[Book-1]novelထဲဝင်သွားပြီးနော...

By thiriWoonie

640K 78.6K 1.4K

Title-穿书后她成了万人迷 Original Author- Young Master Yan,公子衍 Language-chinese Status-535chapters& 23 extra chapter (... More

Description
1[Zawgyi & Unicode]
2[Zawgyi & Unicode]
3[Zawgyi & Unicode]
4[Zawgyi & Unicode]
5[Zawgyi & Unicode]
6[Z&U]
7[Z&U]
8[Z&U]
9[Z&U]
11[Z&U]
12[Z&U]
13[Z&U]
14[Z&U]
15[Z&U]
Happy NewYear!
16[Z&U]
17[Z&U]
18[Z&U]
19[U&Z]
20[U&Z]
21[U&Z]
22[U&Z]
23[U&Z]
24[U&Z]
25[U&Z]
26[U&Z]
27[U&Z]
28[U&Z]
29[U&Z]
30[U&Z]
31[U&Z]
32[U&Z]
33[U&Z]
34[U&Z]
35[U&Z]
36[U&Z]
37[U&Z]
38[U&Z]
39[U&Z]
40[U&Z]
41[U&Z]
42[U&Z]
43[U&Z]
44[U&Z]
45[U&Z]
46[U&Z]
47[U&Z]
48[U&Z]
49[U&Z]
50[U&Z]
51[U&Z]
52[U&Z]
53[U&Z]
54[U&Z]
55[U&Z]
56[U&Z]
57[U&Z]
58[U&Z]
59[U&Z]
60[U&Z]
61[U&Z]
62[U&Z]
63[U&Z]
64[U&Z]
65[U&Z]
66[U&Z]
67[U&Z]
68[U&Z]
69[U&Z]
70[U&Z]
71[U&Z]
72[U&Z]
73[U&N]
74[U&Z]
75[U&Z]
76[U&Z]
77[U&Z]
78[U&Z]
79[U&Z]
80[U&Z]
81[U&Z]
82[U&Z]
83[U&Z]
84[U&Z]
85[U&Z]
86[U&Z]
87[U&Z]
88[U&Z]
89[U&Z]
90[U&Z]
91[U&Z]
92[U&Z]
93[U&Z]
94[U&Z]
95[U&Z]
96[U&Z]
97[U&Z]
98[U&Z]
99[U&Z]
100[U&Z]
101[U&Z]
EP-102[U&Z]
103[U&Z]
104[U&Z]
105[U&Z]
106[U&Z]
107[U&Z]
108[U&Z]
109[U&Z]
110[U&Z]
111[U&Z]
112[U&Z]
113[U&Z]
114[U&Z]
115[U&Z]
116[U&Z]
117[U&Z]
118[U&Z]
119[U&Z]
120[U&Z]
121[U&Z]
122[U&Z]
123[U&Z]
124[U&Z]
125[U&Z]
126[U&Z]
127[U&Z]
128[U&Z]
129[U&Z]
130[U&Z]
131[U&Z]
132[U&Z]
133[U&Z]
134[U&Z]
135[U&Z]
136[U&Z]
137[U&Z]
138[U&Z]
139[U&Z]
140[U&Z]
141[U&Z]
142[U&Z]
HOLA!
143+144[U&Z]
145[U&Z]
146[U&Z]
147[U&Z]
148[U&Z]
149[U&Z]
150[U&Z]
151[U&Z]
152[U&Z]
153[U&Z]
154[U&Z]
155[U&Z]
156[U&Z]
157[U&Z]
158[U&Z]
159[U&Z]
160[U&Z]
161[U&Z]
162[U&Z]
163[U&Z]
164[U&Z]
165[U&Z]
166[U&Z]
167[U&Z]
168[U&Z]
169[U&Z]
170[U&Z]
171[U&Z]
172[U&Z]
173[U&Z]
174[U&Z]
175[U&Z]
176[U&Z]
177[U&Z]
178[U&Z]
179[U&Z]
180[U&Z]
181[U&Z]
182[U&Z]
183[U&Z]
184[U&Z]
185[U&Z]
186[U&Z]
187[U&Z]
188[U&Z]
189[U&Z]
190[U&Z]
191[U&Z]
192[U&Z]
193[U&Z]
194[U&Z]
195[U&Z]
196[U&Z]
🗣️

10[Z&U]

6.2K 936 17
By thiriWoonie

[Zawgyi]

ေယာက္်ား, ကြ်န္မ ရွင္းျပတာကို နားေထာင္ပါဦး

နင္ မိသားစုဆီတြင္...

နင္မုန္႕ရဲ့ ပံုဆြဲစြမ္းရည္က စုထ်န္းထ်န္းကို ရွုပ္ေထြးသြားေစသည္။ နင္မုန္႕ အခုေလာက္ထိ ပံုေကာင္းေကာင္းျကီး ဆြဲနိုင္လိမ့္မယ္လို႕ သူမ မထင္ထားခဲ့ေပ။ တိုက္ရုိက္ထုတ္လြွင့္မွုကို ျကည့္ရင္း ပံုစံမေျပာင္းဘဲ ရိွေနေသာ နင္ပါးပါးရဲ့ မ်က္ဝန္းေတြသည္ စတင္ေျပာင္းလဲလာေတာ့၏။

နာရီဝက္ေစာင့္ဆိုင္းျပီးေနာက္မွာေတာ့ သူ႕လက္ေထာက္က မေနနိုင္စြာေမးလိုက္သည္။ "CEOနင္ ကြ်န္ေတာ္ နင္မုန္႕ရဲ့ ရွယ္ယာေတြကို ရုပ္သိမ္းျပီး ကဒ္ေတြကိုပိတ္တာ လုပ္ေစခ်င္ေသးလား? သူမကို အိမ္ျပန္မလာဖို႕ ေျပာခိုင္းတဲ့ကိစၥေရာ အေျကာင္းျကားေစခ်င္ေသးလား?"

"ငါ့သမီး အိမ္ျပန္လာတာကို တားရဲတဲ့သူက ေသရမယ့္လူပဲ!" နင္ပါးပါး ေအာ္လိုက္၏။

"..."

လက္မွတ္ထုိးပြဲ ျပီးဆံုးသြားျပီးေနာက္ နင္မုန္႕ရဲ့ fanအားလံုးသည္ တစ္စတစ္စ ထြက္ခြာသြားျကေလျပီ။ ။ shockရဆဲ က်န္ေနခဲ့ေသာ သုရံုကေတာ့ နင္မုန္႕ရဲ့ ပံုမူျကမ္းကို စိုက္ျကည့္ေနရင္း ရုပ္တုတစ္ရုပ္လို ရပ္ေနေလသည္။ ျပီးေနာက္ နင္မုန္႕အား သူလွည့္ျကည့္လိုက္၏။

"မာစတာနင္မုန္႕...အစကတည္းက ဆြဲတတ္ေနရဲ့သားနဲ႕ ဘာလို႕ ကိုယ့္ဘာသာကိုယ္ မဆြဲခဲ့တာလဲ?" သူမေဘးမွာ ရပ္ေနေသာ တစ္စံုတေယာက္က ေမးလိုက္သည္။

"ျဖစ္နုိင္တာကေတာ့ ငါ့မွာပိုက္ဆံေတြလ်ွံေနလို႕ အသံုးခ်နုိင္ေလာက္မယ့္ ေနရာတခ်ိဳ႕ ရွာလိုက္တာ ေနမွာေပါ့"

"..."

ရုတ္တရက္ သုရံု သေဘာေပါက္လာသည္။ သူတို႕ေကာလိပ္မွာ ရိွျကတုန္းက နင္မုန္႕က သူ႕ရဲ့ခက္ခဲေနတဲ့ အေျခအေနကို ေတြ႕ခဲ့ဖူး၏။ ထို႕ေျကာင့္လည္း သူမက သူ႕ကို ယြမ္5ေသာင္းေပးျပီး 5နွစ္တာစာခ်ဳပ္ ခ်ဳပ္ခိုင္းခဲ့တာျဖစ္ေလသည္။ ျပီးေတာ့ ျဖစ္နုိင္တာတစ္ခုတည္းက ဒီကိစၥနဲ႕ပတ္သက္ျပီး သူအျပစ္ရိွသလို ခံစားရမွာဆိုးလို႕ သူမက အရင္တုန္းက သူ႕ကုိ ဆိုးဆိုးဝါးဝါး ဆက္ဆံခဲ့တာပဲ ေနမယ္။ ဒါသည္ ဒီကိစၥတစ္ရပ္လံုးကို ေျဖရွင္းနုိင္သည့္ နည္းလမ္းက်ေသာ  တစ္ခုတည္းေသာ အေျကာင္းျပခ်က္ျဖစ္၏။

အခုေတာ့ သူမအေပၚ လုပ္ခဲ့သည့္လုပ္ရက္ေတြအတြက္ အေလးအနက္ကို ေနာင္တရေနျပီျဖစ္၏။ သူမရဲ့ဆႏၵကို သူက သေဘာမေပါက္ခဲ့တဲ့အျပင္ သူမအေပၚ သစၥာပါေဖာက္ခဲ့တာ။ သုရံု လက္သီးအား က်စ္က်စ္ပါေအာင္ဆုပ္ထားရင္း မ်က္ရည္တို႕ ေဝ့သီလာ၏။ သူ႕အမူအရာေျပာင္းလဲသြားသည္ကို နင္မုန္႕သည္လည္း သတိျပဳမိလိုက္သည္။ လူတုိင္းထြက္သြားတာေတာင္ သူတစ္ေယာက္တည္း က်န္ခဲ့တာမုိ႕ သူမကိုပ်က္စီးေစခ်င္တဲ့ မေက်နပ္ေသာစိတ္တို႕ က်န္ေနေသးေလာက္သည္ဆိုတာ နင္မုန္႕ ခန္႕မွန္းမိသြား၏။

"အကုိ...တကယ္ေတာ့ အကို႕အေပၚလုပ္ခဲ့မိတဲ့ အေျကာင္းျပခ်က္က ဘာလို႕လဲဆိုေတာ့...."

"တစ္ခြန္းေတာင္ ေျပာျပဖို႕မလိုေတာ့ပါဘူး။ ငါအကုန္သိသြားျပီ! မုန္႕မုန္႕ ငါကအရူးပါ! ငါ မင္းအေပၚ ဘာေျကာင့္မ်ား အခုလိုမ်ိဳး ဆက္ဆံမိသြားရတာလဲ? အကုန္လံုးက ငါ့အမွားပဲ!"

သူေျပာေနသည္မ်ားကို နင္မုန္႕ကေတာ့ စဥ္းစားမရျဖစ္ေနေလသည္။

ျပီးေနာက္ သူေခါင္းေမာ့ကာ က်ိန္ဆိုလိုက္သည္။ "မုန္႕မုန္႕ နင္စိတ္ခ်ထား။ ငါ နင့္အေပၚ ဘယ္ေတာ့မွ ထပ္ျပီး သစၥာမေဖာက္ေတာ့ဘူး! အခုကစျပီး ငါက နင့္အပိုိင္ပဲ!"

သုရံုက အခုလိုဘာေျကာင့္ ေျပာလာလဲဆိုတာ နင္မုန္႕ကေတာ့ အေျကာင္းရင္းကို ရွာမရေပ။

"မဟုတ္တာ...ဒါက လံုးဝကို မလိုအပ္ပါဘူး!"

"မုန္႕မုန္႕ နင္ဘယ္ေတာ့မွ အလြယ္တကူ ခြင့္လြွတ္မွာ မဟုတ္ဘူးဆိုတာ ငါသိပါတယ္။ ငါ နင့္တစ္ေယာက္တည္းကိုပဲ တသက္လံုး အျမဲတမ္း ခ်စ္သြားပါ့မယ္လို႕ က်ိန္ဆိုနုိင္တယ္"

"ဟမ္??"

နင္မုန္႕တစ္ခုခုေျပာရန္ ျပင္လိုက္ခ်ိန္ သူမ ေက်ာရိုးတို႕ စိမ့္လာသည္ကို ခံစားလိုက္ရ၏။

ဒီခံစားခ်က္က ရင္းနွီးတယ္။

သူမ ျဖည္းျဖည္းခ်င္းလွည့္ျကည့္လိုက္ေတာ့ မလွမ္းမကမ္းတြင္ ရပ္ေနသည့္ အရပ္ရွည္ရွည္ ပံုရိပ္ကို ျမင္လိုက္ရသည္။ ခ်ီရွန္က သူ႕ေနာက္မွ လိုက္လာ၏။ ေဟာ္ေပ့ခ်န္ရဲ့ လွုပ္ရွားမွုက ရပ္တန္႕သြားတာေျကာင့္ ခ်ီရွန္လည္း သူ႕ေျခလွမ္းေတြကို ရပ္လိုက္သည္။ ခ်က္ခ်င္းပင္ ေဟာ္ေပ့ခ်န္၏ မ်က္ဝန္းထဲတြင္ သုရံု၏လက္နွင့္ နင္မုန္႕ရဲ့လက္တို႕က ဝင္ေရာက္လာ၏။

သူမကို ျကည့္လာေသာ သူ႕အျကည့္တို႕ေျကာင့္ အသားကုိ ခြ်န္ထက္ေနေသာ ဓားနွင့္ထိုးခံလိုက္ရသလို ခံစားခ်က္မ်ိဳး နင္မုန္႕ ခံစားလုိက္ရ၏။ ခ်က္ခ်င္းပင္ သူမလက္ေတြကို ရုပ္သိမ္းလိုက္သည္။ နင္မုန္႕ ခ်က္ခ်င္းပင္ သူ႕ကုိရွင္းျပခ်င္ေပမယ့္ သုရံုက ေဟာ္ေပ့ခ်န္ဆီသို႕ ေျပးသြားလိုက္၏။

ျပီးေနာက္ ေမးလိုက္သည္။ "မင္းကဘယ္သူလဲ? ဒီကိုဘာလာလုပ္တာလဲ?"

ထိုေမးခြန္းက ေဟာ္ေပ့ခ်န္ကို ပို၍  ေဒါသထြက္ေစေလသည္။ သူ နင္မုန္႕ရိွရာဆီသို႕ အလ်င္အျမန္ လမ္းေလ်ွာက္သြားလိုက္သည္။ သူ႕ပံုစံက ခံစားခ်က္ေတြကို မထိန္းခ်ဳပ္လို႕ နင္မုန္႕ကို ဝါးျမိဳခ်င္ေနသည့္ ေဒါသထြက္ေနေသာ သားရဲနွင့္တူေနေလသည္။ နင္မုန္႕သည္လည္း ေျကာက္လြန္း၍ ငိုမိလုနီးပါး ျဖစ္လာသည္။

"ေယာက္်ား, ကြ်န္မ ရွင္းျပတာကို နားေထာင္ပါဦး!"

သူမ စကားတို႕ မျပီးလိုက္ခင္မွာ အဆက္ျပတ္သြားသည္။ ေဟာ္ေပ့ခ်န္သည္ သုရံုအား ျဖတ္ေလ်ွာက္လာျပီးေနာက္ နင္မုန္႕ ေရွ႕တြင္ရပ္လိုက္ကာ သူမ လက္ကုိကိုင္လာေလ၏။

-------------------------

[Unicode]

ယောက်ျား, ကျွန်မ ရှင်းပြတာကို နားထောင်ပါဦး

နင် မိသားစုဆီတွင်...

နင်မုန့်ရဲ့ ပုံဆွဲစွမ်းရည်က စုထျန်းထျန်းကို ရှုပ်ထွေးသွားစေသည်။ နင်မုန့် အခုလောက်ထိ ပုံကောင်းကောင်းကြီး ဆွဲနိုင်လိမ့်မယ်လို့ သူမ မထင်ထားခဲ့ပေ။ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရင်း ပုံစံမပြောင်းဘဲ ရှိနေသော နင်ပါးပါးရဲ့ မျက်ဝန်းတွေသည် စတင်ပြောင်းလဲလာတော့၏။

နာရီဝက်စောင့်ဆိုင်းပြီးနောက်မှာတော့ သူ့လက်ထောက်က မနေနိုင်စွာမေးလိုက်သည်။ "CEOနင် ကျွန်တော် နင်မုန့်ရဲ့ ရှယ်ယာတွေကို ရုပ်သိမ်းပြီး ကဒ်တွေကိုပိတ်တာ လုပ်စေချင်သေးလား? သူမကို အိမ်ပြန်မလာဖို့ ပြောခိုင်းတဲ့ကိစ္စရော အကြောင်းကြားစေချင်သေးလား?"

"ငါ့သမီး အိမ်ပြန်လာတာကို တားရဲတဲ့သူက သေရမယ့်လူပဲ!" နင်ပါးပါး အော်လိုက်၏။

"..."

လက်မှတ်ထိုးပွဲ ပြီးဆုံးသွားပြီးနောက် နင်မုန့်ရဲ့ fanအားလုံးသည် တစ်စတစ်စ ထွက်ခွာသွားကြလေပြီ။ ။ shockရဆဲ ကျန်နေခဲ့သော သုရုံကတော့ နင်မုန့်ရဲ့ ပုံမူကြမ်းကို စိုက်ကြည့်နေရင်း ရုပ်တုတစ်ရုပ်လို ရပ်နေလေသည်။ ပြီးနောက် နင်မုန့်အား သူလှည့်ကြည့်လိုက်၏။

"မာစတာနင်မုန့်...အစကတည်းက ဆွဲတတ်နေရဲ့သားနဲ့ ဘာလို့ ကိုယ့်ဘာသာကိုယ် မဆွဲခဲ့တာလဲ?" သူမဘေးမှာ ရပ်နေသော တစ်စုံတယောက်က မေးလိုက်သည်။

"ဖြစ်နိုင်တာကတော့ ငါ့မှာပိုက်ဆံတွေလျှံနေလို့ အသုံးချနိုင်လောက်မယ့် နေရာတချို့ ရှာလိုက်တာ နေမှာပေါ့"

"..."

ရုတ်တရက် သုရုံ သဘောပေါက်လာသည်။ သူတို့ကောလိပ်မှာ ရှိကြတုန်းက နင်မုန့်က သူ့ရဲ့ခက်ခဲနေတဲ့ အခြေအနေကို တွေ့ခဲ့ဖူး၏။ ထို့ကြောင့်လည်း သူမက သူ့ကို ယွမ်5သောင်းပေးပြီး 5နှစ်တာစာချုပ် ချုပ်ခိုင်းခဲ့တာဖြစ်လေသည်။ ပြီးတော့ ဖြစ်နိုင်တာတစ်ခုတည်းက ဒီကိစ္စနဲ့ပတ်သက်ပြီး သူအပြစ်ရှိသလို ခံစားရမှာဆိုးလို့ သူမက အရင်တုန်းက သူ့ကို ဆိုးဆိုးဝါးဝါး ဆက်ဆံခဲ့တာပဲ နေမယ်။ ဒါသည် ဒီကိစ္စတစ်ရပ်လုံးကို ဖြေရှင်းနိုင်သည့် နည်းလမ်းကျသော  တစ်ခုတည်းသော အကြောင်းပြချက်ဖြစ်၏။

အခုတော့ သူမအပေါ် လုပ်ခဲ့သည့်လုပ်ရက်တွေအတွက် အလေးအနက်ကို နောင်တရနေပြီဖြစ်၏။ သူမရဲ့ဆန္ဒကို သူက သဘောမပေါက်ခဲ့တဲ့အပြင် သူမအပေါ် သစ္စာပါဖောက်ခဲ့တာ။ သုရုံ လက်သီးအား ကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း မျက်ရည်တို့ ဝေ့သီလာ၏။ သူ့အမူအရာပြောင်းလဲသွားသည်ကို နင်မုန့်သည်လည်း သတိပြုမိလိုက်သည်။ လူတိုင်းထွက်သွားတာတောင် သူတစ်ယောက်တည်း ကျန်ခဲ့တာမို့ သူမကိုပျက်စီးစေချင်တဲ့ မကျေနပ်သောစိတ်တို့ ကျန်နေသေးလောက်သည်ဆိုတာ နင်မုန့် ခန့်မှန်းမိသွား၏။

"အကို...တကယ်တော့ အကို့အပေါ်လုပ်ခဲ့မိတဲ့ အကြောင်းပြချက်က ဘာလို့လဲဆိုတော့...."

"တစ်ခွန်းတောင် ပြောပြဖို့မလိုတော့ပါဘူး။ ငါအကုန်သိသွားပြီ! မုန့်မုန့် ငါကအရူးပါ! ငါ မင်းအပေါ် ဘာကြောင့်များ အခုလိုမျိုး ဆက်ဆံမိသွားရတာလဲ? အကုန်လုံးက ငါ့အမှားပဲ!"

သူပြောနေသည်များကို နင်မုန့်ကတော့ စဉ်းစားမရဖြစ်နေလေသည်။

ပြီးနောက် သူခေါင်းမော့ကာ ကျိန်ဆိုလိုက်သည်။ "မုန့်မုန့် နင်စိတ်ချထား။ ငါ နင့်အပေါ် ဘယ်တော့မှ ထပ်ပြီး သစ္စာမဖောက်တော့ဘူး! အခုကစပြီး ငါက နင့်အပိုင်ပဲ!"

သုရုံက အခုလိုဘာကြောင့် ပြောလာလဲဆိုတာ နင်မုန့်ကတော့ အကြောင်းရင်းကို ရှာမရပေ။

"မဟုတ်တာ...ဒါက လုံးဝကို မလိုအပ်ပါဘူး!"

"မုန့်မုန့် နင်ဘယ်တော့မှ အလွယ်တကူ ခွင့်လွှတ်မှာ မဟုတ်ဘူးဆိုတာ ငါသိပါတယ်။ ငါ နင့်တစ်ယောက်တည်းကိုပဲ တသက်လုံး အမြဲတမ်း ချစ်သွားပါ့မယ်လို့ ကျိန်ဆိုနိုင်တယ်"

"ဟမ်??"

နင်မုန့်တစ်ခုခုပြောရန် ပြင်လိုက်ချိန် သူမ ကျောရိုးတို့ စိမ့်လာသည်ကို ခံစားလိုက်ရ၏။

ဒီခံစားချက်က ရင်းနှီးတယ်။

သူမ ဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်တော့ မလှမ်းမကမ်းတွင် ရပ်နေသည့် အရပ်ရှည်ရှည် ပုံရိပ်ကို မြင်လိုက်ရသည်။ ချီရှန်က သူ့နောက်မှ လိုက်လာ၏။ ဟော်ပေ့ချန်ရဲ့ လှုပ်ရှားမှုက ရပ်တန့်သွားတာကြောင့် ချီရှန်လည်း သူ့ခြေလှမ်းတွေကို ရပ်လိုက်သည်။ ချက်ချင်းပင် ဟော်ပေ့ချန်၏ မျက်ဝန်းထဲတွင် သုရုံ၏လက်နှင့် နင်မုန့်ရဲ့လက်တို့က ဝင်ရောက်လာ၏။

သူမကို ကြည့်လာသော သူ့အကြည့်တို့ကြောင့် အသားကို ချွန်ထက်နေသော ဓားနှင့်ထိုးခံလိုက်ရသလို ခံစားချက်မျိုး နင်မုန့် ခံစားလိုက်ရ၏။ ချက်ချင်းပင် သူမလက်တွေကို ရုပ်သိမ်းလိုက်သည်။ နင်မုန့် ချက်ချင်းပင် သူ့ကိုရှင်းပြချင်ပေမယ့် သုရုံက ဟော်ပေ့ချန်ဆီသို့ ပြေးသွားလိုက်၏။

ပြီးနောက် မေးလိုက်သည်။ "မင်းကဘယ်သူလဲ? ဒီကိုဘာလာလုပ်တာလဲ?"

ထိုမေးခွန်းက ဟော်ပေ့ချန်ကို ပို၍  ဒေါသထွက်စေလေသည်။ သူ နင်မုန့်ရှိရာဆီသို့ အလျင်အမြန် လမ်းလျှောက်သွားလိုက်သည်။ သူ့ပုံစံက ခံစားချက်တွေကို မထိန်းချုပ်လို့ နင်မုန့်ကို ဝါးမြိုချင်နေသည့် ဒေါသထွက်နေသော သားရဲနှင့်တူနေလေသည်။ နင်မုန့်သည်လည်း ကြောက်လွန်း၍ ငိုမိလုနီးပါး ဖြစ်လာသည်။

"ယောက်ျား, ကျွန်မ ရှင်းပြတာကို နားထောင်ပါဦး!"

သူမ စကားတို့ မပြီးလိုက်ခင်မှာ အဆက်ပြတ်သွားသည်။ ဟော်ပေ့ချန်သည် သုရုံအား ဖြတ်လျှောက်လာပြီးနောက် နင်မုန့် ရှေ့တွင်ရပ်လိုက်ကာ သူမ လက်ကိုကိုင်လာလေ၏။

Continue Reading

You'll Also Like

769K 46.5K 30
A love contest between a boy who likes to kick football and a little doctor.
462K 11.1K 88
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
209K 8.4K 42
ស្នេហាជាអ្វីដែលមិនធ្លាប់កើតមានក្នុងវចនានុក្រមរបស់ចន ជុងហ្គុកម៉ាហ្វៀឈាមត្រជាក់ដែលគ្រប់គ្នាខ្លាចរអា ប៉ុន្តែវត្តមានរបស់ក្មេងប្រុសម្នាក់ដែលដាក់នាមជាភរិយា...