"အကို ကျနော်ပြောစရာလေးရှိလို့ ''
ခြံကျယ်ကြီးရဲ့မြက်ခင်းစိမ်းပြင်ပေါ်မှာ ကလေး
နဲ့အတူ အနားယူနေတဲ့ဂုဏ်ရောင်အနားရောက်လာပြီး ပြောတဲ့အရိပ်
"ပြောလေ ညီ ''
သူပြောလိုက်တော့ အရိပ်ရဲ့ အကြည့်တွေက
ကလေးငယ်ဆီမှာ
"ကလေးလေး မေမေနဲ့တီတီ အိမ်ထဲမှာ မ..ဂလာပွဲအတွက် လိုအပ်တာတွေရွေးနေတယ် ကလေးလေး သွားကူညီလိုက်အုံးနော် ''
"ဟုတ်..ကဲ့..''
သူ့ရင်ခွင်ထဲက ကလေးငယ်လေး ချက်ချင်းထပြေးပြီး အိမ်ကြီးဆီလှမ်းသွားလေပြီ
ထိုအခါမှ အရိပ်လည်း အကို့ဘေးနားထိုင်လိုက်ပြီး
"အကို ကျနော်ဒီအိမ်ကနေထွက်သွားပါရစေ ''
"ဘာလို့လဲ ညီဒီမှာနေရတာအဆင်မပြေလို့လား''
"အဲ့လိုမဟုတ်ပါဘူးအကို မနေ့ကအကိုနဲ့ ဦးပြောခဲ့တဲ့စကားတွေကို ကျနော်ကြားခဲ့တယ်''
အရိပ်စကားကြောင့် ဂုဏ်ရောင်သက်ပြင်းချလိုက်ရင်း
"ဒါဆို ညီအားလုံးသိပြီးပြီပေါ့ ''
"ဟုတ်ကဲ့အကို ''
"ဒါဆို သူ့အဖေက အကို့အဖေကိုသတ်ခဲ့တဲ့လူတိုတာလည်း ညီသိတယ်ပေါ့ ''
"ဟုတ်ကဲ့ ကျနော်ကြားလိုက်ပါတယ် ''
"ညီသူ့ကိုချစ်လား ''
ဂုဏ်ရောင်အမေးကြောင့် အရိပ်မျက်နှာလေးညှိူးငယ်သွားရပြီ
"ကျနော် ဦးကိုချစ်တယ် ''
"Ok ဒါဆို ညီသူ့ဆီပြန်သွားပေးပါ ''
"ဗျာ ''
အရိပ်ထင်ထားသလို ဂုဏ်ရောင်ကမတားပဲ သွားခွင့်ပြုတာမို့ အံသြောသွားမိတယ်
"အကို ကျနော့်ကိုဦးဆီ ပြန်သွားခိုင်းနေတာလား''
"ဟုတ်တယ်ညီ သူ့ဆီသွားပြီး လမ်းမှန်ရောက်အောင်ပြန်ခေါ်ပေးပါ ''
"အကို ဦးကိုမုန်းနေတာမဟုတ်ဘူးလားဟင် ''
"No အကိုသူ့ကိုမမုန်းခဲ့ဖူးဘူး တကယ်တော့သူကအရမ်းသနားစရာကောင်းတယ် သူ့ရဲ့အမေက
သူ့ကိုမွေးမွေးပြီးချင်းဆုံးသွားခဲ့တာလေ ဖခင်ရဲ့လက်အောက်မှ ထားရာနေ စေရာသွားဘဝနေခဲ့ရတာ ဦးလေးက အရမ်းလောဘကြီးလွန်းတယ်
သူက အရမ်းရိုးသားတဲ့လူပါ အကို့ကိုလည်း ညီလေးတစ်ယောက်လို အရမ်းချစ်ပေးခဲ့တယ်
ဒါပေမယ့် နောက်ပိုင်း သူ့အဖေရဲ့ မကောင်းတဲ့စရိုက် ရိုက်သွင်းမှုတွေကြောင့် သူ့စိတ်တွေပြောင်းလဲကုန်တယ် အခုတော့ သူ့ပုံစံက တစ်ခြားတစ်ယောက်လိုဖြစ်သွားခဲ့တာပဲ အကိုယုံနေမိတယ်သူအရင်ကလို လူကောင်းတစ်ယောက်ပြန်ဖြစ်လာဖို့ ဒါကြောင့် ညီက သူ့ကိုလမ်းမှန်ပြန်ရောက်အောင်ဆွဲခေါ်ပေးပါ ''
ဂုဏ်ရောင်စကားကြောင့် အရိပ်မျက်ရည်လေးများဝဲလာရပြီ
"ဒါပေမယ့် ဦးက ကျနော့်ကိုမုန်းသွားပြီထင်တယ်'
"ညီထင်နေလို့ပါ သူလည်းအကို့လိုပဲ အစွဲလမ်းအရမ်းကြီးတဲ့လူမျိူး ညီ့ကိုမုန်းမှာမဟုတ်ဘူး''
"ဒါဆို ဦးအဖေကိုကရော အကိုဘယ်လိုလုပ်မှာလဲဟင် ''
ထိုအမေးလေးကြောင့် ဂုဏ်ရောင်ပြုံးလိုက်ရင်း
"အကိုမလုပ်ဘူး ကိုနွေဦးကိုယ်တိုင်သူ့ကို ထောင်ထဲပို့ပစ်အောင်ပဲ အကို ကြိုးစားမယ် သူ့အဖေက သူ့ကိုအရမ်းချစ်တာလေ ဒါကြောင့် သားဖြစ်သူ
ကိုယ်တိုင်က သူ့အပေါ်အဲ့လိုမျိူးလုပ်လိုက်ရင်
သူနာကျင်ရတာထက်ပိုဆိုးသွားမှာ ''
"ဟုတ်ကဲ့အကို ကျနော်ဦးကိုလမ်းမှန်ရောက်အောင်ပြန်ခေါ်ပေးပါ့မယ် ''
"ကျေးဇူးပါ ညီ ဒါဆို ညီသွားဖို့ပြင်ဆင်ထားပေးပါ အကိုလိုက်ပို့ခိုင်းလိုက်မယ် ''
"ဟုတ်ကဲ့အကို ''
ဂုဏ်ရောင်လည်း အရိပ်နဲ့စကားဖြတ်ပြီး အိမ်ကြီးထဲ ပြန်ဝင်လာခဲ့ပြီ
"ကို..ကို...ဒါလေး...ကြိုက်...လား ''
သူ့အနားအပြေးလာပြီး လက်ထဲက ခရမ်းရောင်
စိန်လက်ပတ်လေး၂ကွင်းကိုပြလာတဲ့ကလေး
"ကလေးလေး ကြိုက်လို့လား ''
"ကို..ကို..နဲ့..လိုက်..မှာ..''
သူ့လက်တစ်ဖက်မှာ တစ်ကွင်းကိုစွတ်ပေးရင်းပြောလာတဲ့ကလေးကြောင့် ဂုဏ်ရောင်မှာ ရယ်လိုက်ရင်း
"ဟုတ်ပါပြီဗျာ ကိုကိုနဲ့ကလေးလေးအတွက် ဒါလေးယူကြရအောင်နော် ''
ကလေးငယ်ကိုပွေ့ချီရင်း အန်တီနဲ့မေမေ့အနားသွားထိုင်လိုက်တဲ့ ဂုဏ်ရောင်
ပေါင်ပေါ်ကအချွဲလေးကတော့ သူထိုင်သည်ထိ မဆင်းသေး
"မေမေနဲ့ အန်တီ အကြိုက်ရောတွေ့ရဲ့လား ''
"မတွေ့ပဲနေမလားသားရယ် အန်တီမိုးက လုံးဝအမိုက်စားတွေပဲယူလာပြတာပါနော် ''
စိန်ပွဲစား ဒေါ်မိုးရဲ့စကားကြောင့် သူတို့သဘောကျနေရပြန်တယ်
"ကလေးလေး ဘာလိုချင်သေးလဲ လိုချင်တာရှိရင်ယူလေ ''
"ကို..ကို..ဒါ..လေး..ပဲ...ယူမယ် ''
ခုဏရွေးထားတဲ့ couple လက်ပတ်လေး၂ ခုကိုသာပြလာတဲ့ကလေးလေး တကယ်ကိုအကြိုက်တွေ့နေတဲ့ပုံ
"နောက်ပြီးတော့ရော ဘာယူအုံးမလဲ ''
"တော်..ပြီ...''
လိုချင်တာရသွားပြီးတဲ့ကလေးငယ်က လက်ပတ်လေးကိုသာ ကိုင်ထားရင်း သူ့ရင်ခွင်ထဲ မျက်နှာလေးအပ်ထားပြီး ချွဲနေပြန်တယ်
"အကို ကျနော်ပြင်ပြီးပြီး "'
ထိုအချိန် လက်ဆွဲအိတ်လေးကိုင်ပြီး ဧည့်ခန်းထဲရောက်လာတဲ့အရိပ်
"ဒါဆို အကိုလိုက်ပို့ခိုင်းလိုက်မယ်ညီ အကို့ဆီအမြဲအဆက်သွယ်လုပ်ပေးပါ ''
"ဟုတ်ကဲ့အကို စိတ်ချပါ ''
"အကို..ရိပ်...ဘယ်...လဲ..ဟင်..''
ချက်ချင်းအရိပ်ဆီထပြေးကာ မျက်ရည်လေးတွေဝဲ ပြီးမေးနေတဲ့ကလေးငယ်က အရိပ်ထွက်သွားမှာကို ကြိုသိနေသည့်အလား
ဂုဏ်ရောင်လည်း ကလေးအနားသွားလိုက်ပြီး
"အကိုရိပ်က အိမ်ပြောင်းနေမလို့ကလေးရဲ့ ''
"အဟင့်...မ..သွား...နဲ့..''
အရိပ်လက်လေးကိုကိုင်ပြီး မျက်ရည်လေးတွေကျလာကာ တားနေတဲ့နိုနိုလေး
"သားရယ် ရုတ်တရက်ကြီး ဘယ်လိုဖြစ်ရတာလဲ
အန်တီတို့နဲ့ ဒီမှာနေရတာအဆင်မပြေလို့လား ''
ဒေါ်သူဇာလည်း စိတ်မကောင်းဖြစ်ကာ ထမေးလေပြီ
"မဟုတ်ပါဘူးအန်တီရယ် ကျနော်အဆင်ပြေပါတယ် ခုက အလုပ်နဲ့ဝေးတော့ သွားရလာရတာ
သိပ်အဆင်မပြေလို့ပါ ''
အရိပ်မုသားစကားဆိုလိုက်ရလေတယ်
"အိမ်...မှာ..ပဲ..နေပါ..နော်..အဟင့်..''
"မငိုရဘူးလေနိုနိုလေးရယ် အကိုက ခဏခဏလာလည်မှာပေါ့ တိတ်တော့နော် ''
အရိပ်ချော့နေသော်လည်း ပိုပိုတိုးပြီးငိုးလာတဲ့ကလေးကြောင့် ဂုဏ်ရောင်လည်း ပြန်လည်ကောက်ချီလိုက်ပြီး
"ကလေး မငိုရဘူးလေကွာ အကိုရိပ်က အလုပ်မှာသိပ်အဆင်မပြေလို့သွားရမှာလေ နောက်ပြီး ခဏခဏလာလည်ပေးမယ်လို့ပြောနေတယ်မို့လားလိမ်မာပါတယ်ကွာ မငိုရဘူးနော် ''
ဒီကလေးလေး တော်တော်နဲ့အငိုတိတ်မှာမဟုတ်ကြောင်း ဂုဏ်ရောင်သိလေပြီ
"ညီ အကိုမှာထားတာတွေမမေ့ပါနဲ့ ''
"ဟုတ်ကဲ့ပါအကို ''
ပွေ့ချီလျက်သားကလေးငယ်ကို အပေါ်ထပ်ဆီ
ချီခေါ်လာခဲ့တဲ့ဂုဏ်ရောင်
အရိပ်ပေါ် အတော်လေး သံယောဇဥ်ဖြစ်နေတဲ့ကလေးမို့ စိတ်မကောင်းဖြစ်နေမှာ ဂုဏ်ရောင်သိပေမယ့်လည်း မတတ်နိုင်
ငိုနေတဲ့ကလေးငယ်ကို မွေ့ယာပေါ်အသာလေးချပေးလိုက်ပြီး မျက်ရည်လေးများသုတ်ပေးရင်း
"ဟော ငိုနေတာချစ်ဖို့လည်းမကောင်းဘူးကွာ
တော်တော့နော် မငိုတော့နဲ့ ''
"အင့်...သား...ကို...ထား..ခဲ့...တယ်...အင့်..''
"အကိုရိပ်က ဘယ်ထားခဲ့ချင်ပါ့မလဲသူလည်း သူ့အလုပ်နဲ့မလို့ပါ ဒါကို ကလေးလေးက နားလည်ပေးရမယ်လေ ကလေးလေးခုလိုငိုနေတော့ အကိုရိပ်က စိတ်မကောင်းဖြစ်နေမှာပေါ့ ''
"ကို..ကို...သား..မငို...တော့...ဘူး...''
ကလေးရဲ့စကားကြောင့် ဂုဏ်ရောင်အသဲယားစွာ
ပြုံးလိုက်ပြီး
"လိမ်မာလိုက်တဲ့ ကိုကို့ကလေးလေး ပြွတ်..''
နှုတ်ခမ်းလေးကို သူမြတ်နိုးစွာ နမ်းရှိုက်လိုက်ပြီး သူ့ရဲ့ပေါင်ပေါ် ဆွဲထိုင်စေလိုက်တော့
"ကို..ကို..''
"ဗျာ ''
"မေ...မေ..ဆီ...ဖုန်း...ခေါ်..ပေး..''
"ဟုတ်ပါပြီဗျာ ''
ဂုဏ်ရောင်လည်း ဘေးနားကဖုန်းကိုယူလိုက်ပြီး
ဒေါ်ဇာမော်ဆီဆက်လိုက်လေပြီ
"ဟယ်လို ''
"မေ...မေ...''
မျက်လုံးအရောင်လေးတွေချက်ချင်းတောက်လာပြီး အမေဖြစ်သူကိုခေါ်နေတဲ့ကလေးကိုကြည့်ရင်း ဂုဏ်ရောင်သဘောကျနေမိတယ်
"သားငယ်လေး မေမေ့ဆီဖုန်းဆက်တယ် မေမေ့ကိုသတိရလို့လား ''
"ရ..တယ်..မေ..မေ..လာ..''
"မေမေ့ကို သားငယ်လေးက လာလည်စေချင်နေတာလား ''
"အွန်း...မေ..မေ..လာ..''
"သားကိုကိုကရော ''
ထိုအခါမှ ကလေးလေးကသူ့ကိုမော့ကြည့်လာပြီး
"ကို...ကို.. မေ...မေ့..ကို..ခေါ်..ပေး..''
သူ့လက်ထဲ ဖုန်းလေးအတင်းထိုးလည့်လာတဲ့လူလည်လေး
"အန်တီ ကလေးက သတိရနေလို့ထင်တယ်
အန်တီအားတယ်ဆိုရင် ကလေးနဲ့လာတွေ့ပေးပါလား ''
"အန်တီအားပါတယ်သားရဲ့ ဒါဆို အန်တီထွက်လာခဲ့လိုက်မယ်နော် ''
"ဟုတ်ကဲ့ ''
ဂုဏ်ရောင်လည်း ဖုန်းချလိုက်ပြီး ကလေးငယ်ကို
ကြည့်လိုက်ကာ
"ကျေနပ်ပြီလား ကိုကို့ရဲ့အချွဲလေး ''
"ဟုတ်..ကဲ့..ကို..ကို..''
"ခဏနေရင် ကလေးမေမေလာမှာဆိုတော့ ခုရေချိူးထားလိုက်တော့နော် ကိုကိုနဲ့အတူတူချိူးရအောင် ''
"ကို..ကို..ချီ ''
"ဟုတ်ပါပြီဗျာ ''
ဂုဏ်ရောင်လည်း ကလေးကိုချီပြီး ရေချိူးခန်းထဲဝင်လာခဲ့လိုက်တယ်
"မေ...မေ..''
ခြံထဲဝင်လာတဲ့ကားလေးကိုကြည့်ပြီး ခုန်ပေါက်နေတဲ့ကလေးလေးက အခုဏငိုနေတဲ့ ကောင်လေးမှဟုတ်ရဲ့လားလေ
"သားငယ်လေး ''
ကားပေါ်ကဆင်းဆင်းချင်း နိုနိုလေးကိုအပြေးဖက်ကာ နမ်းရှိုက်နေတဲ့သူမ
"တွေ့ရတာဝမ်းသာပါတယ် မဇာမော် ကျမ သားဂုဏ်ရောင်မိခင် ဒေါ်သူဇာပါ''
"တွေ့ရတာဝမ်းသာပါတယ်ရှင် ကျမလည်း လာလည်ချင်ခဲ့တာ ခုမှရောက်ဖြစ်တော့တယ် ''
"အမ မတွေ့ရတာကြာပြီ ''
ဒေါ်ဇာမော်မှာ ဒေါ်မိမော်ဘက်ကြည့်ပြီးပြောလိုက်ပေမယ့် သူမဘက်က ဘာတုံ့ပြန်လာမှုမှမရှိတာကြောင့် စိတ်မကောင်းဖြစ်သွားမိပြီ
"အန်တီ အိမ်ထဲဝင်ကြရအောင် ''
ထိုအခြေနေကို ရိပ်မိတဲ့ ဂုဏ်ရောင်လည်း စကားစလိုက်ရင်း အိမ်ထဲဝင်လာခဲ့လိုက်ကြတယ်
အချွဲလေးကတော့ သူ့မိခင်နားမခွာ
🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺
Zawgyi🌺🌺🌺🌺🌺🌺🌺🌺
"ပြောလေ ညီ ''
ကလေးငယ်ဆီမှာ
"ဟုတ်..ကဲ့..''
"ဟုတ်ကဲ့အကို ''
"ညီသူ့ကိုချစ်လား ''
ဂုဏ်ရောင်အမေးကြောင့် အရိပ်မျက်နှာလေးညှိုးငယ်သွားရပြီ
"ကျနော် ဦးကိုချစ်တယ် ''
"ဗျာ ''
"ညီထင်နေလို့ပါ သူလည်းအကို့လိုပဲ အစွဲလမ်းအရမ်းကြီးတဲ့လူမျိုး ညီ့ကိုမုန်းမှာမဟုတ်ဘူး''
ကိုယ်တိုင်က သူ့အပေါ်အဲ့လိုမျိုးလုပ်လိုက်ရင်
"ဟုတ်ကဲ့အကို ''
"ကို..ကို..နဲ့..လိုက်..မှာ..''
"ကို..ကို..ဒါ..လေး..ပဲ...ယူမယ် ''
"တော်..ပြီ...''
"ဟုတ်ကဲ့အကို စိတ်ချပါ ''
"အကို..ရိပ်...ဘယ်...လဲ..ဟင်..''
"အဟင့်...မ..သွား...နဲ့..''
သိပ်အဆင်မပြေလို့ပါ ''
"ဟုတ်ကဲ့ပါအကို ''
ပြုံးလိုက်ပြီး
"ကို..ကို..''
"ဗျာ ''
"မေ...မေ..ဆီ...ဖုန်း...ခေါ်..ပေး..''
"ဟုတ်ပါပြီဗျာ ''
"ဟယ်လို ''
"မေ...မေ...''
"ရ..တယ်..မေ..မေ..လာ..''
"အွန်း...မေ..မေ..လာ..''
"သားကိုကိုကရော ''
"ဟုတ်ကဲ့ ''
ကြည့်လိုက်ကာ
"ဟုတ်..ကဲ့..ကို..ကို..''
"ခဏနေရင် ကလေးမေမေလာမှာဆိုတော့ ခုရေချိုးထားလိုက်တော့နော် ကိုကိုနဲ့အတူတူချိုးရအောင် ''
"ကို..ကို..ချီ ''
"ဟုတ်ပါပြီဗျာ ''
ဂုဏ်ရောင်လည်း ကလေးကိုချီပြီး ရေချိုးခန်းထဲဝင်လာခဲ့လိုက်တယ်
"မေ...မေ..''
"သားငယ်လေး ''
"အမ မတွေ့ရတာကြာပြီ ''
🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺