}(Z+U)
Arc 2 အပိုင်း {၃၈} (Z+U)
Arc 2 အပိုင်း {၃၉}(Z+U)
Arc 2 အပိုင်း {၄၀}(Z+U)
Arc 2 အပိုင်း {၄၁} (Z+U)
Arc 2 အပိုင်း {၄၂} (Z+U) One
Arc 2 အပိုင်း {၄၂} (Z+U) Two
Arc 2 အပိုင်း {၄၃} (Z+U)
အပိုင်း {၄၄} (Z+U)
အပိုင်း {၄၅} (Z+U)
Arc 3 အပိုင်း {၄၆} (Z+U) One
Arc 3 အပိုင်း {၄၆} (Z+U) Two
Arc 3 အပိုင်း {၄၇} (Z+U)
Arc 3 အပိုင်း {၄၈} (Z+U)
Arc 3 အပိုင်း {၄၉} (Z+U)
Arc 3 အပိုင်း {၅၀} (Z+U)
Arc 3 အပိုင်း {၅၁} (Z+U)
Arc 3 အပိုင်း {၅၂} (Z+U)
Arc 3 အပိုင်း {၅၃} (Z+U)
Arc 3 အပိုင်း {၅၄} (Z+U)
Arc 3 အပိုင်း {၅၅} (Z+U)
Arc 3 အပိုင်း {၅၆} (Z+U)
Arc 3 အပိုင်း {၅၇} (Z+U)
Arc 3 အပိုင်း {၅၈} (Z+U) One
Arc 3 အပိုင်း {၅၈}(Z+U) Two
Arc 3 အပိုင်း {၅၉} (Z+U)
Arc 3 အပိုင်း {၆၀} (Z+U)
Arc 3 အပိုင်း {၆၁} (Z+U)
Arc 3 အပိုင်း {၆၂} (Z+U) One
Arc 3 အပိုင်း {၆၂} (Z+U) Two
Arc 3 အပိုင်း {၆၃} (Z+U)
Arc 3 အပိုင်း {၆၄} (Z+U)
Arc 3 အပိုင်း {၆၅} (Z+U)
အပိုင်း {၆၆} (Z+U)
အပိုင်း {၆၇} (Z+U)
အပိုင်း {၆၈} (Z+U)
Arc 4 အပိုင်း {၆၉} (Z+U)
Arc 4 အပိုင်း {၇၀} (Z+U)
Arc 4 အပိုင်း {၇၁} (Z+U)
Arc 4 အပိုင်း {၇၂} (Z+U)
Arc 4 အပိုင်း {၇၃} (Z+U)
Arc 4 အပိုင်း {၇၄} (Z+U)
Arc 4 အပိုင်း {၇၅} (Z+U)
Arc 4 အပိုင်း {၇၆} (Z+U)
Arc 4 အပိုင်း {၇၇} (Z+U)
Arc 4 အပိုင်း {၇၈} (Z+U)
Arc 4 အပိုင်း {၇၉} (Z+U)
Arc 4 အပိုင်း {၈၀} (Z+U)
Arc 4 အပိုင်း {၈၁} (Z+U)
Arc 4 အပိုင်း {၈၂} (Z+U)
Arc 4 အပိုင်း {၈၃} (Z+U)
Arc 4 အပိုင်း {၈၄} (Z+U)
Arc 4 အပိုင်း {၈၅} (Z+U)
Arc 4 အပိုင်း {၈၆} (Z+U)
Arc 4 အပိုင်း {၈၇} (Z+U)
Arc 4 အပိုင်း {၈၈} (Z+U)
Arc 4 အပိုင်း {၈၉} (Z+U)
Arc 4 အပိုင်း {၉၀} (Z+U) One
Arc 4 အပိုင်း {၉၀} (Z+U) Two
Arc 4 အပိုင်း {၉၁} (Z+U)
Arc 4 အပိုင်း {၉၂} (Z+U)
Arc 4 အပိုင်း {၉၃} (Z+U)
Arc 4 အပိုင်း {၉၄} (Z+U)
Arc 4 အပိုင်း {၉၅} (Z+U)
Arc 4 အပိုင်း {၉၆} (Z+U)
အပိုင်း {၉၇} (Z+U)
အပိုင်း {၉၈} (Z+U)
Arc 5 အပိုင်း {၉၉} (Z+U)
Arc 5 အပိုင်း {၁၀၀} (Z+U)
Arc 5 အပိုင်း {၁၀၁} (Z+U)
Arc 5 အပိုင်း {၁၀၂} (Z+U)
Arc 5 အပိုင်း {၁၀၃} (Z+U)
Arc 5 အပိုင်း {၁၀၄} (Z+U)
Arc 5 အပိုင်း {၁၀၅} (Z+U) One
Arc 5 အပိုင်း {၁၀၅} (Z+U) Two
Arc 5 အပိုင်း {၁၀၆} (Z+U)
Arc 5 အပိုင်း {၁၀၇} (Z+U)
Arc 5 အပိုင်း {၁၀၈} (Z+U)
Arc 5 အပိုင်း {၁၀၉} (Z+U)
Arc 5 အပိုင်း (၁၁၀) (Z+U)
Arc 5 အပိုင်း {၁၁၁} (Z+U)
Arc 5 အပိုင်း {၁၁၂} (Z+U)
Arc 5 အပိုင်း {၁၁၃} (Z+U)
Arc 5 အပိုင်း {၁၁၄} (Z+U)
Arc 5 အပိုင်း {၁၁၅} (Z+U)
အပိုင်း {၁၁၆} (Z+U)
အပိုင်း {၁၁၇} (Z+U)
အပိုင်း {၁၁၈} (Z+U)
အပိုင်း {၁၁၉} (Z+U)
Arc 6 အပိုင်း {၁၂၀} (Z+U)
Arc 6 အပိုင်း {၁၂၁} (Z+U)
Arc 6 အပိုင်း {၁၂၂} (Z+U)
Arc 6 အပိုင်း {၁၂၃} (Z+U)
Arc 6 အပိုင်း {၁၂၄} (Z+U)
Arc 6 အပိုင်း {၁၂၅} (Z+U)
Arc 6 အပိုင်း {၁၂၆} (Z+U)
Arc 6 အပိုင်း {၁၂၇} (Z+U)
Arc 6 အပိုင်း {၁၂၈} (Z+U)
Arc 6 အပိုင်း {၁၂၉} (Z+U)
Arc 6 အပိုင်း {၁၃၀}(Z+U)
Arc 6 အပိုင်း {၁၃၁}(Z+U)
Arc 6 အပိုင်း {၁၃၂} (Z+U)
Arc 6 အပိုင်း {၁၃၃} (Z+U)
Arc 6 အပိုင်း {၁၃၄} (Z+U)
Arc 6 အပိုင်း {၁၃၅} (Z+U)
Arc 6 အပိုင်း {၁၃၆} (Z+U)
Arc 6 အပိုင်း {၁၃၇} (Z+U)
Arc 6 အပိုင်း {၁၃၈} (Z+U)
Arc 6 အပိုင်း {၁၃၉} (Z+U)
Arc 6 အပိုင်း {၁၄၀} (Z+U)
Arc 6 အပိုင်း {၁၄၁} (Z+U)
Arc 6 အပိုင်း {၁၄၂} (Z+U)
Arc 6 အပိုင်း {၁၄၃} (Z+U)
Arc 6 အပိုင်း {၁၄၄} (Z+U)
အပိုင်း {၁၄၅} (Z+U)
အပိုင်း {၁၄၆} (Z+U)
အပိုင်း {၁၄၇} (Z+U)
အပိုင်း {၁၄၈} (Z+U)
အပိုင်း {၁၄၉} (Z+U)
အပိုင်း {၁၅၀} (Z+U)
Arc 7 အပိုင်း {၁၅၁} (Z+U)
Arc 7 အပိုင်း {၁၅၂} One (Z+U)
Arc 7 အပိုင်း {၁၅၂} Two (Z+U)
Arc 7 အပိုင်း {၁၅၃} (Z+U)
Arc 7 အပိုင်း {၁၅၄} (Z+U)
Arc 7 အပိုင်း {၁၅၅} (Z+U)
Arc 7 အပိုင်း {၁၅၆} (Z+U)
Arc 7 အပိုင်း {၁၅၇} (Z+U)
Arc 7 အပိုင်း {၁၅၈} (Z+U)
Arc 7 အပိုင်း {၁၅၉} (Z+U)
Arc 7 အပိုင်း {၁၆၀} (Z+U)
Arc 7 အပိုင်း {၁၆၁} (Z+U)
Arc 7 အပိုင်း {၁၆၂} (Z+U)
Arc 7 အပိုင်း {၁၆၃} (Z+U)
Arc 7 အပိုင်း {၁၆၄} (Z+U)
Arc 7 အပိုင်း {၁၆၅} (Z+U)
Arc 7 အပိုင်း {၁၆၆} (Z+U)
Arc 7 အပိုင်း {၁၆၇} (Z+U)
Arc 7 အပိုင်း {၁၆၈} (Z+U)
Arc 7 အပိုင်း {၁၆၉} (Z+U)
Arc 7 အပိုင်း {၁၇၀} (Z+U)
Arc 7 အပိုင်း {၁၇၁} (Z+U)
Arc 7 အပိုင်း {၁၇၂} (Z+U)
Arc 7 အပိုင်း {၁၇၃} (Z+U)
Arc 7 အပိုင်း {၁၇၄} (Z+U)
အပိုင်း {၁၇၅} (Z+U)
အပိုင်း {၁၇၆} (Z+U)
အပိုင်း {၁၇၇} (Z+U)
အပိုင်း {၁၇၈} (Z+U)
အပိုင်း {၁၇၉}ဇာတ်သိမ်းပိုင်း(Z+U)
အချပ်ပို {တစ်}

Arc 2 အပိုင်း {၂၅} (Z)

5.6K 570 8
By MinervaDarkling


ZAWGYI

[ ဤတာဝန်အား လက်ခံ၊မခံသည် ကာယကံ
ရှင်ပေါ်တွင်သာမူတည်သည်။ ပထမဆုံစပြီး
စီးသူအား ၅၀မှတ် ချီးမြှင့်မည်ဖြစ်ပြီး ဒုတိယ
အတွက် ၃၀ မှတ်၊ တတိယအတွက် ၁၀ မှတ်
အစ ရှိသဖြင့်ဖြစ်သည်။ မပြီးဆုံးနိုင်သည့်
သူများဆီမှ အမှတ် ၅၀ နုတ်ယူမည်ဖြစ်
သည်။လက်ခံပြီးပါက ၅၀ ကီလိုမီတာအတွင်း
ဖုတ်ကောင်များရှိသည့် တည်နေရာ သုံးခုကို
App မှပြပေးမည်ဖြစ်သည်။ တာဝန်သည်
တစ်ရက်နှင့် တစ်ညသာ အကျုံးဝင်ပါသည်]

[ဇာတ်ကြောင်း၏အဓိကဖြစ်သော ဖုတ်ကောင်
ကို ပစ်မှတ်အဖြစ်ရွေးချယ်၍မရနိုင်ကြောင်း
အရေးတကြီး မှတ်သားထားသင့်သည်။]

ဖုတ်ကောင်လက်စွဲတွင် ရေးသားထားသည်
က ဖုတ်ကောင်ကိုက်ခြင်းကို ခံရပြီးနောက်
အဆိပ်မပြင်းပါက ကောက်ညှင်းဆန်ဆေး
ရေတွင်သာ ခန္ဓာကိုယ်ကို စိမ်ထားခြင်း၊
ဒဏ်ရာတွင် ကောက်ညှင်းဆန်ကို အုပ်ပေး
ခြင်းနှင့် လေ့ကျင်ခန်းလုပ်ပြီး သွေးလည်
ပတ်စီးဆင်းမှုကို ကောင်းစေခြင်းတို့လုပ်
လျှင် ပုံမှန်အားဖြင့် အလောင်းလူသားအ
ဖြစ်မှ သက်သာလာနိုင်ကြသည်။ အကယ်၍
အလောင်းကောင်အဆိပ်အတော်ပြင်းပါက
ဤလုပ်ရပ်များသည် ဖုတ်ကောင်ဖြစ်လာ
မည့် အရှိန်ကိုသာထိန်းထားနိုင်ပြီး မကုသ
နိုင်ပေ။ ထိုအချိန်တွင် ဖုတ်ကောင် သွားချေ
မှုန့်နှင့် သွေးကို လိုအပ်သည်။

ဖုတ်ကောင် သွားချေမှုန့်ဆိုသည်မှာ ဖုတ်
ကောင်၏ သွား မှရလာသည့် အမှုန့်ဖြစ်
သည်။

တာဝန်အကြောင်းကို ကြားလိုက်ကြသူများ
သည် အလိုအလျောက်ပင် ဝန်းခြံထဲရှိ
ကြေးထောင့်ကပ် ရွှေရောင်အခေါင်းကြီးကို လှမ်းကြည့်ကြကာ ထိုထဲရှိ ဖုတ်ကောင်၏
သွားကို သုံးကြရန် တွေးနေကြသည်မှာ
သိသာလှသည်။ သို့သော် App က ထိုအ
ကြောင်းနှင့်ပက်သက်၍အထူး အသိပေး
ထားသောကြောင့် ထိုအကြံကိုရပ်လိုက်ကြ
ရသည်။ အချင်းချင်း သတိကြီးနေကြဟန်
ဖြင့် လိုက်ကြည့်နေကြပြီး ဘယ်သူကမှ တာ
ဝန်ကို စ၍လက်မခံကြပေ။

ယန်ကျင်းက ပါးစပ်ဟလိုက်သည်။
"အကိုရှဲ့၊ အကို လက်ခံမှာ-"

သူစကားပြော၍မဆုံးလိုက်သေးခင်တွင်
ရှဲ့ချီက Screen ကို ပွတ်ဆွဲကာလက်ခံ
လိုက်သည်ကို လုဝမ်မြင်လိုက်ရသည်။
ကြည့်ရသည်မှာ သူ့အတွက် စဉ်းစားစရာ
ပင် မလိုသည့်ပုံပင်။

ရှဲ့ချီကို နားချခွင့်မရလိုက်သောကြောင့် လု
ဝမ် နည်းနည်းစိတ်ရှုပ်သွားရသည်။
"ဒီတာဝန်က အချိန်အရမ်းကြာပြီး ဆုရ
တာကနည်းနည်းလေးရယ်။ ပြီးတောင်
မပြီးသေးတာကို လက်မခင်ပေးထါးတဲ့
အချက်အလက်ကလည်း မလုံလောက်
ဘူး။ တကယ်က တစ်ခြားသူတွေရဲ့ အခြေ
အနေကို ကြည့်ရအောင် စောင့်နေခဲ့ပြီးမှ စဉ်း
စားကြည့်..."

ရှဲ့ချီက ပြုံးလိုက်သည်။ "ကျွန်တော် အမှတ်
တွေလိုနေတာပြီးတော့ တစ်မှတ်မှကို အ
လွတ်မပေးချင်ဘူး။"

ထို့နောက် သူ့ခေါင်းကို ငုံ့လိုက်ပြီး သူ့ကိုယ်
ပေါ်က ဖုံတွေကို ခါချလိုက်သည်။

ရှဲ့ချီဆီမှ အကြည့်လွှဲရန် နည်းနည်းခက်ခဲလှ
ကြောင်း လုဝမ်သိလိုက်ရသည်။ "အရမ်း
ဒုက္ခများရင် ဘယ့်နှယ်လုပ်မလဲ။ ဒီမှာနေ
နေတာကမှ ဇာတ်ကြောင်းရှာဖွေမှုတိုးနိုင်
တယ်လေ။ ပြီးတော့ အခေါင်းကလည်း ဒီ
မှာပဲကိုး..."

"ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် လှည့်ပြန်
စရာလမ်းမပေးတတ်ဘူး။" ရှဲ့ချီက သူ့
ကိုယ်သူ ရှင်းနေရင်း ပေါ့ပေါ့ပါးပါးပင်
ပြန်ဖြေသည်။ "ဒီလိုသာဆို တန်လားမတန်
လားဆိုပြီး စဉ်းစားနေဖို့ ကျွန်တော်အချိန်
မဖြုန်းမိတော့ဘူး။ ကျွန်တော် စိတ်ဆုံးဖြတ်
လိုက်ပြီးပြီဆိုရင် အမြဲတမ်း လုပ်လို့ပြီးတယ်။
အရမ်းကြီးတွေးနေရတာ စိတ်ရှုပ်ဖို့ကောင်း
တယ်။"

ရှဲ့ချီက စိတ်မရှည်သည်ကို ပြခဲသော်လည်း
ဒီတစ်ခါတော့ဖြင့် သူ မျက်မှောင်ကျုံ့နေ
ခဲ့သည်။

ရှဲ့ချီသည် သူ လုပ်ချင်သမျှလုပ်ပြီး ကြီးပြင်း
လာရခြင်းဖြစ်သည်။ သူ တစ်နေ့ကျလျှင်
သူ့ကိုကိုအား လုံးဝပိုင်ဆိုင်ရမည်ဆိုသည်
ကိုလည်း တစ်ခါမှ သံသာမရှိခဲ့ဘူးပေ။

ယန်ကျင်းမှာ ရင်ထဲထိသွားရသည်။အကိုရှဲ့
က စကတည်းကအဆုံးထိ ဒီအတိုင်းသာ
ပင်။ ခက်ခဲသည် မခက်ခဲသည်ကို သူ ဘယ်
တော့မှ မစဉ်းစားလဲခဲ့ပေ။ ဖြစ်နိုင်သည် မ
ဖြစ်နိုင်သည်ကိုမှ စဉ်းစားရတာ တန်သည်
ဟု ယူဆသည်။ ထိုနည်းနှင့်ပင် သူ၏ သိမ်း
သွင်းသည့် စကေးဖြင့်သာ ပစ္စည်းများစွာ
ဝယ်လာပြီး အမျိုးသမီးဘော့စ်၏ အဆင့်
မြင့် အိမ်ယာဝန်းတွင်းအထိပါ ရောက်အောင်
ဝင်နိုင်ခဲ့သည်။ အခြေအနေကို ကောင်း
ကောင်းမသိပါပဲ နေခဲ့ပြီးတော့မှ အရံဇာတ်
ကြောင်းကို စိန်ခေါ်ခဲ့ပြန်သည်...

အကိုရှဲ့၏နောက်ကို ယုံယုံကြည်ကြည်နှက့်
မျက်စိမှိတ်လိုက်သွားဖို့ရာ လွယ်ကူလေ
သည်။ ယန်ကျင်းခပ်တိုးတိုး သက်ပြင်းချ
လိုက်မိသည်။ အကိုရှဲ့ ကြည့်ရသည့်မှာ ဘာ
မဆို လုပ်နိုင်သည်ကိုး။ မည်မျှတော်သည့်
ပုဂ္ဂိုလ်ဖြစ်ပါစေ၊ သူက အသာလေး အုပ်
မိုးသွားနိုင်သည်။ ယန်ကျင်း ခြောက်ခြား
စရာ ဇာတ်ကားတွင်းသို့ မဝင်ခဲ့မှီက သူ့ကို
ရတနာတစ်ခုလို သဘောထားကြဖို့ရာ လွယ်
လွယ်လေးဟု သူထင်ခဲ့သည်။ သူ့မှာ ယင်
ယန် မျက်လုံးရှိသည်ကိုး။ ရှဲ့ချီကို သိခွင့်ရ
သည့်အခါမှသာ ရှဲ့ချီတွင် တွဲဖက်မလို
ကြောင်းကို သဘောပေါက်သွားရသည်။
ရှဲ့ချီသည် သူကိုယ်တိုင် အကုန်လုံးကို ပြီး
အောင်လုပ်နိုင်သည်။ ယန်ကျင်းကို တွဲခေါ်
သွားသည်မှာ ယုံကြည်မှုကို ပြန်ပေးဖို့သာ
ဖြစ်ပေလိမ့်မည်။

ဒီ... ယုံကြည်မှုအပြည့်နှင့် ကိုယ့်ဖက်ကိုယ်
ယက်လွန်းသူသည် အခြားသူများ၏ ခံစား
ချက်ကိုလည်း မဝင့်ကြွားပဲ စောင့်ရှောက်
တတ်ပြီး လူတွေကို သိမ်ငယ်စေပြန်သည်။
ရုတ်တရက် ယန်ကျင်း နည်းနည်း ခံစားသွား
ရသည်။ သူ့ စိတ်ဆန္ဒက ပြည့်လာနိုင်မလား
သူမသိသော်လည်း ရှဲ့ချီ၏ စိတ်ဆန္ဒက အ
လွန့် အလွန် ဈေးကြီးမည်ကိုဖြင့် သူ လုံး
ဝ သံသယမရှိပေ။

ထိုအချိန်တွင် လုဝမ်ကတော့ ခဏတာ ဆွံ့အ
သွားရသည်။ ရှဲ့ချီသည် လုဝမ်ထင်ထား
သည့်ပုံစံနှင့် မတူသည့်ပုံပင်။

"ယန်ကျင်း?" ရှဲ့ချီ ခပ်တိုးတိုးခေါ်သံက ယန်
ကျင်းကို သူ၏အတွေးများဆီမှ လှုပ်နှိုး
လိုက်သည်။

တာဝန်ကိုလက်ခံပြီးသည့်နောက် ရှဲ့ချီ ချက်
ချင်းပင် App မှ ပို့လိုက်သည့် ဖုတ်ကောင်
၏ တည်နေရာများကို ရရှိလေသည်။သူ
တစ်ချက်ကြည့်လိုက်ပြီး ပြုံးလိုက်သည်။
"လက်စသတ်တော့ ထူးဆန်းတဲ့ တာဝန်
ဖြစ်နေတာကိုး။"

လုဝမ်က ဘေးကိုတိုးလာပြီး ရှဲ့ချီ၏ ဖုန်း
မျက်နှာပြင်ကို ကြည့်လိုက်သည်။ မြန့်
တောင်တန်းများကို အပေါ်စီးမှမြင်ရသည့်
မြင်ကွင်းဖြစ်လေသည်။ မြန့်တောင်တန်း
၏ ပုံစံအကျဉ်းချုပ်သည် လူတစ်ယောက်
ဘေးတိုက်အိပ်နေသည့် ရှည်မျောမျောပုံစံ
ဖြစ်လေသည်။ ရှဲ့ချီက မြေပုံကို တော်တော်
များများ ချဲ့ကြည့်သောအခါ မြန့်တောင်
တန်း တစ်ခုလုံးကို မြင်ရနိုင်သည်။

သူတို့က ယခု မြန့်တောင်တန်း၏ ဘေးဖက်
လမ်းတစ်ဝက်တွင် ရှိနေကြသည်။ မြေပုံ
ပေါ်ရှိ အစိမ်းရောင်အစက်များမှာ တွေ့ရ
ဖို့ လွယ်ကူလေသည်။ ထို့အပြင် မြေပုံပေါ်
တွင် အနီရောင် အစက်သုံးခုရှိလေသည်။

သူတို့နှင့် အနီးဆုံးအနီစက်မှာ အဓိကတောင်
ထွဋ်၏ အောက်ခြေတွင်ရှိပြီး အောက်နား
တွင် အနီရောင်ကြယ်သုံးပွင့် သင်္ကေတပါ
သည်။ အဝေးဆုံးအနီစက်က မြေပုံ၏
အောက်ဆုံးတွင်ရှိပြီး မြေပုံ၏အပြင်ဖက်
ရောက်လုနီးပါးပင်။ မနီးမဝေးတွင် ကြယ်
နှစ်ပွင့်သင်္ကေတ တစ်ခုလည်းရှိသည်။

ထိုအရာများကို မြေပုံပေါ်တွင် သေသေချာ
ချာပင် အမှတ်သားပြထားသည်။ ကြယ်များ
သည် အန္တရာယ်အတိုင်းတာကို ပြကြခြင်း
ဖြစ်သည်။ ကြယ်များလေလေ ထိုနေရာက
အန္တရာယ်ပိုရှိလေလေဖြစ်သည်။

လုဝမ်သည် တာဝန်ကို လက်မခံရသေးပဲ
ရှဲ့ချီက ကြယ်သုံးပွင့်ပါသည့် အနီစက်ကို
ဖွင့်လိုက်သည်အား တွေ့လိုက်ရသည်။

ရိုးရှင်းသည့် စာပိုဒ်တစ်ခုပေါ်လာသည်:
ဤနေရာတွင် အစက တောင်ပေါ်သားများ
တစ်အုပ်စုနေကြလေသည်။တစ်ချို့မိသား
စုများ အလောင်းများကို ဂရုမထားပဲ ပြု
မူကြသောကြောင့် အလောင်းများက ဖုတ်
ကောင်များဖြစ်ကုန်ပြီး လွတ်ကုန်ကြသည်။
တောင်ပေါ်သားများအကုန် ညတွင်းချင်းပင်
ကိုက်ခံရပြီး တစ်ရက်နှစ်ရက်အတွင်းပင်
ဖုတ်ကောင်များဖြစ်ကုန်ကြသည်။ လူသူ
အရောက်နည်းသောနေရာတွင်ဖြစ်ကြသော
ကြောင့် ထိုအကြောင်းကို ကြားကြသည့်
တောက်ဆရာများမှာ လာနေသည့် လမ်း
တွင်သာရှိကြသေးသည်။ ဤနေရာရှိအခြေ
အနေသည် ထိန်းသိမ်းမရတော့ပဲ ပို၍ဆိုး
လာနေသေးသည်သာ။

အန္တရာယ်အဆင့်: ကြယ်သုံးပွင့်။ အကျိုး
ကျေးဇူး: နေရာနီးခြင်း(သာမန်လူများ ထို
နေရာသို့ လမ်းလျှောက်သွားရန် ၆နာရီ
ကြာသည်ဟု ခန့်မှန်းရသည်)၊ ပစ်မှတ်များ
ပြားခြင်း။

ကြယ်တစ်ပွင့်က ဤသို့ပြသည်: ဤနေရာ
တွင် ဖုတ်ကောင်တစ်ကောင်ရှိသည်။ ဂရု
မစိုက်သည့် တောက်ဆရာတစ်ယောက်က
အလောင်းနှင်နေစဉ်တွင် တစ်ကောင်
လွတ်သွားခြင်းဖြစ်ပြီး ပြန်ယူဖို့ရာ အချိန်မ
ရှိသေးပေ။

အန္တရာယ်အဆင့်: ကြယ်တစ်ပွင့်။ ဆိုးကျိုး
များ: နေရာဝေးခြင်း။(သာမန်လူများ ထို
နေကာသို့ လမ်းလျှောက်သွားပါက ၁၀.၅
နာရီခန့်ကြာမည်ဟု ခန့်မှန်းရသည်)၊ ဖုတ်
ကောင်ကို ရှာရခက်သည်။

ကြယ်နှစ်ပွင့်နေရာက ကြယ်တစ်ပွင့်နှင့်
ကြယ်သုံးပွင့်၏ ကောင်းကွက်၊ဆိုးကွက်
များကို ပေါင်းထားခြင်းဖြစ်သည်။ အန္တရာယ်
ရှိမှုက သာမန်သာဖြစ်သော်လည်း အချိန်
အတော်ပေးရသည်။ အတော်ကို ညီမျှသည့်
ရွေးချယ်စရာပင်ဖြစ်သည်။

ယန်ကျင်းသည် လုဝမ်ပြောသည်ကိုနား
ထောင်ပြီး မျက်မှောင်ကျုံ့လိုက်သည်။
"၁၀.၅ နာရီဆိုတာ မလွန်လွန်းဘူးလား။
တစ်နေ့နဲ့ တစ်ညပဲအချိန်ရတာကို။အသွား
အပြန် ၂၁ နာရီကြာမယ့်အပြင် ဖုတ်ကောင်
ကိုကလည်း ရှာရဦးမှာလေ။ သုံးနာရီနဲ့
ဘယ်လောက်မလဲ။ ပထမဆုံးပြီးတဲ့ဆုက
လည်း ရှိသေးတာဆိုတော့ အဲ့နေရာကိုသွား
တာက အလကားပဲလေ။"

သူ့အတွေးတွေ အရမ်းရှုပ်သွားသည်။
" ဒါပေမယ့်လည်း ဒီနေရာက တော်တော်
အန္တရာယ်ကင်းတယ်။ ဖုတ်ကောင်ကတစ်
ကောင်တည်းရှိပြီး ပြောထားပုံအရတော့ နှိမ်
နင်းရလွယ်တဲ့ အဆင့်နိမ့် ဖုတ်ကောင်ပဲ
ဖြစ်လိမ့်မယ်။"

လုဝမ်က သဘောမတူပေ။ "အဲ့ဒါက သာမန်
လူတွေ လမ်းလျှောက်နှုန်းလေ။ ငါနဲ့ အကို
ရှဲ့သာ အသွားအပြန် ပြေးသွားမယ်ဆိုရင် အဲ့လောက်ကိုမကြာပါဘူး။ဖုတ်ကောင်ကို ရှာ
ဖို့ ခန့်မှန်းကြာချိန်က ရှစ်နာရီဆိုရင်တောင်
တော်တော်များနေပါပြီ။"

[ဖုတ်သရဲချစ်သူ မှာ ဒီလိုမျိုး ဆန်းသစ်တဲ့
သရုပ်ဆောင်လုပ်ဆောင်ချက်တွေလည်း ပါ
တာပဲ။ဒီလို ထူးဆန်းတဲ့ တာဝန်မျိုး ပထမ
ဆုံးမြင်ဖူးတာပဲ။ အွန်လိုင်းဂိမ်းတွေနဲ့တောင်
တူသေးတယ်။]

[ဘယ်တစ်ခုကို မင်းရွေးမှာလဲ။]

[ကြယ်တစ်ပွင့်ပေါ့။ အန္တရာယ်ကင်းပြီး အ
ဆင့်မှာ မကောင်းလောက်ပေမယ့် အမှတ်
က ရမှာပဲလေ။]

[မဟုတ်ဘူးလေ။ သူတို့ ဖုတ်ကောင်ကို ရှာ
မတွေ့ရင် ဘယ်လိုလုပ်မလဲ။ ရှောင်ကော
ကောရဲ့ ပကွားက အနီးနားမှာ ဖုတ်ကောင်
ရှိလားပဲပြနိုင်တာလေ။တည်နေရာကို မပြ
နိုင်ဘူး။ ကြယ်နှစ်ပွင့်က ပိုအန္တရာယ်ကင်း
တယ်။]

[လုဝမ်နဲ့ ရှောင် ​​ကောကောက အားကောင်း
တယ်ဆိုပေမယ့် ဖုတ်ကောင်ရွာမှာက ဖုတ်
ကောင်တွေများလွန်းတယ်။ သူတို့ကို နိုင်
အောင်တိုက်ဖို့ခက်လိမ့်မယ်။ မတော်တဆ
များ ဖြစ်သွားခဲ့ရင်...]

[ရှောင်ကောကောချတာကြည့်ချင်တယ်။
သူက အရမ်းချောလွန်းတယ်။ ဖုတ်ကောင်
ရွာကို မဲပေးတယ်။]

သူတို့ ထိုအကြောင်း ဆွေးနွေးနေစဉ်တွင်
ရှဲ့ချီသည် သူ၏ မျက်မှန်ကို အနည်းငယ်
ပင့်တင်လိုက်ကာ အတွေးများနေသည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် App ပေါ်
နှိပ်လိုက်ပြန်သည်။ ဒီတစ်ခါဖြင့် အချက်
အလက်တွေရှာမည့်အစား ဈေးဆိုင်ကို
ဖွင့်လိုက်သည်။

ဈေးထဲတွင် ပစ္စည်းများစွာရှိသည်။ အိုင်
တမ် မျိုးစုံရှိသော်လည်း အများအားဖြင့်
အဆင့်နိမ့်သောကြောင့် အထူးအခြေအ
နေများမှလွဲ၍ သရုပ်​ဆောင်များသည်
ဈေးဆိုင်တွက် ပစ္စည်းများဝယ်ရင်း အ
မှတ်များကို မဖြုန်းကြပေ။

ရှဲ့ချီသည် အရင်တစ်ခါက ကျိုးဝမ် သူ့
အပေါ်သုံးရန်ပြင်ခဲ့သည့် စေတန့်မျက်လုံး
ကို ကြည့်လိုက်သည်။

ကြည့်ကြည့်တော့ စေတန့်မျက်လုံးကို တက်
သစ်စ ဇာတ်ကားများတွင်သာ သုံးခွင့်ရှိလေ
သည်။ တကယ်တော့ ထိုအရာ ကောင်း
ကောင်းလုပ်နိုင်သည်က မရှိသလောက်
ပင်။ သဘောကား အခြားသူများကိုသာ
ဒုက္ခပေးနိုင်လေသည်။ ထို့ကြောင့်ပင်
အဆင့်နိမ့် အိုင်တမ်အဖြစ်သတ်မှတ်ပြီး
App ဈေးဆိုင်တွေ ရှိနေခြင်းပင်။

ဈေးထဲရှိ အသုံးဝင်သည့် အိုင်တမ်များက
အများအားဖြင့် အလွန်ရှားပါးပြီး သုံးနိုင်
စွမ်းကလည်း နည်းပါးသည်။ အရမ်းကို
အသုံးမကျခြင်းပင်။ အမှန်တကယ်
အသုံးဝင်သည့် အဆင့်မြင့် အိုင်တမ်များ
သည် ခြောက်ခြားစရာ ဇာတ်ကားများထဲ
တွင်သာ ကျနိုင်(ရနိုင်)လေသည်။

ဥပမာ ခြောက်ခြားစရာ ဇာတ်ကားတိုင်း
တွင် သုံးနိုင်သော လုဝမ်၏ လှပသည့်
မက်မွန်သား ဓားကဲ့သို့ပင်။ ထို့ကြောင့်
လည်း အရင် ဖုတ်ကောင်ဇာတ်ကားပြီး
သောအခါ လုဝမ်က နောက်ထပ်ဖုတ်
ကောင် ဇာတ်ကားကို ဝင်လာခြင်းဖြစ်
သည်။ သူ့တွင် ဤကဲ့သို့ အိုင်တမ်ရှိ
သောကြောင့် ဖုတ်ကောင်ဇာတ်ကားများ
တွင် သူအသက်ရှင်ဖို့ရာက အာမခံပြီးသား
ပင်။

ထို့အပြင် ဇာတ်ကားများကြည့်သည့်အခါ
တွင် ပရိသတ်အကြိုက်ကလည်း ရှိသေး
သည်။ အမျိုးအစားတူဇာတ်ကားများကို
သာ ရိုက်တတ်သည့် သရုပ်ဆောင်တစ်
ယောက်က ဤအမျိုးအစာကို ကြိုက်
သည့် ပရိသတ်များကို ပို၍ဆွဲဆောင်နိုင်
ပြီး ပရိသတ်၏ ယုံကြည်မှုကို အနိုင်ရရန်
ပို၍လွယ်ကူစေလေသည်။

ရှဲ့ချီက ဖုတ်သရဲ ချစ်သူကို ဝင်လာပြီး​နောက်
သူ၏ ပရိသတ်များ ဖြည်းဖြည်းချင်း သိ
သိသာသာ တက်လာသည်။ သေးသေးလေး
သာပေါက်သွားသော်လည်း အကောင်းကြီး
ဖြင့် မဟုတ်သေးပေ။ အကြောင်းရင်းတစ်
ခုကား သူသည် သရဲကားမှ ဖုတ်ကောင်
ကားသို့ ပြောင်းလာခြင်းကြောင့်ပင်။သူ၏
နဂို ပရိသတ်များက သူ၏ ဖုတ်ကောင်ဇာတ်
ကားအကြောင်းမသိကြစဉ်တွင် ဖုတ်
ကောင်ကားကို သဘောကျကြသည့် ပရိ
သတ်များက သူ့အကြောင်း ဘာမှမသိကြ
ပေ။

ပရိသတ်က သရုပ်ဆောင်တစ်ယောက်အ
ပေါ် အမြင်ကြည်လျှင်တောင်မှ အများစု
သည် စောင့်ပြီးကြည့်ကြဖို့သာ အရင်ဆုံး
ရွေးချယ်ကြသည်။အကြောင်းကား ယုံ
ကြည်မှုနှင့် နားလည်မှုမရှိသောကြောင့်ပင်။

ပရိသတ်တစ်ယောက်က သရုပ်ဆောင်တစ်
ယောက်ကို Follow ရသည့် အကြောင်းရင်း
ယေဘူယျအားဖြင့် နှစ်ချက်ရှိလေသည်။
တစ်ခုကား သူ၏တစ်ကိုယ်တော် ခရီးကို
လိုက်ပါပြီး အမျိုးအစားတူသည့် ဇာတ်
ကားများကို ကြည့်ရန်ဖြစ်သည်။ ဥပမာ၊
ကျိုးဝမ်သည် အပြာကားဆန်သည့်အရာ
များကို လုပ်တတ်ပြီး အပြာကားကြိုက်
သည့် သူများကို သူ့ကို Follow လုပ်ကြ
သည်။ နောက်တစ်ချက်ကား သရုပ်ဆောင်
၏ ပင်ကိုယ်ဆွဲဆောင်မှုကြောင့်ပင်။

ထို့​ကြောင့် ဒုတိယနည်းကိုသာသုံးပြီး
ပရိသတ်များ၏ အာရုံကိုဖမ်းစားချင်သည့် သရုပ်ဆောင်သည် လုဝမ်၊ယွဲ့ရှုံ့မင်နှင့် ကျိုး
ထုံကဲ့သို့သော သူများထက် အစနှေးတတ်
သည်။

လက်ရှိတွင် ရှဲ့ချီသည် ထိုအကြောင်းကို
စဉ်းစားဖို့ရာ စိတ်မပါသေးပေ။ ရှဲ့ချီသည်
'စမ်းကြည့်ကြည့်မယ်လေ'ဟူသော စိတ်
ထားဖြင့် သူလိုချင်သည်ကို ဈေး၏ ရှာ
ဖွေရန်နေရာတွင် ထည့်လိုက်သည်။ Appက
စက္ကန့်အနည်းငယ်ကြာ ဖတ်နေပြီးမှ သူ
လိုချင်သည့် အိုင်တမ်ထွက်လာသည်။ထို့
အပြင် ဈေးကလည်း အတော်ကိုသင့်လှ
သည်။ အလကားပေးနေသည်နှင့်ပင် တူ
သေးသည်။

ရှဲ့ချီသည် ကျေနပ်အားရစွာပြုံးလိုက်ပြီး
ဈေးထဲမှ ထွက်လိုက်သည်။ "ကျွန်တော်
ဖုတ်ကောင်ရွာကိုသွားမလို့။ မင်းကော
သွားမှာလား။"

သူပြောနေစဉ် တောက်ဆရာဝတ်စုံကို ဝတ်
လိုက်ပြီး ခါးတွင် ခါးပတ်ကြိုးကိုချည်ကာ
ကောက်ညှင်းဆန်အိတ်လေးကိုပါ ချိတ်လိုက်
သည်။ သူ့ကြည့်ရသည်မှာ အလျင်လိုနေ
သည့်ပုံ ပေါက်သော်လည်း တည်ငြိမ်နေသေး
သည်။

လုဝမ် အံ့ဩသွားရသည်။ ဤလူသား ဒီ
လောက်မြန်မြန်ဆုံးဖြတ်လိမ့်မည်ဟု သူမ
ထင်ထားပေ။ လုဝမ်ကမေးလိုက်သည်။
"ကြယ်နှစ်ပွင့်ကို မင်းမစဉ်းစားတော့ဘူး
လား။ ဖုတ်ကောင်ရွာမှာက ဖုတ်ကောင်
တွေများလွန်းပြီး ဖုတ်ကောင်တွေဆီက သွေး
ရဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အထူးအိုင်တမ်မရှိ
ပဲနဲ့ ဖုတ်ကောင်တွေဆီက သွေးယူလို့မရ
ဘူးလေ။ ဖုတ်ကောင်ရဲ့ သွားကို ခြစ်ယူ
လို့ရပေမယ့် ဒါကလည်း ကထိကထများ
လွန်းတယ်။ သွားကြိတ်ပြန်ရင်လည်း
တစ်ခြားဖုတ်ကောင်တွေတိုက်တာခံရဖို့
က လွယ်သေးတယ်..."

လုဝမ်သည် ရှဲ့ချီကို နှောင့်ယှက်နေသည်
မဟုတ်ပဲ သူစိတ်ပူနေသည်ကိုသာ ပြောပြ
ခြင်းဖြစ်သည်။ သူ ရှဲ့ချီ၏လုပ်နိုင်စွမ်းကို
မြင်ပြီးဖြစ်သော်လည်း ဖုတ်ကောင်ရွာက
လျှော့တွက်၍ရသည်တော့မဟုတ်ပေ။ ရှဲ့ချီ
၏အသက်လုံးဝအန္တရာယ်ကင်းနိုင်သော်
လည်း ဖုတ်ကောင်တွေအများကြီးကို
ရှောင်ဖို့ကား မလွယ်လှပေ။ ဤနေရာတွင်
နည်းနည်း ပြဿနာများပြီး ဆုံးရှုံးရသည်
နှင့် မတန်ပေ။

ရှဲ့ချီက ပြုံးပြလိုက်သည်။"ရပါတယ်။"

သူ့ပုံစံက လုံးဝတည်ငြိမ်နေသည်။

လုဝမ်သည် စက္ကန့်အနည်းငယ်ကြာ စဉ်းစား
ကြည့်လိုက်သည်။
"ငါမင်းနဲ့ အတူသွားမယ်။"

"ကောင်းပြီလေ" ရှဲ့ချီက ယန်ကျင်းဖက်သို့
လှည့်လိုက်သည်။ "မင်းကကော.."

ယန်ကျင်း ခေါင်းခါလိုက်သည်။"ကျွန်တော်
မသွားတော့ဘူး။ ကျွန်တော် ဒီတာဝန်ကို
လုပ်ရင် အကိုတို့ကို ဒုက္ခပေးနေတာပဲရှိ
မှာ။ ဒီမှာပဲ တောက်ဆရာ ရွှမ်ချန်ကို ကြည့်
ထားပေးတော့မယ်။"

လုဝမ်နှင့် ရှဲ့ချီ ခေါင်းငြိမ့်ပြလိုက်သည်။

[ဖုတ်ရွာကိုသွားဖို့ လွယ်လွယ်လေးဆုံးဖြတ်
လိုက်တယ်? သူက မိုက်ပေမယ့် အမှန်အပို
လေး ၁၀ မှတ် ၂၀ မှတ်လောက်အတွက် အဲ့
လောက်ကြီးသွားစရာလိုလို့လား။ အဲ့နေရာ
မှာ ဖုတ်ကောင်တွေအများကြီးကို...]

[ရှောင်ကောကော ချတာကြည့်ရတော့မယ်။
ဒါကမှ ငါစိတ်ဝင်စားတာပဲ။]

[ခုဏက ဈေးကိုဖွင့်လိုက်တယ်ထင်တာပဲ။
သူ ဘာကိုကြည့်နေတာလဲ မြင်လိုက်ကြ
လား။]

[မမြင်လိုက်ဘူး။]

လုဝမ်နှင့် ရှဲ့ချီတို့ တည်းခိုခန်းမှ ထွက်လာ
စဉ်တွင် ဒုတိယထပ် လှေကားမှ ဆင်းလာ
သော ကျိုးထုံကို သူတို့ တွေ့လိုက်သည်။

ရှဲ့ချီသည် ကျိုးထုံကို ခဏကြည့်လိုက်ပြီး
သူ၏ မျက်လုံးများလက်သွားသည်။ဇာတ်
ကြောင်းရှာဖွေရမည့် အရေးအကြီးဆုံးအ
ချိန်တွင် ကျိုးထုံက အပေါ်ထပ်ကိုသွားပြီး
အဝတ်စားလဲနေသည်တဲ့လား။

ရှဲ့ချီ၏ စူးစမ်းနေသည့်မျက်လုံးများကို ခံ
စားမိပြီး ကျိုးထုံအပြစ်ရှိသလို နည်းနည်း
ခံစားလိုက်ရသည်။ ရှဲ့ချီ၏အကြည့်ကို
ရှောင်ကာ ရှဲ့ချီကို မသိချင်ယောင်ဆောင်
ပြီး နောက်ဖေးခြံတွင် ယွဲ့ရှုံ့မင်အားလိုက်
ရှာရန် အောက်ထပ်သို့ ဆင်းသွားသည်။
ဖြစ်နိုင်ချေတစ်ခုက ရှဲ့ချီ၏ခေါင်းထဲတွင်
ဖြတ်ပြေးသွားပြီး လက်ရှည်စထဲရှိသူ၏
လက်များ နည်းနည်းဆုပ်မိသွားသည်။
တံခါးရှေ့တွင် သူရပ်လိုက်သည်။

လုဝမ်သည် လှည့်ကြည့်ကာ မေးလိုက်သည်။
"ဘာဖြစ်လို့လဲ။"

ရှဲ့ချီ၏ အမူယာက နည်းနည်း လေးပင်နေ
သည်။ "အကိုလု အနောက်ခြံဝန်းထဲသွား
ပြီး ယန်ကျင်းကို ခေါ်ပေးပါလား။ သူ့ကို
ကျွန်တော်တို့နဲ့အတူ ဖုတ်ကောင် သွားချေ
မှုန့် လာရှာခိုင်းလိုက်ပါ။"

"ယန်ကျင်းက သူမသွားချင်ဘူးလို့ ပြောတယ်
မလား။" လုဝမ် ကြောင်သွားသည်။

ရှဲ့ချီသည် ချက်ချင်းပင် သူ့မျက်နှာကို ပြင်
လိုက်ပြီး ပြုံးပြသည်။ "ဒီအတိုင်း သွားပြီး
သာခေါ်လိုက်ပါ။ အကို လုကိုပဲ လုပ်ခိုင်းရ
တော့မယ်။"

လုဝမ်သည် မေးခွန်းထုတ်နေသည်ကို ရပ်
လိုက်ပြီး ယန်ကျင်းကိုရှာရန် နောက်ဖေး
ခြံဝန်းထဲသို့ သွားလိုက်သည်။

သူ၏နောက်တွင် ရှဲ့ချီ၏မျက်နှာက ပြန်ပြီး
သုန်မှုန်သွားပြန်သည်။

မှင်အမှတ်သားသည် စကတည်းက အဆုံး
ထိ အသုံးမဝင်နေသောကြောင့် တောက်
ဆရာ ရွှမ်ချန် ဒဏ်ရာမရသေးခင်က
ဖုတ်ကောင်နိုးနေတာ ဖြစ်နိုင်လောက်လား။
တကယ်လို့ ဖုတ်ကောင် အရင်ဆုံး ခြစ်မိ
ဒါမှမဟုတ် ကိုက်မိလိုက်တာက တောက်
ဆရာ ရွှမ်ချန်မဟုတ်ပဲ... ကျိုးထုံဖြစ်နေရင်
ကော။

ရှဲ့ချီသည် ခြံဝန်းထဲတွင် ကျိုးထုံကို မြင်
လိုက်သည့် မြင်ကွင်းကို ပြန်တွေးကြည့်
သည်။ ကျိုးထုံက ကြောက်လန့်နေပြီး တစ်
ခုခုကို ဖုံးကွယ်နေသည့်ဟန်ပုံပေါ်သည်။ ထို့
နောက် ခိုးထွက်သွားပြီး အဝတ်စားသွား
လဲသည်...

အခြားသရုပ်ဆောင်များ၏ အသက်သည်
ရှဲ့ချီနှင့် ဘာမျှမဆိုင်ပေ။ ရှဲ့ချီသည် အခြား
သူများ၏ အိပ်မက်အတွက် ပေးဆပ်လိမ့်
မည်မဟုတ်သော်လည်း ယန်ကျင်းသည် အ
စကတည်းက သူ့အပေါ် ကောင်းမွန်ခဲ့သူ
ဖြစ်လေသည်။ နောက်မှနောင်တရရသည်
ထက် ကြိုကာထားတာကပို၍ကောင်းလေ
သည်။ ဤအခြေအနေတွင် ယန်ကျင်းဒီ
မှာနေနေသည်က ပို၍အန္တရာယ်များသော
ကြောင့် သူတို့နှင့် အတူခေါ်သွားသည်က
အန္တရာယ်အကင်းဆုံးပင် ဖြစ်ပေလိမ့်မည်။

[သူ ဘာမှ မသိလိုက်ဘူးမလား။]

[သူမျက်နှာပြောင်းသွားတာမြင်လိုက်လား။
ပင်လယ်နက်ကြီးလိုပဲ သူက။ အစကတော့
ဒီအတိုင်း စိတ်ထားကောင်းတဲ့ လူတစ်
ယောက်လို့ ထင်ထားခဲ့တာ။]

[ဒါတော့ အရမ်းထက်လွန်းသွားပြီ။ ငါကို
ကျောချမ်းသွားသလိုပဲ။ အဲ့ဒီသဲလွန်စသေး
သေးလေးဆီကနေ သူ ခန့်မှန်းနိုင်တယ်ပေါ့။]

[သူ သူများတွေကို ဂရုစိုက်တတ်တဲ့ပုံမပေါ်
ဘူး။ အပေါ်ယံထင်ရသလောက် သူလည်း
မကောင်းဘူးထင်တယ်။ ]

[ငါ... ငါ သူ့ကို Follow မယ်။]

ခြံဝန်းထဲတွင် ကျိုးထုံနှင့် ယွဲ့ရှုံ့မင်သည်
ကြယ်နှစ်ပွင့်နေရာကို အတူသွားကြရန်
ဆုံးဖြတ်လိုက်ကြသည်။ တစ်ချိန်တည်း
တွင် ကျိုးထုံသည် စိတ်လှုပ်ရှားသည့်
မျက်လုံးများဖြင့် အနီးနားရှိ ယန်ကျင်းကို
ကြည့်နေသည်။

ရှဲ့ချီနှင့် ကျိုးဝမ်သည် ဤနေရာတွင် ယန်
ကျင်းကို ထားပြီးထွက်သွားကြသည်။သူ
နှင့် ယွဲ့ရှုံ့မင်သည် ဖုတ်ကောင် သွားချေမှုန့်
ကို ရှာနိုင်ချေ အကောင်းဆုံးရှိကြသည်။
အကယ်၍သူတို့ မရခဲ့ပါကလည်း ယန်ကျင်း
ကို သုံးပြီး ရှဲ့ချီနှင့် လုဝမ်ဆီက အတင်း
တောင်း၍ရလေသည်။

တောက်ဆရာ ရွှမ်ချန်သည် အဓိက NPC
မဟုတ်ပဲ သူ့အသက်ကအရေးမပါလှပေ။
အကြောင်းကား သွားချေမှုန့်ရှာရသည့်
တာဝန်က ရွေးချယ်နိုင်ခွင့်ရှ်နေသောကြောင့်
ပင်။ အကယ်၍ တောက်ဆရာ ရွှမ်ချန်သာ
အမှန်တကယ် အရေးပါပါက ဤတာဝန်
သည် မလုပ်မနေရဖြစ်ပေလိမ့်မည်။

ထို့ကြောင့် ရှဲ့ချီနှင့် လုဝမ်သည သူ့ကို သွား
ချေမှုန့်ပေးပါက သူတို့တွင် အမှတ်၃၀သါ
ကုန်မည်ဖြစ်သည်။ အသက်တစ်သက်အ
တွက် အမှတ် ၃၀။ အလွန်ကို တန်လှသည့်
လဲလှယ်မှုဖြစ်သည်။ သူ သေချာပေါက် အ
ဆိပ်ဖြေနိုင်ပြီး အသက်ရှင်နိုင်ပေလိမ့်မည်။
သူ့ရှေ့တွင် ရွေးချယ်စရာနှစ်ခုရှိပြီး သေ
ချာပေါက် မှားနိုင်စရာမရှိပေ။

လုဝမ်က ရုတ်တရက်ပြေးဝင်လာစဉ်တွင်
ကျိုးထုံက ထိုသို့တွေးနေခြင်းဖြစ်သည်။
လုဝမ်သည် ယန်ကျင်းကို ခပ်တိုးတိုးပြော
လိုက်ပြီးနောက်... ယန်ကျင်းသည် ကြောင်
တောင်တောင်ထရပ်ကာ လုဝမ်နှင့်အတူ
ထွက်သွားလေသည်။

ကျိုးထုံသည် ချက်ချင်းပင် တည်ကျသွားပြီး
သူ၏လက်များက နည်းနည်း လက်သီးဆုပ်
သွားသည်။ အခု​တော့ဖြင့် သူ၏ မျှော်လင့်
ချက် အကုန်လုံးကို ကြယ်နှစ်ပွင့်နေရာတွင်
သာ ပုံထားရပေမည်။ ရှဲ့ချီ၏ သုံးယောက်
အုပ်စုနှင့် ကျိုးထုံ၏နှစ်ယောက်အုပ်စုတို့မှ
လွဲ၍ ကျန်သည့်အမြောက်စာနှစ်ယောက်
သည် တာဝန်ကိုလက်မခံပေ။ တည်းခိုခန်း
တွင်သာ ဒဏ်ရာရထားသည့် တောက်ဆရာ
ရွှမ်ချန်အား ပြုစုပေးရန်သာ ရွေးချယ်လိုက်
ကြသည်။

ဖုတ်ကောင်ရွာသို့သွားနေသည့်လမ်းတွင်
ယန်ကျင်းက တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် မေးသည်။
"အကိုရှဲ့ ၊ ဘာလို့... "

ရှဲ့ချီသည် အမြန်လမ်းလျှောက်ရင်း ခပ်ပြတ်
ပြတ်ပြန်ပြောသည်။ "ကျိုးထုံက အလောင်း
ကောင် အဆိပ်မိနေလောက်တယ်။"

သူ့လေသံကသာမန်သာဖြစ်သော်လည်း သူ
၏ စကားလုံးများကသဖြင့် မိုးကြိုးသဖွယ်
ယန်ကျင်း၏နားကို ပေါက်ကွဲသွားသည်။

[သူ တကယ် သိနေတာပဲ။]

[တကယ်ကို ကြောက်စရာကောင်းတယ်။]

[ဘယ်လိုသိသွားတာလဲ ငါနားမလည်ဘူးရော်။]

လုဝမ်သည်လည်း မယုံကြည်နိုင်ပေ။
"မင်း ဘယ်လိုသိတာလဲ။"

"မမေးနဲ့။" ရှဲ့ချီသည် စိတ်ကောင်းဝင်နေသည်
မဟုတ်၍ ပြုံးမနေတော့ပေ။ "ရှင်းပြရဖို့ရာ
မရှင်းသေးဘူး ပြီးတော့ အဲ့ဒါ ဒီအတိုင်း ခန့်
မှန်းချက်ပဲ။"

လုဝမ်သည် နားလည်ကြောင်း ခေါင်းငြိမ့်ပြ
နေရင်း စိတ်ထဲတွင်တော့ ရှဲ့ချီသည် အရင်
တုန်းကနှင့် တော်တော်လေးကို မတူတော့
ဟု ခံစားနေရသည်။

ယန်ကျင်းကတော့ ခဏတာကြောင်သွား
သည်။ ထို့နောက် ရှဲ့ချီကဘာကြောင့် လုဝမ်
အား သူ့ကိုခေါ်ခိုင်းလိုက်သည်ကို သဘော
ပေါက်ကာ မျက်လုံးများနီလာသည်။ သူ့ကိုယ်
သူ အသုံးမဝင်ဟု သူတွေးလိုက်သည်။ရှဲ့ချီ
အတွက် သူဘာမှမလုပ်ပေးနိုင်သော်လည်း
အကိုရှဲ့က သူ့ကို ကာကွယ်ရအောင်အ
နှောင့်ယှက်ကပေးမိသေးသည်။ အကိုရှဲ့လို
လူမျိုးအတွက် ဘယ်လိုလုပ်မှ အကူညီအ
ကြီးကြီးပေးနိုင်မှာလဲ။

ယန်ကျင်း လမ်းလျှောက်သည်မှာ နှေးနေ
၍ လုဝမ်က သူ့ကို ကြက်သယ်နေသည့်သ
ဖွယ် ပွေ့သယ်လိုက်တော့သည်။ သုံးယောက်
သား သုံးနာရီနီးပါးကြာပြီးနောက် ဖုတ်ရွာ
နားသို့ရောက်သွားကြသည်။

မနက်ခင်း သုံးလေးနာရီအချိန်တွင်ဖြစ်ပြီး
နောက် တစ်နာရီ၊နှစ်နာရီလောက်ဆိုပါက
အရုဏ်တက်ပြီဖြစ်သည်။ အကယ်၍ အရုဏ်
မတက်ခင် သွားချေမှုန့်ကို ရအောင်မယူနိုင်ပါ
က နောက်နေ့ညတွင် ပေါ်လာမည့် ဖုတ်ကောင်
များအတွက် နောက်တစ်နေ့စောင့်ရပေလိမ့်
မည်။ ထို့ကြောင့် အချိန်မရှိပေ။

လာလမ်းတစ်လျှောက်တွင် ရှဲ့ချီက နှုတ်ခမ်း
လှုပ်ကာ ဖုန်းကိုသာကြည့်နေသည်။ နောက်
ဆုံးတွင် သူ့ခေါင်းကိုမော့လိုက်ပြီး ယန်ကျင်း
ကိုပြောသည်။ "တာဝန်ကို လက်ခံလိုက်"

ယန်ကျင်းက ပြန်မေးသည်။"ကျွန်တော်က
ဘယ်လို သွားချေမှုန့်ယူရမှာတုန်း။"

ရှဲ့ချီက ခပ်ပေါ့ပေါ့ပင်ရယ်လိုက်သည်။
"ဒီအတိုင်း ကောက်ယူလိုက်ပေါ့။"

ယန်ကျင်းသည် လိမ်လိမ်မာမာပင် တာဝန်
ကို လက်ခံလိုက်သည်။

ရှဲ့ချီသည် လုဝမ်ကို ကြည့်လိုက်ပြန်သည်။
"အကိုလု၊ကျွန်တော် ဝင်သွားလိုက်မယ် ။ ယန်ကျင်းနဲ့ ဒီမှာပဲ ကျွန်တော့်ကို စောင့်နေလိုက်။"

သူပဲနားကြားမှားလိုက်သလို လုဝမ်၏မျက်
လုံးများ ပြူးကျယ်သွားသည်။

[???သူတစ်ယောက်တည်း ဝင်သွားမလို့လား??]

[လုဝမ်ကို အဲ့လောက်တောင် အနိုင်ယူချင်နေ
တာလား???]

[ဘယ်လိုအခြေအနေကြီးတုန်း။ ငါ့ပုံစံလည်း
လုဝမ်အတိုင်းပဲ။ သူအဲ့လောက် မောက်မာ
ရလား။]

ရှဲ့ချီကဆက်တိုက်ပင် လုဝမ်ကို အမိန့်ပေးနေ
သည်။ "အကိုလု၊ ခဏနေကျွန်တော်ထွက်လာ
တာကိုမြင်လိမ့်မယ်။ အဲ့ကျရင် ဖုတ်တစ်
ကောင်ကို ပခုံးပေါ်တင်ပြီးသာပြေးပေ​​တော့။
နောက်လှည့်မကြည့်နဲ့။ဟုတ်ပြီလား။"

လုဝမ်က အူကြောင်ကြောင်မျက်နှာဖြစ်နေ
ပြန်သည်။ ရှဲ့ချီပြေးရမည်ကို သူနားလည်
သည်။ ရှဲ့ချီသာ သွားချေမှုန့်ကိုရလာပြီး
ဖုတ်ကောင်အုပ်စုလိုက်ကြီးကလိုက်ဖမ်း
သလိုမျိုး။ ဒါပေမယ့် ဖုတ်ကောင်ကိုထမ်း
ပြီးပြေးရမည်ဆိုသည်က ဘာကိုပြောနေ
တာလဲ။

[???ဘာလို့ ငါလေးနားမလည်ရတာလဲ??]

[သူ စိတ်လှုပ်ရှားနေလို့မှားပြောတာလား။ သူတို့
ဖာသာထွက်ပြေးရအောင်လို့ပြောနေတာလား]

[ရှင်းပြတာကြီးက အရမ်းအလှမ်းဝေးလွန်းခဲ့
တယ်။]

လုဝမ်က အကြံပေးသည်။"ငါ့ရဲ့ ဓားငှားလိုက်
ရမလား။"

ရှဲ့ချီက မက်မွန်သားဓားကိုကြည့်ပြီး ခေါင်းခါ
ကာ ထူးဆန်းသည့်ပုံစံဖြင့် ပြုံးနေသည်။
"ရတယ်။"

လုဝမ် အံဩသွားရပြန်သည်။ ရှဲ့ချီက သူ့
ဓားကို ငြင်းသည်တဲ့လား။

[???လက်နက်တောင် မယူသွား​တော့ဘူး
ပေါ့???]

[ဘာလို့ ငါ့ရင်တွေခုန်နေလဲ မသိတော့ဘူး။]

လုဝမ်က အတော်အားကိုးရသည်။ ရှဲ့ချီသည်
အမိန့်ပေးခြင်းပြီးသွားပြီး ရွာထဲကို ယုံကြည်
ချက်အပြည့်ဖြင့်ဝင်သွားသည်။

***

လုဝမ်နှင့် ယန်ကျင်းသည် ရှဲ့ချီကို စိတ်ပူစွာ
စောင့်နေကြသည်။

လုဝမ်သည် ငြိမ်ငြိမ်မနေနိုင်တော့ပဲ မတ်တပ်
ထရပ်လိုက်သည်။ "ငါ သူ့ကိုသွားရှာလိုက်ဦး
မယ်။"

ဓားကိုကိုင်ထားသည့် သူ့လက်များက စိုးရိမ်
မှုကြောင့် တုန်ခါနေသည်။

ယန်ကျင်းက ခပ်မြန်မြန်ပင် ခေါင်းငြိမ့်ပြ
သည်။ "ကျွန်တော် ဒီမှာပဲ စောင့်နေလိုက်
မယ်။"

လုဝမ်သည် သတ်ဖြတ်ရန်အသင့်ဖြစ်နေရင်း
ဓားကိုသယ်လာသော်လည်း ဖုတ်ရွာမှာ တိတ်
ဆိတ်နေကြောင်းတွေ့လိုက်ရသည်။ လုဝမ်
သည် ရွာထဲကို လျှောက်သွားကြည့်နေပြီး
ဖုတ်ကောင်တစ်ချို့၏ အသံကို ကြားလိုက်
ရတော့သည်။ ချက်ချင်းပင် အာရုံစိုက်လိုက်
ပြီး ထိုနေရာသို့သွားရင်း တိုက်ခိုက်ဖို့ရာ
ပြင်လိုက်သည်။ သက်ကယ်ဖြင့်မိုးထားသည့်
အိမ်ကို မှီကာ ဘေးဘီကိုကြည့်လိုက်ပြီးနောက်
သူ့ နှလုံးကရုတ်တရက် ရပ်သွားရသည်။

ရှဲ့ချီကို ဖုတ်ကောင် အုပ်စုလိုက်က ဝိုင်းထား
ကြသည်။

လုဝမ်သည် အသက်အောင့်လိုက်ပြီး ထွက်
ကူမည်ပြင်စဉ်တွင် ရှဲ့ချီထံမှ လှမ်းကြည့်
လိုက်သည်ကို ရလိုက်သည်။ ရှဲ့ချီက သူ့
အား အသက်မရှူရန်၊ မလာရန်ပြောနေ
ခြင်းဖြစ်သည်။

လုဝမ် နည်းနည်း ခေါင်းအေးသွားသည်။ထို
အချိန်ကျမှ ရှဲ့ချီသည် ဝတ်ရုံဝတ်ထားခြင်း
မဟုတ်သည်ကို သူသတိထားမိလေသည်။
သူက... ဖုတ်ကောင်များဝတ်ထားသည့် အ
ဝတ်အစားများကိုဝတ်ထားပြီး သူ့မျက်နှာ
ကလည်း နည်းနည်းဖြူနေသည်။ ရှဲ့ချီ၏
နှုတ်ခမ်းများက သူစကားပြောနေသည့်
အလား လှုပ်သွားသည်။ ဖုတ်ကောင်များ
က တိုက်ခိုက်တော့မည်ဟု သူထင်လိုက်၍
လုဝမ် စိတ်လှုပ်ရှားသွားရပြန်သည်။ ဓား
ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး ရှဲ့ချီ
ကို ကူဖို့အသင့်ဖြစ်နေရန် ပြင်လိုက်သည်။

ရှဲ့ချီကစကားပြောလိုက်သော်လည်း လုဝမ်
နားမလည်သည့်အရာများ ဖြစ်လေသည်။
တရုတ်ဘာသာမဟုတ်သည်ကတော့ သေ
ချာလေသည်။ သို့သော်ငြား နည်းနည်းတော့
ရင်းနှီးနေသလိုပင်...

ဖုတ်ကောင်များက မတိုက်ခိုက်ပဲ ရှဲ့ချီလို
မျိုး အသံများ ပြန်လုပ်ပြသည်။ လုဝမ်
ခမျာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ နေရာ
တွင် တောင့်သွားကာ သူ့မျက်လုံးများက
ပြုတ်ထွက်ကျတော့မတတ်ပင်။

ရှဲ့ချီက ဖုတ်ကောင်တွေနှင့် စကားပြောနေ
သတဲ့။

ဒီနေရာကို လာတဲ့လမ်းတစ်လျှောက်လုံး ဖုန်း
ကိုပဲ ကြည့်နေတာမဆန်းတော့ပါဘူး။ ဖုတ်
ကောင် ဘာသာစကား လက်စွဲ ဝယ်လာတာ
ပဲ ဖြစ်လိမ့်မည်။ သို့သော် သင်ဖို့ရာ အရမ်း
ခက်ပြီး သုံးနာရီသာ အချိန်ရှိနေသည်ကို...

အချိန်တိုလေးအတွင်းတွင် ဆိုးဝါးလှသည့်
အတွေးများ လုဝမ့်စိတ်ထဲ ဖြတ်ပြေးသွား
ပြီး သူ၏ နှလုံးကလည်း အရမ်းခုန်နေ
သည်။ ရှဲ့ချီက စကားမှားပြောလိုက်ပြီး
ဖုတ်ကောင်များ တိုက်ခိုက်ကြမည်ကို
သူ ကြောက်မိနေခြင်းပင်။

လုဝမ် ကြောက်နေသည်က ဖြစ်မလာခဲ့ပေ။
သုံးမိနစ်ကြာပြီးနောက် အကြာကြီးနား
ထောင်နေကြသည့် ဖုတ်နှစ်ကောင်က
ရှဲ့ချီနောက်သို့ ပျော်ပျော်ကြီး လိုက်သွား
ကာ ရွာအပြင်သို့ ထွက်လာသည်။ နောက်မှာ
နေခဲ့သည့် ဖုတ်ကောင်များ၏ မျက်လုံးထဲ
တွင်လည်း သံသယများ ရှိနေသည်။

ရှဲ့ချီက လုဝမ်အား မျက်စိတစ်ဖက်မှိတ်ပြ
လိုက်သည်။

နောက်ဆုံးတော့ ရှဲ့ချီက ဘာလို့ ဖုတ်ကောင်
ကို ဆွဲဖမ်းပြီး ပြေးခိုင်းသည်ကို လုဝမ်သိ
လိုက်ရသည်။ ရှဲ့ချီသည် သူ့အား ရွာပြင်
ထွက်လာသည့် အူတူတူ ဖုတ်နှစ်ကောင်ကို
ခိုးဖမ်းပြီး တစ်ခြား ဖုတ်ကောင်များမသိ
ခင်တွင် သူတို့သွားများကို ကြိတ်ယူရန်
ဖြစ်သည်။

\{><}/ =====\{><}/ =====\{><}/ =====\{><}/

စာရေးသူ အမှာ:

လူတစ်ယောက် ဖုတ်ကောင်ဖြစ်သွားတာနဲ့
အလိုအလျောက် ဖုတ်ကောင် ဘာသာ
စကားကို တတ်သွားပါပြီ။ ထူးခြားတဲ့ အသံ
တွေလုပ်နိုင်ပြီး တစ်ကောင်နဲ့တစ်ကောင်
ဆက်သွယ်နိုင်ကြပါတယ်။

Continue Reading

You'll Also Like

28.4K 4K 10
Associated Name : Four forty-eight (凌晨四點四十八) Original Authors : Qin Mobei, 秦墨北 Total Chapters : 8 chapters (Completed) {I respectfully give credit to...
1M 231K 168
MinervaLance အရင် acc က ဝင်မရလို့ အခု Acc အသစ်မှာ အဆက်ကို ဆက်တင်ပေးနေတာပါ။ ပထမအုပ်ကို My Works Reading List ထဲမှာ ရှာလို့ရပါတယ်။ ဟုတ်ကဲ့... အရင်က Mi...
157K 20K 70
အနုပညာလောကမှ ပုရိသနတ်ဘုရားနှင့် သာမန်လက်ထောက်လေးတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ
57.9K 7.3K 30
⚡THIS IS A PURE FUN TRANSLATION.All credits to original authors and English translators. I don't own any part of this novel. I'm just a translator. ⚡...