ငါတို့ဝေးသွားရင်........ပြန်မ...

siriphoo

121K 10.5K 1.1K

လွန်ခဲ့တဲ့ ၁၅နှစ်က ဖြစ်ရပ်လေးကို အခြေခံထားတာမို့ တချို့အရာလေးတွေက လက်ရှိနဲ့ နည်းနည်းကွာခြားနေပါမယ်။ နောက်ပြီး... Еще

ဇာတ်ဆောင် မိတ်ဆက်
Part 1
Part 2
Part 3
Part 4 Zawgyi
Part4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 31 The End
Part 32 After The End
A/N

Part 30

2.9K 285 77
siriphoo

Zawgyi

ကားေပၚမွာရွိတဲ့လူ၃ေယာက္...တစ္ေယာက္ကိုတစ္ေယာက္စကားမေျပာျဖစ္ခဲ့ၾကပါဘူး။ ဥကၠာငယ့္အိမ္က ထြက္လာျပီး လမ္းမွာတိုက္မလို၂ၾကိမ္ျဖစ္ကတည္းက ဦးရီးငယ္ပဲ ကားကိုေမာင္းလိုက္ေတာ့တယ္။ ေမေလးကေတာ့ ေခါင္းခန္းမွာထိုင္ျပီး ဗညားကေတာ့ ကားေနာက္ခန္းမွာထိုင္တယ္။ ဆန္႔က်င္ဘက္အရပ္မ်က္ႏွာေတြကို ေခါင္းေတြလွည့္လို႔ ေငးေမာေတြးေတာေနၾကတယ္။ ဦးရီးငယ္အသာအယာအကဲခတ္လို႔ သက္ျပင္းတစ္ခုတိုးတိုးခ်ကာ ေခါင္းကိုညင္သာစြာရမ္းလိုက္မိတယ္။

"မနက္ျဖန္ျပန္ေတာ့မွာလား ဦးရီးငယ္။" ဗညားက စေမးလိုက္တယ္။ ဦးရီးငယ္ရွိေနရင္ သူလႈပ္ရွားရတာ သိပ္မလြတ္လပ္ဖူးေလ။

"အေရးေတာ့မၾကီးပါဘူးကြာ။ ေနာက္၂ရက္ေလာက္ေနမွ ျပန္မလားလို႔။" ဦးရီးငယ္က ျပန္ေျပာတယ္။

"အိမ္နဲ႔ေ၀းေနတာလည္းၾကာျပီေလ။ ျပန္ခ်င္ျပန္ပါ။ က်ေတာ္တို႔ကိုေတာ့စိတ္ခ်၊ အားလံုးအဆင္ေျပေနပါျပီ။ ေနာက္ျပီး ဦးရီးတို႔စိတ္မခ်ျဖစ္ေနရင္ မနက္ဆို မယ္မယ့္ဆီသြားေနျပီး ညပိုင္းမွ အိမ္ျပန္ေနမယ္ေလ။" ကုိယ့္ကိုစိတ္မခ်လို႔မျပန္တာကိုသိေနတဲ့ ဗညားက စိတ္ခ်ေအာင္ေျပာလုိက္တယ္။

"ေအးကြာ။ အဲ့လိုမ်ိဳးအဆင္ေျပရင္ေတာ့ ငါ့လည္း ေက်ာက္ပန္းေတာင္းဘက္ခနသြားဦးမယ္။ အဲ့ဘက္မွာေနတဲ့ ငါ့ႏွမငယ္တစ္ေယာက္က ေနသိပ္မေကာင္းဘူးေျပာတယ္။ သြားျပီးလူနာေလးေမးလိုက္ဦးမယ္။ ျပီးမွ အင္း၀အိမ္ျပန္ေတာ့မယ္။" ဦးရီးငယ္က ကားေမာင္းရင္းလွန္းေျပာတယ္။

"က်မတို႔လိုက္ပို႔မယ္ေလ။ ေက်ာက္ပန္းေတာင္းဘက္ကို" ေမေလးက ၀င္ေျပာတယ္။

"ရပါတယ္ကြာ။ အားနာစရာ။ ကိုယ့္ဘာသာပဲ လိုင္းကားစီးသြားပါေတာ့မယ္။ မင္းတို႔ ကားဂိတ္သာလိုက္ပို႔ၾက"

"တစိမ္းေတြမွမဟုတ္တာ ဦးရီးငယ္ရယ္။ က်မတို႔အခက္အခဲကိုလည္း ဦးရီးငယ္က စိတ္ေကာကိုယ္ပါႏွစ္ျပီး ေျဖရွင္းေပးထားတာပဲေလ။" ေမေလးက ေျပာျပန္တယ္။ ဗညားက ေမေလးကို လွန္းၾကည့္လိုက္တယ္။ ဟုတ္တယ္ေလ.. ေမေလးပါးစပ္က ဒါမ်ိဳးထြက္တယ္ဆိုတာ ရွာမွရွားပဲဟာ။

"ေအးဗ်ာ။ လိုက္ပို႔ရင္ေတာ့ ေက်းဇူးပဲငါ့သမီးေရ။ အဲ.... ငါ့သမီးက ကေလးေတြနဲ႔ဆိုေတာ့ မပို႔ပါနဲ႕။ ဗညား ပဲ ပို႔ခ်င္ပို႔။ အျပန္လည္း ဒီေကာင္ဘယ္အခ်ိန္ျပန္တယ္ဆိုတာ ဦးရီးကဖုန္းလွန္းဆက္လိုက္မယ္။ စိိတ္ခ်။" ဦးရီးငယ္က ေမေလးဘက္ကိုလွည့္ျပီး ေက်းဇူးတင္စြာ ေျပာလိုက္တယ္။

"ဟုတ္ကဲ့။ က်ေတာ္လိုက္ပို႔ေပးပါ့မယ္ဦးရီးငယ္။ ဘယ္မွလည္းမ၀င္ပါဘူး။ အိမ္ပဲတန္းျပန္ပါ့မယ္။" ဗညားက ခပ္တည္တည္ပဲ ေျပာလိုက္တယ္။

"ေအး...ဒါဆိုလည္း မနက္ျဖန္မနက္ မနက္စာဘာညာစားျပီးမွ ေအးေဆးထြက္ရေအာင္။ ကိုယ့္ကားနဲ႔ကိုယ္ပဲဟာ ဘယ္အခ်ိန္ေရာက္ေရာက္ေပါ့။" စကားတစ္ေျပာေျပာနဲ႔ ေမာင္းလာရင္း အိမ္ကိုလည္းေရာက္ေကာ တစ္ဖန္ျပန္တိတ္ဆိတ္လို႔သြားပါတယ္။

ကိုယ့္အခန္းကိုယ္ ၀င္သြားၾကျပီး ဘာစကားမွလည္း မေျပာျဖစ္ခဲ့ၾကေတာ့ပါဘူး။ ခနၾကာေတာ့ ဗညားအခန္းကေန ဂစ္တာသံၾကားရတယ္။ ေသေသခ်ာခ်ာနားေထာင္မယ္ဆို ဆိုေနတဲ့သီခ်င္းထဲမွာ ရႈိက္သံတစ္ခ်ိဳ႕ကို ၾကားရလိမ့္မယ္။

.........

(ကေလးငယ္ဆီ မင္းမင္းေရာက္ျပီးရွင္းျပျပီးျပီလားမသိဘူး။ ေန႔လည္ ေတြ႕တုန္းကေတာ့ ေျပာပံုၾကည့္ရတာ သြားမယ့္ပံုပဲ။ သြားေလာက္ပါတယ္ေလ။ မင္းမင္းက ငယ္ေလးကိုဒီေလာက္ခ်စ္တာ သြားမွာေသခ်ာေပါက္ပဲ။ ငယ္ေလးလည္း ေနာက္လရဲ႕အစီအစဥ္ေတြကို သိျပီးေလာက္ပါျပီ။ တစ္လေလာက္ေတာ့ ကုိယ့္ကေလးငယ္ သည္းခံႏိုင္ေလာက္ေကာင္းပါရဲ႕။)

(ဘာပဲျဖစ္ျဖစ္ မနက္ျဖန္ဦးရီးငယ္ကိုပို႔ျပီးအျပန္ မင္းမင္းဆီ၀င္ျပီး အက်ိဳးအေၾကာင္းေလးေသခ်ာေမးျပီး မွာစရာရွိတာ ေသခ်ာမွာဦးမွပါ။ အင္း..... အျပင္ထြက္လက္စနဲ႔ ေရွ႕ေနၾကီးဆီသြားျပီး အေမြဆိုင္ကိစၥေတြလည္း ေသခ်ာထပ္ေမးဦးမွ။ ဒီတစ္ခါလြဲသြားလို႔မျဖစ္ဘူး။ ေနာက္ျပီး နယ္စပ္မွာေနဖို႔ တိုက္ခန္းရွာခိုင္းထားတာလည္း ေတြ႕ျပီလားမသိဘူး။ ေတြ႕ရင္တစ္ခါတည္းစရံေငြခ်ခိုင္းထားရမယ္။ တစ္လဆိုတာ ဖင္လွည့္ေခါင္းလွည့္နဲ႕ကုန္သြားမွာ။)

(အဟင္း.....ေ၀းေနရလို႔ လြမ္းရေပမယ့္ ဒီလိုဆံုဖို႔ေတြးၾကည့္ရင္ေတာ့လည္း ေပ်ာ္ဖို႔ေကာင္းသား။ အဲ့ခ်ိန္က်မွ အခုလို ေ၀းခဲ့၊ လြမ္းခဲ့၊ ငိုခဲ့ရသမွ်ကို အတိုးခ်ျပီး အခ်စ္နလံထရမယ္။)

ဒီေန႔ေျပာခဲ့တာေတြကို ျပန္ဆံုမယ့္အခ်ိန္က် ကိုယ့္ေပါက္စေကာင္ ႏႈတ္ခမ္းေထာ္လို႔စိတ္ေကာက္မွာကို ေတြးၾကည့္ျပီး ဗညားျပံဳးလိုက္မိတယ္။ ေပ်ာ္စရာေတြေတြးရင္း တီးခတ္လိုက္တဲ့သံစဥ္ေလးက မ်ိဳးၾကီးရဲ႕ အျပာေရာင္အခ်စ္ည...

'အျပာေရာင္အခ်စ္ည..မင္းလွန္းၾကည့္လိုက္စမ္း...မိုးေကာင္းကင္ထက္ မ်ားတဲ့ကိုယ့္အခ်စ္မ်ား.....ၾကယ္စင္အားလံုးထက္ လင္းတဲ့ကိုယ့္အခ်စ္မ်ား...အျပာေရာင္အခ်စ္ည ကမၻာမွာ....'

ဂစ္တာကိုတီးခတ္ေနရင္းပဲ မ်က္ရည္ေတြနဲ႔ေပါက္စေလးမ်က္ႏွာကို ျပန္လည္ျမင္ေယာင္လာေတာ့ တီးလက္စကိုရပ္တန္႔လိုက္မိျပန္တယ္။

(အင္း.....ဒီကေလးေလးက အေၾကာင္းစံုကိုသိေနတာေတာင္ ဘာလို႔၀မ္းပန္းတနည္းငိုေနရတာပါလိမ့္။ ကိုယ္ေျပာလိုက္တာ အရမ္းမ်ားခံစားသြားရလို႔လား။)

(ဦးက ဒီတစ္လအတြင္း အမ်ိဳးအေဆြအားလံုးရဲ႕ယံုၾကည္မႈကိုျပန္ယူျပီး ျပင္ဆင္စရာေတြမ်ားလြန္းေနတာမို႔ အခုလို တမင္ေျပာလိုက္ရတာပါ ငယ္ေလးရယ္။ ၀မ္းနည္းမေနပါနဲ႕ေနာ္။ ဦးက ငယ္ေလးကိုအရမ္းခ်စ္တာ ငယ္ေလးယံုတယ္မလား။ ဒါကို ဘာလု႔ိမ်ား ငိုေနရတာလည္း ကေလးငယ္ရယ္။ ေျပာရတဲ့ဒီလူရဲ႕ရင္ထဲမွာေကာ မခံစားရဘူးလို႔ မင္းေလးထင္ေနတာလားကြာ။)

(ေသခ်ာေတာင္မၾကည့္၀ံ့ပါဘူးငယ္ေလးရယ္။ မင္းေလးကိုအားနာလြန္းလို႔ မ်က္ႏွာေတာင္မၾကည့္၀ံ့ပါဘူး။ ၾကည့္မိခဲ့ရင္ ငိုေၾကြးေနတဲ့မင္းကို ႏွစ္သိမ့္မိမွာ။ ၾကည့္မိခဲ့ရင္ ၀မ္းနည္းေနတဲ့မင္းကို ေထြးေပြ႕မိမွာ။ အခုေတာ့......အခုေတာ့......)

ပါးျပင္ေပၚကမ်က္ရည္တစ္ခ်ိဳ႕ကို လ်စ္လွ်ဴရႈလို႔ သီခ်င္းတစ္ပုဒ္ကို ဆက္လက္တီးခတ္လိုက္တယ္။ ျပန္မဆံုျဖစ္ၾကရင္...

..........

"အေမ....ဟိုဘက္အိမ္က ဘာျဖစ္တာတဲ့လဲ။" (သမီး)

"ဟဲ့ ဘယ္သိမလဲ။ နားေထာင္ေနတာခ်င္းအတူတူကို။ သူ႔အေမကေတာ့ သူ႔ကိုဆူေနသံၾကားတာပဲ။" (အေမ)

"အဲ့ေကာင္က အေျခာက္လိုလို ဘာလိုလိုေကာင္ေလ။ စာေလးေတာ္တာနဲ႔ပဲ ရပ္ကြက္ထဲ မ်က္ႏွာရေနတာ။ အလကား။ အခုလည္း တခုခုမဟုတ္တာလုပ္ထားလို႔ လာအတိုင္ခံေနရတာေနမွာေပါ့ အေမရဲ႕။" (သား)

"ဟဲ့...သူ႔ဘာသူ အေျခာက္ျဖစ္ျဖစ္၊အစိုျဖစ္ျဖစ္ နင့္ထက္ေတာ့သာတယ္။ နင္သာ မိဘပုိက္ဆံကုန္ရက်ိဳးမနပ္ေအာင္လို႔ စာေမးပြဲကိုက်တာေလ။ သူမ်ားသြားေ၀ဖန္မေနနဲ႕။ နင္သာ ၾကပ္ၾကပ္သတိထား။" (အေမ)

"ဟာဗ်ာ...အေမကလည္း...." (သား)

"အေမကလည္း.. မေနနဲ႕။ ဒီႏွစ္မွ မေအာင္ရင္ နင့္ကို ေက်ာင္းဆက္မထားေတာ့ဘူးေနာ္။" (အေမ)

"အေမကလည္း သမီးကိုၾကီးကိုပဲ ေျပာမေနပါနဲ႔။ အခု ကိုၾကီးဥကၠာငယ္က စာေမးပြဲက်လို႔ ေက်ာင္းကလာတိုင္တာဆို ဘယ္လိုလုပ္မလဲ" (သမီး)

"နင္လည္း တူတူပဲ။ စာမလုပ္ပဲ စပ္စုတာပဲလုပ္ေန။ စာေမးပြဲက်လို႔ကေတာ့ ဇီးထုပ္ဆိုင္ပို႔ျပီး ဇီးထုပ္ထုပ္ခိုင္းမွာေနာ္ ဟင္း..ဟင္း။" (အေမ)

"ဟာာာဗ်ာာာာာ။ အေမကလည္း...." (သမီး)

"ေအး...အေမတို႔ ကိုယ့္သားသမီးက် အထင္ေသးျပီး အဲ့ေကာင္ပဲအထင္ၾကီးေန။ အဲ့ေကာင္လည္း အျမဲေကာင္း၊ အျမဲေတာ္ေနတာမဟုတ္ပါဘူး။ အလကား....ေယာက္်ားေလးျဖစ္ျပီး ႏြဲ႕တဲ့တဲ့၊ မလႈပ္မရွက္နဲ႕....ေယာက္်ားခ်င္း -င္ခံမယ့္ေကာင္။" (သား- အသံက်ယ္က်ယ္ေျပာ)

"ဟဲ့....တိုးတိုးေျပာစမ္း....ဟိုက ၾကားသြားရင္ အားနာစရာဟယ္။" (အေမ)

"ဘာမွအားနာစရာမလိုဘူး။ ဟုတ္ေၾကာင္းမွန္ရာေျပာတာ။ အေမသာမၾကားတာ၊ ရပ္ကြက္ထဲျဖင့္ေျပာေနၾကတာ၊ သူ႔တို႔အိမ္ကို ကားနဲ႔လာ လာေနတဲ့ ဘိုးေတာ္က သူ႔ကိုေထာက္ပံ့ေပးေနတာတဲ့။" (သမီး)

"ၾကည့္ရတာ ေယာက္်ားခ်င္း ကပ္စားကပ္ဖားလုပ္ေနတာေနမွာေပါ့။ ေနာက္မွ ဘာသံၾကားရမလဲ ေစာင့္ၾကည့္ဦးမယ္။ ဟြန္႔။ အဲ့က်မွ ငါ့သားေလးပဲေကာင္းတယ္လို႔လာမေျပာနဲ႕။" (သား)

"နင္တို႔ေတြေျပာေလ၊ကဲေလပါလား။ ေတာ္တိတ္။ စာမလုပ္မယ့္အတူတူ အိပ္ၾကေတာ့။" (အေမ)

............

တစ္ဘက္အိမ္မွ သားအမိ၃ေယာက္ရဲ႕ စကားေျပာေနသံသဲ့သဲ့ကို နားပါးသူပီပီ ၾကားလိုက္ရတယ္။ အိပ္မေပ်ာ္တဲ့ ဥကၠာငယ္အတြက္ ထိုစကားေတြကို ၾကားလိုက္ရတာဟာ မီးေလာင္ေနစဥ္ ဓာတ္ဆီျဖန္းခံလိုက္ရသလိုပါပဲ။ ရပ္ကြက္ထဲမွာ ဒီလိုပဲ ေျပာဆိုေနၾက ဆိုေပမယ့္ ဥကၠာငယ္အျဖစ္က ေခါင္းမေဖာ္ႏိုင္ေလာက္တဲ့အျဖစ္ဆိုေတာ့ ကိုယ့္ကိုကိုယ္မလံုပဲ ရွက္ေနမိတယ္။

မိမိေတာင္ဒီေလာက္ရွက္ေနရင္ မိသားစုဆို ဘယ္ေလာက္ရွက္ေနမလဲဟု ေတြးမိတိုင္း အားနာစိတ္၊ အျပစ္ရွိစိတ္တို႔က ဖိစီးလို႔ေနတယ္။ မနက္ျဖန္ေက်ာင္းမွာေရာ အဘယ္မွ်နာမည္ထြက္ေနျပီး အဘယ္မွ်အေျပာခံရဦးမွာလဲဟု ေတြးမိတိုင္း မ်က္ရည္မ်ားက တားဆီးမႏိုင္ က်ဆင္းလာျပန္တယ္။

မိမိမ်က္ႏွာကို တစ္စက္ေလးေတာင္မၾကည့္ပဲ၊ ေျဖရွင္းခ်က္တစ္ခြန္းေလးေတာင္ ေပးမသြားတဲ့ဦးကို ေတြးမိတိုင္းလည္း နာက်ည္းစိတ္၊ ၀မ္းနည္းစိတ္တို႔က ၾကီးစိုးလာျပန္တယ္။ ျပန္လာေစခ်င္တယ္။ ျဖစ္ႏိုင္ရင္ ဦးကို ျပန္လာေစခ်င္တယ္။ ဘယ္လိုနည္းနဲ႕ပဲ ရရ၊ ျပန္လိုခ်င္တယ္။ ဦးနဲ႔ေ၀းေနရျခင္းဟာ ငရဲက်ေနသလိုပဲ ပူေလာင္လွပါတယ္။

(ခ်စ္တယ္ဆို....။ ဦး ပဲ ခ်စ္တယ္လို႔ေျပာခဲ့တာေလ။ ဦး ပဲ ဒီလက္ေလးကိုကိုင္ျပီး ဘုရားမွာဆုေတြေတာင္းခဲ့ၾကတာမဟုတ္ဘူးလား။ ဦး ပဲ ဒီႏႈတ္ခမ္းေလးက နမ္းလို႔ေတာင္မ၀ဘူးလို႔ ေျပာခဲ့တာမဟုတ္ဘူးလား။ ဦး ပဲ တစ္ရက္ေလးေ၀းရင္ေတာင္ လြမ္းလိုက္တာငယ္ေလးရာ လုိ႔အျမဲေျပာျပီး တင္းၾကပ္ေနေအာင္ဖတ္ထားတာမဟုတ္ဘူးလား။

ဦး ပဲ ေျပာခဲ့တာေလ။ ဦး ပဲ စခဲ့တာေလ။ ဦး ပဲ သားရဲ႕ အရာအားလံုးကို ေသေသခ်ာခ်ာ ပိ်ဳးေထာင္ျပဳစုခဲ့တာမဟုတ္ဘူးလား။ အခုေတာ့ ၂ဦးစလံုးရဲ႕အမွားတဲ့လား။ တကယ္ေနာင္တရေနတယ္တဲ့လား။ ဒီလိုဘာမဟုတ္တဲ့အေၾကာင္းေလးေၾကာင့္ မိသားစုကိုမပ်က္ေစခ်င္ဘူးတဲ့လား။ သားကို အဲ့ေလာက္ေတာင္ ေျပာရက္၊ လုပ္ရက္တာတဲ့လား ဦးရယ္။)

ညဥ့္နက္လာေလ အေတြးေတြက ပိုနက္လာေလမို႔ စိတ္ေတြလည္း ကေယာက္ကယက္နဲ႔ မတည္ျငိမ္ႏိုင္ေတာ့ပါဘူး။ တစ္ဘက္အခန္းဆီသြားလို႔ အသာအယာေခ်ာင္းေျမာင္းၾကည့္လိုက္တယ္။ အသက္ရွဴသံမွန္မွန္နဲ႕အိပ္ေပ်ာ္ေနတဲ့ အေမနဲ႔ အငယ္ေလး၂ေယာက္ကိုေတြ႔လိုက္ရေတာ့ ဘာလို႔မွန္းမသိ မ်က္ရည္ကက်လာျပန္တယ္။

ပံုမွန္ဆို အငယ္ေကာင္ေလးနဲ႔ ဥကၠာငယ္နဲ႔က အတူတူအိပ္တာပါ။ စာေမးပြဲရက္မို႔ အငယ္ေလးနဲ႔ဆို အအိပ္ပ်က္မွာစိုးလို႔ အေမကေခၚအိပ္တယ္။ နာရီကိုၾကည့္လိုက္ေတာ့ ၁နာရီခြဲ။ ေလာကဓာတ္ၾကီးတစ္ခုလံုးက တိတ္ဆိတ္လို႔ ေျခာက္ကပ္ေနတယ္။ ဦး ထိုင္သြားတဲ့ေနရာေလးကိုသြားထိုင္လိုက္မိတယ္။ အခုထိေႏြးေနသလိုခံစားရတယ္။ ၾကမ္းျပင္ေပၚ ပါးေလးအပ္လို႔ အိပ္လိုက္တယ္။ ဦးရဲ႕အေငြ႕အသက္ေလးေတြကို ခံစားလိုက္ရသလိုပဲ။ အသံမထြက္ေအာင္ရွိဳက္ငိုမိျပန္တယ္။

အိမ္တံခါးကိုအသာ ဖြင့္လို႔ အျပင္ထြက္လိုက္တယ္။ ေမွာင္မဲေနတဲ့ပတ္၀န္းက်င္မွာ ပုစဥ္းရင္ကြဲသံကလြဲလို႔ ဘာသံမွမၾကားရ။ အေရွ႕အရပ္ကိုမ်က္ႏွာမူလို႔ ၾကည့္လိုက္တယ္။

(ဦးကေျပာဖူးတယ္..ဦးတို႔အိမ္က ျမိဳ႕အေရွ႕ဘက္မွာရွိတယ္တဲ့။ ဒါဆို အခုသားမ်က္ႏွာမူေနတဲ့အရပ္မွာ ဦးရွိေနမွာေပါ့ေနာ္။ အိပ္ေနျပီလား။ ဒါမွမဟုတ္ သားလိုပဲ အိပ္မေပ်ာ္ပဲေနမလား။ အဟင္း....မျဖစ္ႏိုင္တာ။ ဦးက သားကိုမွမခ်စ္ေတာ့တာ။ အခုခ်ိန္ဆို သူ႔သားေလးကိုတစ္ဖတ္၊ သမီးေလးကိုတစ္ဖတ္ထားလို႔ ႏွစ္ႏွစ္ျခိဳက္ျခိဳက္အိပ္ေနေလာက္ေရာေပါ့။ ဒါမွမဟုတ္ ေဒၚေမေလးကိုဖတ္ျပီး အိပ္ရင္အိပ္ေနမွာ။)

အေတြးစတခ်ိဳ႕နဲ႕အတူ မ်က္ရည္တစ္ခ်ိဳ႕က ထြက္က်လာျပန္တယ္။

မ်က္ရည္မ်ားကို တစ္ခ်က္ခပ္ၾကမ္းၾကမ္းသုတ္လို႔ အိမ္ထဲျပန္၀င္ျပီး အိပ္ယာထဲ၀င္၊ အိပ္ဖို႔ျပင္လိုက္တယ္။ ဘာပဲျဖစ္ျဖစ္ အိပ္ရမယ္ေလ။ ကိုယ့္ကို မခ်စ္ေတာ့တဲ့သူအတြက္ ဘာလို႔ငိုေနရမွာလဲ။

(ဟုတ္တယ္ မခ်စ္ေတာ့ဘူး။ ဦးက သားကိုမခ်စ္ေတာ့ဘူး။ ဦးက သားကိုမခ်စ္ေတာ့ဘူးတဲ့။ အရင္လိုအလုပ္ထဲမွာလည္းမေတြ႕ရေတာ့ဘူး။ ကိုၾကီမင္းမင္း၊ မမသီရိ၊ မားကတ္အဖြဲ႕ထဲက မမေတြနဲ႔လည္း မေတြ႕ရေတာ့ဘူး။ ဦးကိုလည္း မေတြ႕ရေတာ့ဘူး။ အရင္လို စကားေတြေျပာလို႔မရေတာ့ဘူး။ အရင္လိုမုန္႔ေတြစားလို႔မရေတာ့ဘူး။ အရင္လို ဖတ္ထားခြင့္လည္း မရွိေတာ့ဘူး။ အရင္လို အားကိုးခြင့္လည္း မရွိေတာ့ဘူးေပါ့ေနာ္။ ဒါဆို...ဒါဆို...သားမွာဘာရွိေသးလဲဟင္။ ဟင့္အင္....သားမွာ ဘာမွမရွိေတာ့ဘူး။ ဦးမွမရွိရင္ သားမွာ ဘာမွမရွိေတာ့ဘူး။)

ရင္ထဲကနာက်င္ျခင္းေတြကို မခံစားႏိုင္လြန္းလို႔ အခုခ်ိန္သာေသဆံုးခြင့္ရမယ္ဆိုရင္ အရမ္းကို ေက်းဇူးတင္မိမွာပဲ။

(ဟင္......ေသဆံုးျခင္း........)

ထိုအခ်ိန္ ဥကၠာငယ္နားထဲ၀ယ္ PCOဆိုင္ကအမၾကီးရဲ႕စကားမ်ားကို ျပန္လည္ၾကားေယာင္လာတယ္။

'အမကုိယ့္ကိုကိုယ္သတ္ေသတယ္ဆိုတာၾကားမွ မင္းအကိုက အမဆီျပန္လာတာေလ။ မိဘေတြလည္း အဲ့က်မွ စိတ္ေလ်ာ့ျပီး အမတို႔ကို သေဘာတူလိုက္တာ'

(ဟုတ္တယ္။ သားသာကိုယ့္ကိုကိုယ္သတ္ေသတယ္ဆိုရင္ ဦးကသနားျပီး သားဆီျပန္လာခ်င္ျပန္လာမွာ။ ေနာက္ျပီး အဲ့လိုဆို လူေတြကလည္း သားကိုအျပစ္ျမင္တဲ့စိတ္ေတြ ေလ်ာ့ခ်င္ေလ်ာ့သြားမွာ။)

ဥကၠာငယ္စိတ္ထဲ၀ယ္ သူမွန္တယ္ထင္တာကို သူေတြးလို႔ အခန္းထဲကထြက္၊ ေနာက္ေဖးထဲကိုသြား၊ တစ္စံုတစ္ခုကိုရွာေဖြယူခဲ့ျပီး အခန္းထဲျပန္၀င္လာတယ္။

လက္တစ္ဖ၀ါးစာ ပုလင္းေလးတစ္လံုးကိုကိုင္ျပီး အေတြးခပ္လြင့္လြင့္ေတြက ေလႏွင္ရာလြင့္သြားျပန္တယ္။

(အကယ္၍ ဦးကျပန္မလာခဲ့ရင္ေကာ။ အို....... ဦးက ဘယ္ေလာက္ပဲမခ်စ္ပါဘူးေျပာေျပာ အဲ့ေလာက္ထိေတာ့ သားကိုပစ္မထားေလာက္ပါဘူး။ ေနာက္ျပီး ဒီတစ္ခါဦးနဲ႕ေဒၚေမေလးကိုေတြ႔ရင္ ေျခသလံုးကိုဖတ္ျပီး ဦးကို မခြဲႏိုင္ေၾကာင္းေတာင္းပန္ျပီးေျပာလိုက္မယ္။ ေဒၚေမေလးရိုက္လည္း ရိုက္ပါေစေတာ့၊ သတ္လည္း သတ္ပါေစေတာ့။ ဦးကိုသာရမယ္ဆို သူေပးသမွ်ဒဏ္ရာေတြအားလံုးကို ေက်ေက်နပ္နပ္ခံယူလိုက္မယ္။ ဒီေလာက္ဆို သားကို သူတို႔ သနားသြားေလာက္ပါရဲ႕။)

(ဒါဆို တကယ္ေသသြားခဲ့ရင္ေကာ။ ရတယ္။ ဘာမွမျဖစ္ဘူး။ တကယ္ေသေတာ့ပိုေတာင္ေကာင္းေသးတယ္။ ဘာမွမရွိေတာ့တဲ့ ရွက္စရာဘ၀ထဲက လြတ္သြားတာေပါ့။ ဦးကမွ မခ်စ္ေတာ့တာ။ အသက္ရွင္ေနလည္း နာက်င္ေနရံုပဲရွိမွာေလ။ ေနာက္ျပီး မိသားစုကိုအရွက္ရေစခဲ့တဲ့သူမို႔ မ်က္ႏွာလည္း မျပ၀ံ့ဘူး။)

မ်က္ရည္ေတြၾကားထဲက ပုလင္းေလးကိုၾကည့္လိုက္ေတာ့ အနီေရာင္နဲ႕ေရးထားတာက 'ေသာက္ရန္မဟုတ္' တဲ့။

(ဟင့္အင္...ဒါက သူမ်ားအတြက္ေသာက္ရန္မဟုတ္ေပမယ့္ သားလိုခ်စ္စရာမေကာင္းတဲ့၊ အရွက္မရွိတဲ့၊ သားသမီးမပီသတဲ့သူအတြက္ေတာ့ ေသာက္ရန္ပဲ။)

တစ္ခနအၾကာမွာေတာ့ အိမ္ငယ္ေလးဟာ အရာအားလံုးလြတ္ေျမာက္သြားတဲ့ ေထာင္နန္းတစ္ခုလိုပဲ အသံမ်ားအားလံုးတိတ္ဆိတ္လို႔ သြားပါေတာ့တယ္။

(A/N- ဒီတစ္ပိုင္းေရးရတာ ေသေအာင္ပင္ပန္းတယ္။ ေစာင္ရမ္းအသည္းမာတဲ့က်မက ေရးေနရင္း မ်က္ရည္က်လာလို႔ ကိုယ့္ကိုကိုယ္ အထူးအဆန္းကိုျဖစ္လို႔။ ေရးလည္းျပီးေရာ မာရသြန္ေျပးထားရတဲ့လူလို ေမာျပီး က်န္ခဲ့တယ္။

ေအာ္.... တစ္ပတ္၂ပိုင္းတင္ေပးပါဆိုျပီးေတာင္းဆိုထားတာေတြ႕ရေတာ့ တကယ္ စိတ္မေကာင္းစြာ ေတာင္းပန္ပါတယ္ေနာ္။ တာ၀န္ၾကီးတဲ့အလုပ္ေရာ၊ ထမင္း၊ဟင္းခ်က္ရတာေရာဆိုေတာ့ ၾကားရက္ေတြက အိပ္ခ်ိန္အျပင္ အခ်ိန္ပိုနည္းလို႔ပါ။ အဲ့အတြက္ စိတ္မကြက္ၾက၊ အခ်စ္မေလ်ာ့လိုက္ၾကပါနဲ႕ေနာ္။ ♥️)



Unicode



ကားပေါ်မှာရှိတဲ့လူ၃ယောက်...တစ်ယောက်ကိုတစ်ယောက်စကားမပြောဖြစ်ခဲ့ကြပါဘူး။ ဥက္ကာငယ့်အိမ်က ထွက်လာပြီး လမ်းမှာတိုက်မလို၂ကြိမ်ဖြစ်ကတည်းက ဦးရီးငယ်ပဲ ကားကိုမောင်းလိုက်တော့တယ်။ မေလေးကတော့ ခေါင်းခန်းမှာထိုင်ပြီး ဗညားကတော့ ကားနောက်ခန်းမှာထိုင်တယ်။ ဆန့်ကျင်ဘက်အရပ်မျက်နှာတွေကို ခေါင်းတွေလှည့်လို့ ငေးမောတွေးတောနေကြတယ်။ ဦးရီးငယ်အသာအယာအကဲခတ်လို့ သက်ပြင်းတစ်ခုတိုးတိုးချကာ ခေါင်းကိုညင်သာစွာရမ်းလိုက်မိတယ်။

"မနက်ဖြန်ပြန်တော့မှာလား ဦးရီးငယ်။" ဗညားက စမေးလိုက်တယ်။ ဦးရီးငယ်ရှိနေရင် သူလှုပ်ရှားရတာ သိပ်မလွတ်လပ်ဖူးလေ။

"အရေးတော့မကြီးပါဘူးကွာ။ နောက်၂ရက်လောက်နေမှ ပြန်မလားလို့။" ဦးရီးငယ်က ပြန်ပြောတယ်။

"အိမ်နဲ့ဝေးနေတာလည်းကြာပြီလေ။ ပြန်ချင်ပြန်ပါ။ ကျတော်တို့ကိုတော့စိတ်ချ၊ အားလုံးအဆင်ပြေနေပါပြီ။ နောက်ပြီး ဦးရီးတို့စိတ်မချဖြစ်နေရင် မနက်ဆို မယ်မယ့်ဆီသွားနေပြီး ညပိုင်းမှ အိမ်ပြန်နေမယ်လေ။" ကိုယ့်ကိုစိတ်မချလို့မပြန်တာကိုသိနေတဲ့ ဗညားက စိတ်ချအောင်ပြောလိုက်တယ်။

"အေးကွာ။ အဲ့လိုမျိုးအဆင်ပြေရင်တော့ ငါ့လည်း ကျောက်ပန်းတောင်းဘက်ခနသွားဦးမယ်။ အဲ့ဘက်မှာနေတဲ့ ငါ့နှမငယ်တစ်ယောက်က နေသိပ်မကောင်းဘူးပြောတယ်။ သွားပြီးလူနာလေးမေးလိုက်ဦးမယ်။ ပြီးမှ အင်းဝအိမ်ပြန်တော့မယ်။" ဦးရီးငယ်က ကားမောင်းရင်းလှန်းပြောတယ်။

"ကျမတို့လိုက်ပို့မယ်လေ။ ကျောက်ပန်းတောင်းဘက်ကို" မေလေးက ဝင်ပြောတယ်။

"ရပါတယ်ကွာ။ အားနာစရာ။ ကိုယ့်ဘာသာပဲ လိုင်းကားစီးသွားပါတော့မယ်။ မင်းတို့ ကားဂိတ်သာလိုက်ပို့ကြ"

"တစိမ်းတွေမှမဟုတ်တာ ဦးရီးငယ်ရယ်။ ကျမတို့အခက်အခဲကိုလည်း ဦးရီးငယ်က စိတ်ကောကိုယ်ပါနှစ်ပြီး ဖြေရှင်းပေးထားတာပဲလေ။" မေလေးက ပြောပြန်တယ်။ ဗညားက မေလေးကို လှန်းကြည့်လိုက်တယ်။ ဟုတ်တယ်လေ.. မေလေးပါးစပ်က ဒါမျိုးထွက်တယ်ဆိုတာ ရှာမှရှားပဲဟာ။

"အေးဗျာ။ လိုက်ပို့ရင်တော့ ကျေးဇူးပဲငါ့သမီးရေ။ အဲ.... ငါ့သမီးက ကလေးတွေနဲ့ဆိုတော့ မပို့ပါနဲ့။ ဗညား ပဲ ပို့ချင်ပို့။ အပြန်လည်း ဒီကောင်ဘယ်အချိန်ပြန်တယ်ဆိုတာ ဦးရီးကဖုန်းလှန်းဆက်လိုက်မယ်။ စိတ်ချ။" ဦးရီးငယ်က မေလေးဘက်ကိုလှည့်ပြီး ကျေးဇူးတင်စွာ ပြောလိုက်တယ်။

"ဟုတ်ကဲ့။ ကျတော်လိုက်ပို့ပေးပါ့မယ်ဦးရီးငယ်။ ဘယ်မှလည်းမဝင်ပါဘူး။ အိမ်ပဲတန်းပြန်ပါ့မယ်။" ဗညားက ခပ်တည်တည်ပဲ ပြောလိုက်တယ်။

"အေး...ဒါဆိုလည်း မနက်ဖြန်မနက် မနက်စာဘာညာစားပြီးမှ အေးဆေးထွက်ရအောင်။ ကိုယ့်ကားနဲ့ကိုယ်ပဲဟာ ဘယ်အချိန်ရောက်ရောက်ပေါ့။" စကားတစ်ပြောပြောနဲ့ မောင်းလာရင်း အိမ်ကိုလည်းရောက်ကော တစ်ဖန်ပြန်တိတ်ဆိတ်လို့သွားပါတယ်။

ကိုယ့်အခန်းကိုယ် ဝင်သွားကြပြီး ဘာစကားမှလည်း မပြောဖြစ်ခဲ့ကြတော့ပါဘူး။ ခနကြာတော့ ဗညားအခန်းကနေ ဂစ်တာသံကြားရတယ်။ သေသေချာချာနားထောင်မယ်ဆို ဆိုနေတဲ့သီချင်းထဲမှာ ရှိုက်သံတစ်ချို့ကို ကြားရလိမ့်မယ်။

.........

(ကလေးငယ်ဆီ မင်းမင်းရောက်ပြီးရှင်းပြပြီးပြီလားမသိဘူး။ နေ့လည် တွေ့တုန်းကတော့ ပြောပုံကြည့်ရတာ သွားမယ့်ပုံပဲ။ သွားလောက်ပါတယ်လေ။ မင်းမင်းက ငယ်လေးကိုဒီလောက်ချစ်တာ သွားမှာသေချာပေါက်ပဲ။ ငယ်လေးလည်း နောက်လရဲ့အစီအစဉ်တွေကို သိပြီးလောက်ပါပြီ။ တစ်လလောက်တော့ ကိုယ့်ကလေးငယ် သည်းခံနိုင်လောက်ကောင်းပါရဲ့။)

(ဘာပဲဖြစ်ဖြစ် မနက်ဖြန်ဦးရီးငယ်ကိုပို့ပြီးအပြန် မင်းမင်းဆီဝင်ပြီး အကျိုးအကြောင်းလေးသေချာမေးပြီး မှာစရာရှိတာ သေချာမှာဦးမှပါ။ အင်း..... အပြင်ထွက်လက်စနဲ့ ရှေ့နေကြီးဆီသွားပြီး အမွေဆိုင်ကိစ္စတွေလည်း သေချာထပ်မေးဦးမှ။ ဒီတစ်ခါလွဲသွားလို့မဖြစ်ဘူး။ နောက်ပြီး နယ်စပ်မှာနေဖို့ တိုက်ခန်းရှာခိုင်းထားတာလည်း တွေ့ပြီလားမသိဘူး။ တွေ့ရင်တစ်ခါတည်းစရံငွေချခိုင်းထားရမယ်။ တစ်လဆိုတာ ဖင်လှည့်ခေါင်းလှည့်နဲ့ကုန်သွားမှာ။)

(အဟင်း.....ဝေးနေရလို့ လွမ်းရပေမယ့် ဒီလိုဆုံဖို့တွေးကြည့်ရင်တော့လည်း ပျော်ဖို့ကောင်းသား။ အဲ့ချိန်ကျမှ အခုလို ဝေးခဲ့၊ လွမ်းခဲ့၊ ငိုခဲ့ရသမျှကို အတိုးချပြီး အချစ်နလံထရမယ်။)

ဒီနေ့ပြောခဲ့တာတွေကို ပြန်ဆုံမယ့်အချိန်ကျ ကိုယ့်ပေါက်စကောင် နှုတ်ခမ်းထော်လို့စိတ်ကောက်မှာကို တွေးကြည့်ပြီး ဗညားပြုံးလိုက်မိတယ်။ ပျော်စရာတွေတွေးရင်း တီးခတ်လိုက်တဲ့သံစဉ်လေးက မျိုးကြီးရဲ့ အပြာရောင်အချစ်ည...

'အပြာရောင်အချစ်ည..မင်းလှန်းကြည့်လိုက်စမ်း...မိုးကောင်းကင်ထက် များတဲ့ကိုယ့်အချစ်များ.....ကြယ်စင်အားလုံးထက် လင်းတဲ့ကိုယ့်အချစ်များ...အပြာရောင်အချစ်ည ကမ္ဘာမှာ....'

ဂစ်တာကိုတီးခတ်နေရင်းပဲ မျက်ရည်တွေနဲ့ပေါက်စလေးမျက်နှာကို ပြန်လည်မြင်ယောင်လာတော့ တီးလက်စကိုရပ်တန့်လိုက်မိပြန်တယ်။

(အင်း.....ဒီကလေးလေးက အကြောင်းစုံကိုသိနေတာတောင် ဘာလို့ဝမ်းပန်းတနည်းငိုနေရတာပါလိမ့်။ ကိုယ်ပြောလိုက်တာ အရမ်းများခံစားသွားရလို့လား။)

(ဦးက ဒီတစ်လအတွင်း အမျိုးအဆွေအားလုံးရဲ့ယုံကြည်မှုကိုပြန်ယူပြီး ပြင်ဆင်စရာတွေများလွန်းနေတာမို့ အခုလို တမင်ပြောလိုက်ရတာပါ ငယ်လေးရယ်။ ဝမ်းနည်းမနေပါနဲ့နော်။ ဦးက ငယ်လေးကိုအရမ်းချစ်တာ ငယ်လေးယုံတယ်မလား။ ဒါကို ဘာလု့ိများ ငိုနေရတာလည်း ကလေးငယ်ရယ်။ ပြောရတဲ့ဒီလူရဲ့ရင်ထဲမှာကော မခံစားရဘူးလို့ မင်းလေးထင်နေတာလားကွာ။)

(သေချာတောင်မကြည့်ဝံ့ပါဘူးငယ်လေးရယ်။ မင်းလေးကိုအားနာလွန်းလို့ မျက်နှာတောင်မကြည့်ဝံ့ပါဘူး။ ကြည့်မိခဲ့ရင် ငိုကြွေးနေတဲ့မင်းကို နှစ်သိမ့်မိမှာ။ ကြည့်မိခဲ့ရင် ဝမ်းနည်းနေတဲ့မင်းကို ထွေးပွေ့မိမှာ။ အခုတော့......အခုတော့......)

ပါးပြင်ပေါ်ကမျက်ရည်တစ်ချို့ကို လျစ်လျှူရှုလို့ သီချင်းတစ်ပုဒ်ကို ဆက်လက်တီးခတ်လိုက်တယ်။ ပြန်မဆုံဖြစ်ကြရင်...

..........

"အမေ....ဟိုဘက်အိမ်က ဘာဖြစ်တာတဲ့လဲ။" (သမီး)

"ဟဲ့ ဘယ်သိမလဲ။ နားထောင်နေတာချင်းအတူတူကို။ သူ့အမေကတော့ သူ့ကိုဆူနေသံကြားတာပဲ။" (အမေ)

"အဲ့ကောင်က အခြောက်လိုလို ဘာလိုလိုကောင်လေ။ စာလေးတော်တာနဲ့ပဲ ရပ်ကွက်ထဲ မျက်နှာရနေတာ။ အလကား။ အခုလည်း တခုခုမဟုတ်တာလုပ်ထားလို့ လာအတိုင်ခံနေရတာနေမှာပေါ့ အမေရဲ့။" (သား)

"ဟဲ့...သူ့ဘာသူ အခြောက်ဖြစ်ဖြစ်၊အစိုဖြစ်ဖြစ် နင့်ထက်တော့သာတယ်။ နင်သာ မိဘပိုက်ဆံကုန်ရကျိုးမနပ်အောင်လို့ စာမေးပွဲကိုကျတာလေ။ သူများသွားဝေဖန်မနေနဲ့။ နင်သာ ကြပ်ကြပ်သတိထား။" (အမေ)

"ဟာဗျာ...အမေကလည်း...." (သား)

"အမေကလည်း.. မနေနဲ့။ ဒီနှစ်မှ မအောင်ရင် နင့်ကို ကျောင်းဆက်မထားတော့ဘူးနော်။" (အမေ)

"အမေကလည်း သမီးကိုကြီးကိုပဲ ပြောမနေပါနဲ့။ အခု ကိုကြီးဥက္ကာငယ်က စာမေးပွဲကျလို့ ကျောင်းကလာတိုင်တာဆို ဘယ်လိုလုပ်မလဲ" (သမီး)

"နင်လည်း တူတူပဲ။ စာမလုပ်ပဲ စပ်စုတာပဲလုပ်နေ။ စာမေးပွဲကျလို့ကတော့ ဇီးထုပ်ဆိုင်ပို့ပြီး ဇီးထုပ်ထုပ်ခိုင်းမှာနော် ဟင်း..ဟင်း။" (အမေ)

"ဟာာာဗျာာာာာ။ အမေကလည်း...." (သမီး)

"အေး...အမေတို့ ကိုယ့်သားသမီးကျ အထင်သေးပြီး အဲ့ကောင်ပဲအထင်ကြီးနေ။ အဲ့ကောင်လည်း အမြဲကောင်း၊ အမြဲတော်နေတာမဟုတ်ပါဘူး။ အလကား....ယောက်ျားလေးဖြစ်ပြီး နွဲ့တဲ့တဲ့၊ မလှုပ်မရှက်နဲ့....ယောက်ျားချင်း -င်ခံမယ့်ကောင်။" (သား- အသံကျယ်ကျယ်ပြော)

"ဟဲ့....တိုးတိုးပြောစမ်း....ဟိုက ကြားသွားရင် အားနာစရာဟယ်။" (အမေ)

"ဘာမှအားနာစရာမလိုဘူး။ ဟုတ်ကြောင်းမှန်ရာပြောတာ။ အမေသာမကြားတာ၊ ရပ်ကွက်ထဲဖြင့်ပြောနေကြတာ၊ သူ့တို့အိမ်ကို ကားနဲ့လာ လာနေတဲ့ ဘိုးတော်က သူ့ကိုထောက်ပံ့ပေးနေတာတဲ့။" (သမီး)

"ကြည့်ရတာ ယောက်ျားချင်း ကပ်စားကပ်ဖားလုပ်နေတာနေမှာပေါ့။ နောက်မှ ဘာသံကြားရမလဲ စောင့်ကြည့်ဦးမယ်။ ဟွန့်။ အဲ့ကျမှ ငါ့သားလေးပဲကောင်းတယ်လို့လာမပြောနဲ့။" (သား)

"နင်တို့တွေပြောလေ၊ကဲလေပါလား။ တော်တိတ်။ စာမလုပ်မယ့်အတူတူ အိပ်ကြတော့။" (အမေ)

............

တစ်ဘက်အိမ်မှ သားအမိ၃ယောက်ရဲ့ စကားပြောနေသံသဲ့သဲ့ကို နားပါးသူပီပီ ကြားလိုက်ရတယ်။ အိပ်မပျော်တဲ့ ဥက္ကာငယ်အတွက် ထိုစကားတွေကို ကြားလိုက်ရတာဟာ မီးလောင်နေစဉ် ဓာတ်ဆီဖြန်းခံလိုက်ရသလိုပါပဲ။ ရပ်ကွက်ထဲမှာ ဒီလိုပဲ ပြောဆိုနေကြ ဆိုပေမယ့် ဥက္ကာငယ်အဖြစ်က ခေါင်းမဖော်နိုင်လောက်တဲ့အဖြစ်ဆိုတော့ ကိုယ့်ကိုကိုယ်မလုံပဲ ရှက်နေမိတယ်။

မိမိတောင်ဒီလောက်ရှက်နေရင် မိသားစုဆို ဘယ်လောက်ရှက်နေမလဲဟု တွေးမိတိုင်း အားနာစိတ်၊ အပြစ်ရှိစိတ်တို့က ဖိစီးလို့နေတယ်။ မနက်ဖြန်ကျောင်းမှာရော အဘယ်မျှနာမည်ထွက်နေပြီး အဘယ်မျှအပြောခံရဦးမှာလဲဟု တွေးမိတိုင်း မျက်ရည်များက တားဆီးမနိုင် ကျဆင်းလာပြန်တယ်။

မိမိမျက်နှာကို တစ်စက်လေးတောင်မကြည့်ပဲ၊ ဖြေရှင်းချက်တစ်ခွန်းလေးတောင် ပေးမသွားတဲ့ဦးကို တွေးမိတိုင်းလည်း နာကျည်းစိတ်၊ ဝမ်းနည်းစိတ်တို့က ကြီးစိုးလာပြန်တယ်။ ပြန်လာစေချင်တယ်။ ဖြစ်နိုင်ရင် ဦးကို ပြန်လာစေချင်တယ်။ ဘယ်လိုနည်းနဲ့ပဲ ရရ၊ ပြန်လိုချင်တယ်။ ဦးနဲ့ဝေးနေရခြင်းဟာ ငရဲကျနေသလိုပဲ ပူလောင်လှပါတယ်။

(ချစ်တယ်ဆို....။ ဦး ပဲ ချစ်တယ်လို့ပြောခဲ့တာလေ။ ဦး ပဲ ဒီလက်လေးကိုကိုင်ပြီး ဘုရားမှာဆုတွေတောင်းခဲ့ကြတာမဟုတ်ဘူးလား။ ဦး ပဲ ဒီနှုတ်ခမ်းလေးက နမ်းလို့တောင်မဝဘူးလို့ ပြောခဲ့တာမဟုတ်ဘူးလား။ ဦး ပဲ တစ်ရက်လေးဝေးရင်တောင် လွမ်းလိုက်တာငယ်လေးရာ လို့အမြဲပြောပြီး တင်းကြပ်နေအောင်ဖတ်ထားတာမဟုတ်ဘူးလား။

ဦး ပဲ ပြောခဲ့တာလေ။ ဦး ပဲ စခဲ့တာလေ။ ဦး ပဲ သားရဲ့ အရာအားလုံးကို သေသေချာချာ ပျိုးထောင်ပြုစုခဲ့တာမဟုတ်ဘူးလား။ အခုတော့ ၂ဦးစလုံးရဲ့အမှားတဲ့လား။ တကယ်နောင်တရနေတယ်တဲ့လား။ ဒီလိုဘာမဟုတ်တဲ့အကြောင်းလေးကြောင့် မိသားစုကိုမပျက်စေချင်ဘူးတဲ့လား။ သားကို အဲ့လောက်တောင် ပြောရက်၊ လုပ်ရက်တာတဲ့လား ဦးရယ်။)

ညဉ့်နက်လာလေ အတွေးတွေက ပိုနက်လာလေမို့ စိတ်တွေလည်း ကယောက်ကယက်နဲ့ မတည်ငြိမ်နိုင်တော့ပါဘူး။ တစ်ဘက်အခန်းဆီသွားလို့ အသာအယာချောင်းမြောင်းကြည့်လိုက်တယ်။ အသက်ရှူသံမှန်မှန်နဲ့အိပ်ပျော်နေတဲ့ အမေနဲ့ အငယ်လေး၂ယောက်ကိုတွေ့လိုက်ရတော့ ဘာလို့မှန်းမသိ မျက်ရည်ကကျလာပြန်တယ်။

ပုံမှန်ဆို အငယ်ကောင်လေးနဲ့ ဥက္ကာငယ်နဲ့က အတူတူအိပ်တာပါ။ စာမေးပွဲရက်မို့ အငယ်လေးနဲ့ဆို အအိပ်ပျက်မှာစိုးလို့ အမေကခေါ်အိပ်တယ်။ နာရီကိုကြည့်လိုက်တော့ ၁နာရီခွဲ။ လောကဓာတ်ကြီးတစ်ခုလုံးက တိတ်ဆိတ်လို့ ခြောက်ကပ်နေတယ်။ ဦး ထိုင်သွားတဲ့နေရာလေးကိုသွားထိုင်လိုက်မိတယ်။ အခုထိနွေးနေသလိုခံစားရတယ်။ ကြမ်းပြင်ပေါ် ပါးလေးအပ်လို့ အိပ်လိုက်တယ်။ ဦးရဲ့အငွေ့အသက်လေးတွေကို ခံစားလိုက်ရသလိုပဲ။ အသံမထွက်အောင်ရှိုက်ငိုမိပြန်တယ်။

အိမ်တံခါးကိုအသာ ဖွင့်လို့ အပြင်ထွက်လိုက်တယ်။ မှောင်မဲနေတဲ့ပတ်ဝန်းကျင်မှာ ပုစဉ်းရင်ကွဲသံကလွဲလို့ ဘာသံမှမကြားရ။ အရှေ့အရပ်ကိုမျက်နှာမူလို့ ကြည့်လိုက်တယ်။

(ဦးကပြောဖူးတယ်..ဦးတို့အိမ်က မြို့အရှေ့ဘက်မှာရှိတယ်တဲ့။ ဒါဆို အခုသားမျက်နှာမူနေတဲ့အရပ်မှာ ဦးရှိနေမှာပေါ့နော်။ အိပ်နေပြီလား။ ဒါမှမဟုတ် သားလိုပဲ အိပ်မပျော်ပဲနေမလား။ အဟင်း....မဖြစ်နိုင်တာ။ ဦးက သားကိုမှမချစ်တော့တာ။ အခုချိန်ဆို သူ့သားလေးကိုတစ်ဖတ်၊ သမီးလေးကိုတစ်ဖတ်ထားလို့ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေလောက်ရောပေါ့။ ဒါမှမဟုတ် ဒေါ်မေလေးကိုဖတ်ပြီး အိပ်ရင်အိပ်နေမှာ။)

အတွေးစတချို့နဲ့အတူ မျက်ရည်တစ်ချို့က ထွက်ကျလာပြန်တယ်။

မျက်ရည်များကို တစ်ချက်ခပ်ကြမ်းကြမ်းသုတ်လို့ အိမ်ထဲပြန်ဝင်ပြီး အိပ်ယာထဲဝင်၊ အိပ်ဖို့ပြင်လိုက်တယ်။ ဘာပဲဖြစ်ဖြစ် အိပ်ရမယ်လေ။ ကိုယ့်ကို မချစ်တော့တဲ့သူအတွက် ဘာလို့ငိုနေရမှာလဲ။

(ဟုတ်တယ် မချစ်တော့ဘူး။ ဦးက သားကိုမချစ်တော့ဘူး။ ဦးက သားကိုမချစ်တော့ဘူးတဲ့။ အရင်လိုအလုပ်ထဲမှာလည်းမတွေ့ရတော့ဘူး။ ကိုကြီမင်းမင်း၊ မမသီရိ၊ မားကတ်အဖွဲ့ထဲက မမတွေနဲ့လည်း မတွေ့ရတော့ဘူး။ ဦးကိုလည်း မတွေ့ရတော့ဘူး။ အရင်လို စကားတွေပြောလို့မရတော့ဘူး။ အရင်လိုမုန့်တွေစားလို့မရတော့ဘူး။ အရင်လို ဖတ်ထားခွင့်လည်း မရှိတော့ဘူး။ အရင်လို အားကိုးခွင့်လည်း မရှိတော့ဘူးပေါ့နော်။ ဒါဆို...ဒါဆို...သားမှာဘာရှိသေးလဲဟင်။ ဟင့်အင်....သားမှာ ဘာမှမရှိတော့ဘူး။ ဦးမှမရှိရင် သားမှာ ဘာမှမရှိတော့ဘူး။)

ရင်ထဲကနာကျင်ခြင်းတွေကို မခံစားနိုင်လွန်းလို့ အခုချိန်သာသေဆုံးခွင့်ရမယ်ဆိုရင် အရမ်းကို ကျေးဇူးတင်မိမှာပဲ။

(ဟင်......သေဆုံးခြင်း........)

ထိုအချိန် ဥက္ကာငယ်နားထဲဝယ် PCOဆိုင်ကအမကြီးရဲ့စကားများကို ပြန်လည်ကြားယောင်လာတယ်။

'အမကိုယ့်ကိုကိုယ်သတ်သေတယ်ဆိုတာကြားမှ မင်းအကိုက အမဆီပြန်လာတာလေ။ မိဘတွေလည်း အဲ့ကျမှ စိတ်လျော့ပြီး အမတို့ကို သဘောတူလိုက်တာ'

(ဟုတ်တယ်။ သားသာကိုယ့်ကိုကိုယ်သတ်သေတယ်ဆိုရင် ဦးကသနားပြီး သားဆီပြန်လာချင်ပြန်လာမှာ။ နောက်ပြီး အဲ့လိုဆို လူတွေကလည်း သားကိုအပြစ်မြင်တဲ့စိတ်တွေ လျော့ချင်လျော့သွားမှာ။)

ဥက္ကာငယ်စိတ်ထဲဝယ် သူမှန်တယ်ထင်တာကို သူတွေးလို့ အခန်းထဲကထွက်၊ နောက်ဖေးထဲကိုသွား၊ တစ်စုံတစ်ခုကိုရှာဖွေယူခဲ့ပြီး အခန်းထဲပြန်ဝင်လာတယ်။

လက်တစ်ဖဝါးစာ ပုလင်းလေးတစ်လုံးကိုကိုင်ပြီး အတွေးခပ်လွင့်လွင့်တွေက လေနှင်ရာလွင့်သွားပြန်တယ်။

(အကယ်၍ ဦးကပြန်မလာခဲ့ရင်ကော။ အို....... ဦးက ဘယ်လောက်ပဲမချစ်ပါဘူးပြောပြော အဲ့လောက်ထိတော့ သားကိုပစ်မထားလောက်ပါဘူး။ နောက်ပြီး ဒီတစ်ခါဦးနဲ့ဒေါ်မေလေးကိုတွေ့ရင် ခြေသလုံးကိုဖတ်ပြီး ဦးကို မခွဲနိုင်ကြောင်းတောင်းပန်ပြီးပြောလိုက်မယ်။ ဒေါ်မေလေးရိုက်လည်း ရိုက်ပါစေတော့၊ သတ်လည်း သတ်ပါစေတော့။ ဦးကိုသာရမယ်ဆို သူပေးသမျှဒဏ်ရာတွေအားလုံးကို ကျေကျေနပ်နပ်ခံယူလိုက်မယ်။ ဒီလောက်ဆို သားကို သူတို့ သနားသွားလောက်ပါရဲ့။)

(ဒါဆို တကယ်သေသွားခဲ့ရင်ကော။ ရတယ်။ ဘာမှမဖြစ်ဘူး။ တကယ်သေတော့ပိုတောင်ကောင်းသေးတယ်။ ဘာမှမရှိတော့တဲ့ ရှက်စရာဘဝထဲက လွတ်သွားတာပေါ့။ ဦးကမှ မချစ်တော့တာ။ အသက်ရှင်နေလည်း နာကျင်နေရုံပဲရှိမှာလေ။ နောက်ပြီး မိသားစုကိုအရှက်ရစေခဲ့တဲ့သူမို့ မျက်နှာလည်း မပြဝံ့ဘူး။)

မျက်ရည်တွေကြားထဲက ပုလင်းလေးကိုကြည့်လိုက်တော့ အနီရောင်နဲ့ရေးထားတာက 'သောက်ရန်မဟုတ်' တဲ့။

(ဟင့်အင်...ဒါက သူများအတွက်သောက်ရန်မဟုတ်ပေမယ့် သားလိုချစ်စရာမကောင်းတဲ့၊ အရှက်မရှိတဲ့၊ သားသမီးမပီသတဲ့သူအတွက်တော့ သောက်ရန်ပဲ။)

တစ်ခနအကြာမှာတော့ အိမ်ငယ်လေးဟာ အရာအားလုံးလွတ်မြောက်သွားတဲ့ ထောင်နန်းတစ်ခုလိုပဲ အသံများအားလုံးတိတ်ဆိတ်လို့ သွားပါတော့တယ်။

(A/N- ဒီတစ်ပိုင်းရေးရတာ သေအောင်ပင်ပန်းတယ်။ စောင်ရမ်းအသည်းမာတဲ့ကျမက ရေးနေရင်း မျက်ရည်ကျလာလို့ ကိုယ့်ကိုကိုယ် အထူးအဆန်းကိုဖြစ်လို့။ ရေးလည်းပြီးရော မာရသွန်ပြေးထားရတဲ့လူလို မောပြီး ကျန်ခဲ့တယ်။

အော်.... တစ်ပတ်၂ပိုင်းတင်ပေးပါဆိုပြီးတောင်းဆိုထားတာတွေ့ရတော့ တကယ် စိတ်မကောင်းစွာ တောင်းပန်ပါတယ်နော်။ တာဝန်ကြီးတဲ့အလုပ်ရော၊ ထမင်း၊ဟင်းချက်ရတာရောဆိုတော့ ကြားရက်တွေက အိပ်ချိန်အပြင် အချိန်ပိုနည်းလို့ပါ။ အဲ့အတွက် စိတ်မကွက်ကြ၊ အချစ်မလျော့လိုက်ကြပါနဲ့နော်။ ♥️)

Продолжить чтение

Вам также понравится

270K 22.3K 49
အခ်စ္ဆိုတဲ႔အရာမွာ ဘာသာစကားမရွိလို႔ေပါ့ အချစ်ဆိုတဲ့အရာမှာ ဘာသာစကားမရှိလို့ပေါ့
428K 8.6K 22
+++++ အခန်းတွေပါမှာမို့ ဖတ်ဖို့အဆင်မပြေတဲ့သူများပြန်လှည့်သွားကြပါ အသက်မပြည့်သေးတဲ့ကလေးတွေမဖတ်ကြဖို့မေတ္တာရပ်ခံပါတယါ
A Forgotten Love(Book Ver) Han

Любовные романы

29.5K 989 18
AFLရဲ့ Book versionပါ။စာအုပ်ဖြစ်တဲ့အတွက် စာတွေပြင်ထားပါတယ်။
264K 12.9K 45
unicode သူပြောသော ကြယ်ကြွေပုံပြင်ရဲ့ ဒုတိယအတွဲပါ zawgyi သူေျပာေသာ ၾကယ္ေႂကြပံုျပင္ရဲ့ ဒုတိယအတြဲပါ