Part19 🌺

15.2K 1.2K 10
                                    

"သခင်လေး ကိုနွေဦးမာန်အကြောင်း ကျနော်သိရပါပြီ ''

ရုံးခန်းထဲဝင်လာရင်း ပြောလာတဲ့စစ်ယံ

"ဘယ်လိုလဲ အခြေနေက ''

သူအေးဆေးစွာပြန်မေးလိုက်တော့ သူ့လက်ထဲရောက်လာတဲ့ဓာတ်ပုံအချိူ့

"ကိုနွေဦးမာန်က ဒီကောင်လေးကိုရှာနေတယ်"

သူ့ရဲ့မျက်ခုံးတစ်ချက်ပင့်ကာ ဓာတ်ပုံထဲက ဖြူသွယ်သွယ်ကောင်လေးကို ကြည့်ရင်းပြုံးလိုက်မိတယ်

!ဒါအရင်က ဂုဏ်ရောင်အကူအညီတောင်းထဲ့ဖူးတဲ့ကောင်လေး!

"ဒီကောင်လေးက ကလေးနဲ့အတူ club မှာအလုပ်အတူလုပ်ခဲ့တဲ့ကောင်လေးပဲ သူကဘာလို့ဒီကောင်လေးကိုရှာနေရတာလဲ ''

"ဒီကောင်လေးကို သူ့အိမ်မှာခေါ်ထားတဲ့ပုံပဲ
သခင်လေး ကောင်လေးကထွက်ပြေးသွားတာဖြစ်လိမ့်မယ် ''

"အဟက် ထွက်ပြေးတယ်တဲ့လား သူတောင်ချစ်တတ်နေပြီပဲ အဲ့ကောင်လေးကိုရှာမယ် သူအရင်မတွေ့ခင် ငါတို့အရင်တွေ့မှဖြစ်မယ် စစ်ယံ''

"ဟုတ်ကဲ့သခင်လေး ''

"အခုပြန်မယ် အိမ်မှာကလေးမျှော်နေလောက်ပြီ''

ညနေရုံးဆင်းချိန်မရောက်သေးပေမယ့် ဒီနေ့
ကလေးငယ်နဲ့အတူ အပြင်သွားမယ်လို့ ပြောထားတာကြောင့် ဂုဏ်ရောင်အစောပြန်လာခဲ့လိုက်တယ်

"ကို...ကို..''

ကားပေါ်ကဆင်းလိုက်တာနဲ့ သူ့ကိုခေါ်ပြီး
ပြေးလာကာ ခုန်တတ်လာတဲ့ကလေးကို
ဂုဏ်ရောင်အလိုက်သင့် ပြန်ထိန်းထားရင်း ပါးလေးကို ဖိကပ်နမ်းလိုက်ကာ

"မပြေးရဘူးလို့ ကိုကိုမှာထားတယ်လေ မေ့သွားတာလား ''

သူပြောလိုက်တော့ အောက်နှုတ်ခမ်းလေးကိုက်ရင်း ခေါင်းလေးယမ်းလာတဲ့အသက်လေး..

"ဒါဆို ကိုကို့စကားနားမထောင်တာ ကိုကိုအပြစ်ပေးရတော့မှာပေါ့ ''

"ကို...ကို...သား...မှား...တယ်..''

တောင်းပန်ပါတယ် ကို မှားတယ်လို့ပြောလာတဲ့ကလေးကိုကြည့်ရင်း ဂုဏ်ရောင်ပြုံးလိုက်မိတယ်

My little Baby 🌺(Completed) Where stories live. Discover now