Part26 🌺

14.2K 1.1K 5
                                    

"ကို...ကို...ထ...ကို..ကို..''

ဂုဏ်ရောင်ရင်ခွင်ထဲကနေ တလှုပ်လှုပ်နဲ့နှိုးနေတဲ့ကလေးလေး

သူသိပေမယ့် အိပ်ချင်ယောင်ဆောင်နေလိုက်တယ်

နိုနို နှိူးနေတာနိုးမလာသေးတဲ့ကိုကိုကြောင့် မျက်နှာလေးဆူပုပ်လာမိသည်

"ကို...ကို...ထ..ပါဆို...''

သူ့ရဲ့ရင်ဘက်ကို လက်လေးနဲ့လာတွန်းပြီးနှိူးနေတဲ့ကလေးကြောင့် ဂုဏ်ရောင်ရယ်ချင်စိတ်ကို ထိန်းထားရလေပြီ

"ကို...ကို..''

နှိူးမရတာကြောင့် အသံလေးတိမ်ဝင်သွားပြီ ငိုမဲ့မဲ့လေးဖြစ်နေတဲ့ကလေးကို ဂုဏ်ရောင်အသဲယားစွာ သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်လေပြီ

ရင်ခွင်ထဲကကလေးငယ်ရဲ့နှုတ်ခမ်းလေးကိုဖိကပ်နမ်းလိုက်ပြီး

"ကလေးဆိုးလေး ကိုကို့ကိုနှိူးမရတာနဲ့ပဲငိုတော့မယ်ပေါ့လေ ''

ကလေးရဲ့ဆံသားလေးတွေကိုသပ်နေရင်းဂုဏ်ရောင်မေးလိုက်တော့ ရင်ခွင်ထဲက ကလေးက ပိုတိုးလို့ဖက်လာလေတယ်

"ကို..ကို..ပြော...ထား..တာ..''

တစ်လုံးချင်းစီ ထွက်ကျလာတဲ့ခလေးရဲ့စကားက
ဘာကိုဆိုလိုနေသည်မှန်းနားမလည်

"ကိုကိုကဘာပြောထားလို့လဲ ''

"ဒီ..နေ့..သွား..မယ်...အပြင်..''

စကားလုံးလေးတွေက အစီငေါ်မတည့်လှပေမယ့်
ကလေးငယ်စီက ဒီလိုအသံလေးကြားနေရတာနဲ့တင် သူကျေနပ်နေရပြီ

ဒီနေ့အပြင်သွားဖို့ပြောထားတာကြောင့် ဒီကလေးလေးသူ့ကိုအတင်းနှိူးနေခြင်း

"ဟုတ်ပါပြီဗျာ ကိုကိုပြင်ဆင်လိုက်အုံးမယ် ကလေးလေးစောင့်နေအုံးနော် ''

"ကို..ကို..''

"ဗျာ..''

"သား...သားအောက်...မှာ..နော်..''

"အွန်း ကိုကို့ကိုအောက်ထပ်မှာစောင့်နေနော်
ကိုကိုပြီးတာနဲ့ဆင်းလာခဲ့မယ် ''

"ဟုတ်..ကဲ့..''

ဂုဏ်ရောင်ရဲ့မနက်ခင်းတွေဟာ အရင်လိုအထီးကျန်မနေတော့ပေ

My little Baby 🌺(Completed) Where stories live. Discover now