Magic In The Moonlight
By Skylor75
288K 29.4K 2.1K
ရုပ်ဆိုးဆိုး အစခံ အနိုင်ကျင့်ခံ ကောင်လေးတစ်ယောက်ကို နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ကောင်လေးက ချစ်မိသွားတဲ့အခါ... More
INTRO
Chapter(1)
Chapter(2)
Chapter(3)
Chapter(4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter(10)
Chapter (11)
Chapter(12)
Chapter (13)
Chapter (14)
Chapter(15)
Chapter (16)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter(23)
Chapter (24)
Chapter(25)
Chapter(26)
Chapter(27)
Chapter(28)
Chapter(29)
Chapter(30)
Final Chapter (31)
​ကျေးဇူးတင်လွှာ/ေက်းဇူးတင္လႊာ
Extra-NSFW
Chapter (17)
6.7K 869 56
By Skylor75
"Jimin-ah..I'm coming"
"ငါသေတော့မယ် Jungkook..ah"
"ရပြီ ရပြီ ကိုယ်ပြီးပြီ.....ဒီကောင်တွေတကယ် မသေတာ...တော်တော်သက်ယူလိုက်ရတယ်"
In game Voice chatကနေကြားရတဲ့
Jungkookအသံအေးအေးကြောင့်
ရင်တုန်ပန်းတုန်ဖြစ်နေသော Jiminခမျာ
နှလုံးရောဂါရပြီး ထိုင်ငိုရတော့မယ့်အဖြစ်ကနေ
သီသီလေး ကင်းလွတ်လာသည်။
ယခုသူတို့က League of legends..ဟုခေါ်သော
Moba ဂိမ်းတစ်ခုကို ကစားနေခြင်းဖြစ်သည်။
Jiminကိုယ်တိုင်က Gameကစားရာတွင်မတော်သော်ငြား
Jungkookကစားသောထိုဂိမ်းအကြောင်းသိချင်တာရော
Jungkookက ကစားရန် မြူဆွယ်သောကြောင့်ရော ၊
Jungkookနှင့်အတူ ကစားချင်တာကြောင့်ရော..၊
သူထိုဂိမ်းကို ကစားဖြစ်သည်။
စစချင်း ကစားတုန်းက killအများကြီးရသောကြောင့်
Jimin ပျော်ရွှင်နေခဲ့သော်လဲ..၊
levelကွာသော Jungkookနှင့်အတူတွဲဆော့သောအခါ
ရန်သူကပါ သူနှင့် level အလွန်ကွာပြီး
strongဖြစ်နေသောကြောင့်
စလာလာချင်း မှာတင် Jiminခမျာ ပိုးစိုးပက်စက်
လောင်မြိုက်နေရတော့သည်။
"ငါငိုပါငိုမိတော့မလို့..."
အမှန်တကယ်ပင် ငိုမိတော့မည့်အခြေနေဖြစ်သည်။
သူ့ဘဝတစ်လျှောက်လုံးတွင် ဂိမ်းတစ်ခုကစားရ၌
ဒီလောက် စိတ်ရောနှလုံးသားပါ မြုပ်နှံ၍ မဆော့ဖူးချေ။
itemဆိုသည့်အရာတွေရော uplane,bottom laneနှင့်
ရူပ်ယှတ်ခတ်နေသည့်အရာများနှင့်
ပထမဆုံး နှဖူးစာဆုံခြင်းဖြစ်သည်။
ကိုယ့်ဘာသာဆို ပေါ်လာတဲ့ခလုပ်လေးနှိပ်
ဟိုနှိပ် ဒီနှိပ် နှိပ်ရုံဖြင့်သာ ပြီးသွားမည်ဆိုသော်လဲ
Game အကြောင်း နိူက်နိူက်ချွတ်ချွတ်
အသေချာကြီးရှင်းပြနေသော Jungkook ကြောင့်
သူ့မှာ သေချာလိုက်နားထောင်ပြီး
သေချာလိုက်ဆော့ရမှ,အသေချာကြီးကိုnobတော့သည်။
"Hahaha Jiminကလဲ မငိုပါနဲ့"
တစ်ဖက်က Jungkookရဲ့ ရီသံကိုကြားသောအခါ
သူ့နှလုံးသားလေးက နူးညံသွားရပြန်သည်။
Game ရူံးတယ်ဆိုပေမဲ့ Jungkookရီသံလေးကြားရတာ
တန်ပါတယ်လေ ဟီဟီ..
သူအဲ့လိုမျိုးကိုရူးသည်။
ဒီရက်ပိုင်းအတွင်း သူ့စိတ်ကိုသူပြန်စမ်းစစ်မိသည်။
သူJungkookအပေါ် သာမန်အားကျရုံပဲဆိုတာ
သေချာသလားလို့။
" Jiminကလဲ ကိုယ်ရှိပါတယ် ကိုယ်Coverပေးမှာပေါ့"
လေလိူင်းပေါ်က ပျံလာတဲ့ Jungkookရဲ့ အသံကြောင့်
သူနှုတ်ခမ်းလေးဖျားလေးတွေက မြှောက်တတ်သွားသည်။
သူမသိလိုက်ခင်မှာပဲ သူပြုံးမိသည်။
တစ်ခါတရံတွင် Jungkook ပြောလေ့ရှိသော
ထိုကဲ့သို့သော စကားများက
သူ့ကို စိတ်ချလုံခြုံသော ခံစားချက်ကိုပေးသည်။
အနှီယောင်္ကျားလေးသည် သူ့စိတ်နှလုံးအကုန်လုံး
ပုံပေးရလောက်တဲ့ထိအောင် ယုံကြည်ချင်စရာကောင်းသည်။
"အင်း ကျေးဇူးပါ Jungkook"
သူ့အသံလေးတောင် အဖြားရှပ်သွား သယောင်နှယ်။
Victoryဟူသော အသံထွက်လာပြီးနောက်
မိနှစ် ၃၀ခန့်ကြာခဲ့သော ဂိမ်းပွဲတစ်ပွဲကို
Jungkook၏ Carryကောင်းမူ့ဖြင့်
အနိုင်ယူကာ အပြီးသတ်ခဲ့လေသည်။
"Jungkook တော်ပြီနော် ငါအိပ်တော့မယ် မရတော့ဘူး
မျက်လုံးက"
"အင်း အင်း Jiminနားလေ အာ့ဆို မနက်ဖြန်မှတွေ့မယ်"
စကားသံလေးဆုံးသွားသောအခါ
ဖုန်းထဲကအသံလေးက တိခနဲပြက်ကျသွားခဲပြီ။
ထိုလူနှင့်သူ အမှန်တကယ် ဒီနေ့အတွက် ခွဲခွာလိုက်ပြီ။
ထိုအသိက သူ့ကို ဝမ်းနည်းလာစေသည်။
လွန်ခဲ့သော စက္ကန့်အနည်းငယ်ကမှနူတ်ဆက်ခဲ့ကြသော်လဲ၊
မနက်ဖြန်မနက်ဆို အတန်းထဲတွင်ပြန်တွေ့ရမည်ဆိုသော်လဲ
သူJungkookနှင့်တွေ့ဖို့ကို အချိန်နည်းနည်းလေးမှတောင်
မစောင့်ချင်ပါ။
အချိန်တိုင်း ထိုလူအနားနားရှိနေချင်နေသည်။
သူ့က ထိုလူသားအပေါ် ရိုးရောရိုးရဲ့လားတောင်
သူ့ကိုယ်သူမသိသိတော့ပါ။
သာမန်အားကျမူ့လောက်တော့မဟုတ်တာ သေချာသည်။
ထိုလူ့အပေါ်သူ သဘောကျနေမိသည်လား??
လက်ထဲတွင်ကိုင်ထားသော ဖုန်းလေးကို
ရင်ဘက်ထဲကောက်ထည့်မိသည်။
သူထိုအကြောင်းကို တွေးရုံနဲ့တင်
ရင်ကအစမတန်ခုန်လာသည်။
"ကလင် ကလင် ကလင်!"
တွေးလို့မှမဆုံးသေး ရင်ဘက်ထဲရှိဖုန်းက
ကောက်၍အသံမြည်လာသည်။
ဖုန်းကိုထုတ်ကာ screenကိုကြည့်လိုက်တော့
Jungkookဟူသော contactလေးကထင်ရှားစွာပေါ်နေသည်။
"ဟယ်လို"
သူများများစားစားတွေးမနေပဲ
ဖုန်းကိုသာအရင်ကိုင်လိုက်တော့သည်။
/Jimin~ah/
ခပ်ရှရှလေသံလေးကြောင့်
သူ့မှာကြက်သီးလေးတွေတောင်ထသွားရသည်။
"အင်း ပြောလေ Jungkook"
အသံကိုအားတင်း၍ ခပ်မြန်မြန်ပြောလိုက်တော့...
/အင်း..ဘာမှမဟုတ်ဘူး...Goodnightလို့မပြောလိုက်ရလို့
ကောင်းကောင်းအိပ်ပါ Jimin~shi Goodnight~/
ထိုစကားလေးများကိုကြားသည့်အခါ သူပြုံးမိသည်။
"အင်း Jungkookရောပဲ ကောင်းကောင်းအိပ်ပါ"
ဖုန်းကိုချပြီးနောက် သူ့နှလုံးခုန်သံကိုတောင်
သူပြန်ကြားရလောက်တဲ့ထိ သူပျော်နေခဲ့သည်။
မဟုတ်မှ..Jungkookလဲ ငါ့လိုခံစားနေရတာလား..?
ထိုကဲ့သို့တွေးပြီးပြီးချင်းမှာပင်
သူ့အတွေးကို သူပြန်ရုပ်သိမ်းလိုက်ပြီး
သူ့ကိုသူပြန်လှောင်ရယ်လိုက်သည်။
သူ့ကိုသူပြန် သနားသွားသည်။
သူကတကယ် အရူးသာသာ။
ငါဘာတွေလျှောက်တွေးနေတာလဲ အဟဂ်..
Jungkookလို ချောမောလှပပြီး အဖက်ဖက်ကပြီးပြည့်စုံသော
ကောင်လေးနှင့် သူဟာ ဘယ်လိုမှမဖြစ်နိုင်ပါ။
ထိုအချက်ကိုတောင်ကျော်ပြီး
သူက Jungkookရဲ့ ဂရုစိုက်မူ့တွေကြား
အထင်တွေလွဲပြီး တစ်ဖက်လူရဲ့
စေတနာတွေကို စော်ကားနေမိသေးသည်။
Jungkookက သူ့ကိုသနားလို့
ဂရုစိုက်မူ့တွေပေးနေတာလဲဖြစ်နိုင်တာပဲ။
သူတို့နှစ်ယောက်ကြားထဲ၌ ထူးခြားသော
Relationshipရှိသော်ငြား...
ထိုrelationshipကို သူက အရှက်မရှိ၊ နိမ့်ပါးသော
အရာအဖြစ်မပြောင်းပစ်သင့်။
Jungkook၏ စိတ်ကို ဘာမှနိးတောင်
သေချာမသိပဲ မစော်ကားသင့်။
မည်သို့ပင် သဘောကျသည်ဟု ဆိုစေကာမူ..
သူလဲယောင်္ကျားလေး Jungkookကလဲယောင်္ကျားလေး..၊
ပတ်ဝန်းကျင်က ဘယ်လိုမြင်ကြမလဲက~အရင်..။
ပို၍ဆိုးသည်ကား သူနဲ့ Jungkookကဘယ်လိုမှ
မလိုက်ဖက်နိုင်ပါ....
အဘယ့်ကြောင့်ဆိုသော သူကရုပ်ဆိုးသည်၊ ဆင်းရဲသည်။
ပြီးတော့ တစ်ခန်းလုံး၏ အနှိမ်ခံ..
Jungkookကို ရုပ်ရည်ငွေကြေး အစစ အရာရာ ပြည့်စုံသည့်
အပြင် ကျောင်းမှာလဲ ကျော်ကြားတဲ့
ကောင်လေးနှင့် သူက ဖြစ်နိုင်ပါမည်တဲ့လား..?
သူက ဟာသဇာက်လမ်းတစ်ပုဒ်ကိုအတွေးနှင့်
ရေးဖော်နေခဲ့သည်ပဲ။
တစ်ချို့ဇာက်လမ်းများက
မစခင်ကထဲက အဆုံးသတ်ထားသင့်သည်။
သူ့ခံစားချက်တွေက Jungkookမသိတာပဲကောင်းသည်။
မဟုတ်လို့ သိသွားရင် သူ့ကိုရွံ့သွားပြီး
ယခု ရနေသော ဂရုစိုက်မူတွေတောင် မရတော့ပါက
သူ့သေသွားလောက်သည်။
သူ အရာအားလုံးကို ဒီအခြေနေလေးအတိုင်းသာ
ဆက်ရှိစေချင်သည်။
သူ့ခံစားချက်များကို ဒီအတိုင်းပဲထားမည်။
Jungkookလုံးဝမသိစေရ..။
ထိုနေ့က ထိုအတွေးတိူ့ဖြင့်သာ လေးလေးပင်ပင်
သူအိပ်ရာဝင်ခဲ့သည်..။
သူမနက်ကျောင်းသွားရဦးမည်လေ။
__________________MITML__________________
ဒီနေ့ Jimin ကျောင်းကို အနည်းငယ်နောက်ကျမှပဲ
ရောက်လာခဲ့သည်။ အမှန်တော့ သူကျောင်းကို
ထိုကဲ့သို့ နောက်ကျမှရောက်တာ ၃ပတ်လောက်ရှိပြီ။
အဘယ့်ကြောင့်ဆိုသော် သူမနက်စောစောထကာ
လေ့ကျင့်ခန်းလုပ်နေသောကြောင့်ဖြစ်သည်။
ထိုညက တစ်ညလုံးအိပ်မပျော်ခဲ့ပါ။
သူ့ကိုယ်သူ စိတ်လျှော့ထားရန် သတိပေးနေခဲ့သော်လဲ
တကယ်တမ်း သူလက်မလျော့ချင်..။
သူJungkookကို တကယ်သဘောကျနေမိပြီ။
ဘယ်အချိန်ကစပြီး ခံစားချက်တွေဖြစ်ပေါ်လာလဲသူမသိတော့။
သူရသလောက်လေးတော့ ဆုပ်ကိုင်ထားချင်သေးသည်။
သူ့တွင် သူတတ်နိုင်သမျှပြောင်းလဲလို့ရနိုင်သည်ကား
သူ့ခန္တာကိုယ်သာရှိသည်။
သူလူတစ်ယောက်အတွက် ပြောင်းလဲခြင်းမဟုတ်ပါ..
သို့သော်ငြား လူတစ်ယောက်ကြောင့်
သူ့ကိုယ်သူ ပြောင်းလဲချင်စိတ်ပေါ်သည်မှာ
ပထမဆုံးဖြစ်သည်။
သူတခြားလူတွေထက် သာချင်တာလဲမဟုတ်ပါ။
ဒီအတိုင်း သာမန်လူလိုသဘောထားခံရချင်ရုံသာ။
ပြီးလျှင် တစ်စုံတစ်ယောက်ရဲ့ အချစ်ကိုရချင်ရသွားနိုင်တာပဲ..။
ထိုနေ့ မနက်က ဆံပင်ညှပ်ဆိုင်တွင် ဝင်ပြီး
ဆံပင်ကို တိုတိနေအောင်ဝင်ညှပ်ခဲ့သေးသည်။
သူ့စိတ်ကိုသူ ပိုင်းဖြတ်ထားခြင်းဖြစ်သည်။
သူ့ကိုယ်သူပြောင်းလဲပစ်မည်။
သူထိုစိတ်နှင့် Dietလုပ်သည်။
လေ့ကျင့်ခန်းလုပ်သည်။
ဆောင်းကုန်ရာသီရဲ့ ညနေမှတောင်
ချွေးဒီးတွေ တပေါက်ပေါက်ကျတဲ့ထိ
သူကြိုးစားနေသည်။
ရေကိုလုံလုံလောက်လောက် သောက်၍
အသားရည်ကိုပိုထိန်းသိမ်းနေသည်။
သူ ထိုတစ်ယောက်နှင့် Matchဖြစ်ချင်သည်။
ထိုလူကိုသူအားကျသည်။
ထိုသူကို သူသဘောကျသည်။
သူ့ရဲ့ insecurityတွေကို ဖျောက်နိုင်ဖို့ဆိုတာ
သူကိုယ်တိုင်ကြိုးစားရမှပဲဖြစ်လာတော့မည်။
ထို့ကြောင့် သူကြိုးကြိုးစားစား
ဝိတ်ချနေရခြင်းဖြစ်သည်။
"Jimin...ဆရာ ကင်မင်ဝူးကခေါ်နေတယ်"
နေ့လည်ခင်း အတန်းလွှတ်ချိန်တွင်
ကျောင်းသူတစ်ယောက်က အတန်းထဲသို့ဝင်လာပြီး
ထိုသို့ပြော၍ ပြန်ထွက်သွားသည်။
Jiminလဲ Jungkookနှင့်စကားပြောနေရာမှ
အလျှင်အမြန်ရပ်ရတော့သည်။
Jungkookက သူဆံပင်ညှပ်လာသော နေ့မှစ၍
သူ့ကို လိုက်လိုက်စနေတာမပြီးတော့
မိုချီ မိုချီဟုလဲ လူတွေအများကြီးရှိနေသောအခန်းထဲ
အော်အော်ပြောသေးသည်။
သူJungkookနှင့် စကားစဖြတ်ကာ
ဆရာများနားနေခန်းသို့ သွားရတော့သည်။
အခန်းထဲသို့ရောက်သောအခါ
ဆရာကင်မင်ဝူးက သူ့ခုံတွင်ထိုင်ကာ
စာရင်းများလုပ်နေသည် ကိုမြင်ရသည်။
"ဆရာ ကျွန်တော့်ကိုခေါ်တယ်ဆိုလို့.."
ဆရာက ဆံပင်ရှည်ရှည်ကိုတစ်ချက်သပ်ရင်း
သူ့ဘက် ကိုလှည့်လာသည်။
"Jiminကို scholarshipအကြောင်းပြောချင်လို့ပါ
ဒီ schlorshipလေ... Jiminရနိုင်တယ်
နောင်လတွေမှာလဲ ဆက်တိုက်အမှတ်ကောင်းနေရင်ပေါ့"
ဆရာက တစ်ချက်ရပ်ပြီးနောက် ဆက်ပြောသည်။
"ကျောင်းအုပ်ဆရာကြီးက အမှန်တော့ scholarကို Jiminတို့အတန်းပိုင်ကိုအပ်ထားတာ..
Jiminတို့အတန်းပိုင်က ဒီနေ့မလာဘူးလေ
အဲ့ဒါကြောင့်ဆရာက အစားပြောပေးတာပါ"
စားပွဲပေါ်ရှိ စာရွတ်လေးတစ်ရွက်ကို ဆရာက
လက်ညိုးလေးဖြင့်ထောက်ကာ Jiminကိုပြရင်းပြောလာသည်။
"ဆရာ့ တကယ်ပြောတာလား"
Jiminမျက်လုံးလေးတွေက လက်လာသည်။
သူသာ scholarရရင် ကျောင်းလခကို
သူ့မေမေကြိုးကြိုးစားစားရှာစရာမလိုတော့ပြီ။
"ဟုတ်တယ် Jiminနောက် အပတ်တွေလဲ
အမှတ်ဆက်ကောင်းနေရင်ရမှာ
ဒါပေမဲ့ Jiminအမှတ်ဆက်ကောင်းပါ့မလားဆိုတာ
စိတ်ပူစရာမဟုတ်တော့
ဒီscholarက Jiminရမှာအသေချာပဲ"
"ကျေးဇူး အရမ်းတင်ပါတယ်ဆရာ..ကျွန်တော်ဆက်ကြိုးစားပါ့မယ်"
Jimin180ဒီဂရီBowကို ၅ခါလောက်ချပြီးနောက်
ဆရာက စကားဆက်လာသည်။
"ပြီးတော့ Jimin..ဆရာမင်းကို
Private onlyပေးမယ့် scholarကျန်သေးတယ်"
"ဗျာ...?"
Private only??ဘယ်လိုမျိုးများမို့လို့လဲ
"ဒါက ဆရာက မင်းကိုပေးတာ
ကျောင်းအုပ်ကြီးလဲမသိဘူး
ဘယ်သူမှမသိကြဘူး"
ဆရာက ပြုံးရင်းဆိုလာသောအခါ Jimin
ခေါင်းစားသထက်စားရင်း အံဩလာသည်။
"Dada..!! နွေစာသီ 3လစာ personal Gym trainerနဲ့
လေ့ကျင့်ဖို့ ငွေရှင်းဖြတ်ပိုင်း..!!"
နောက်စာရွတ်လေးတစ်ရွက်ကို
အမှန်ကန်ထုတ်ပြလာသောအခါ
Jiminမျက်လုံးပြူးရပါသည်။
ဆရာက သူ့အခတ်ခဲတွေကို သိနေသည်လား..?
"Jiminဒီရက်ပိုင်း လေ့ကျင့်ခန်းလုပ်နေတယ်မလား
သဘောကျတဲ့ တစ်ယောက်ယောက်နဲ့ နီးစပ်ချင်လို့လုပ်တာပဲဖြစ်ဖြစ်
ဘပဲဖြစ်ဖြစ် ဆရာ မင်းရဲ့တိုးတတ်မူ့အတွက် ဝမ်းသာတယ်
ဒါက ဆရာ့ရဲ့အကူညီပါ "
ဆရာကသိနေသည်လား..?
ဘယ်လိုသိတာလဲ?
သူကပဲအရမ်းသိသာနေတာလား?
Jiminမျက်ရည်လေးတောင် ဝေ့တတ်လာသည်။
သူစိမ်းတစ်ယောက်က သူ့အတွက် ဒီလောက်ထိ
စဉ်းစားပေးဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
သူတကယ် ခံစားသွားရပါပြီ။
"ကျေးဇူးပါဆရာ တကယ်ကို..ဟင့်"
စကားတောင်ဆုံးအောင် မပြောနိုင်ရိူက်သံကထွက်လာသည်။
ဒါတကယ်ကိုရှက်ဖို့ကောင်းသည်။
"မငိုပါနဲ့ Jiminရာ ဆရာ့ကိုကျေးဇူးတင်တယ်ဆိူရင်
မင်းလုပ်နေတဲ့အရာကိုပဲဆက်ပြီးတိုးတတ်အောင်လုပ်..
ဟုတ်ပြီလား"
ဆရာက သူ့ကို ပုခုံးကို ကိုင်ပြီးနှစ်သိမ့်ပေးတော့သည်။
"ဟုတ်ဆရာ"
Jiminထီပေါက်သည်ထက်ပျော်သော
ခံစားချက်ရသည်။
သူတကယ်ကို ဒီအရာကို အပြီးသတ်တိုင်လုပ်ဖို့
ဆုံးဖြတ်ချက်ချလိုက်တော့သည်။
_________MITML__________
TN/ Readerအသစ်လေးတွေ ဝဲလ်ခမ်းပါ
ရီရီ အမာခံလေးတွေကတော့ အာဘွားယူ😚
နည်းနည်းကြာသွားလို့ တောင်းပန်ပါတယ် မီအားနဲ😔