Part23 🌺

14.6K 1.1K 3
                                    

"ကလေး ''

ဂုဏ်ရောင်နိုးလာချိန် ချစ်ရတဲ့ကလေးလေးကို
မတွေ့တာကြောင့် မျက်နှာသစ်ပြီး အောက်ထပ်ဆင်းလာချိန် ထမင်းစားခန်းထဲမှာတွေ့လိုက်ရတဲ့
ကလေးငယ်

"ကို...ကို..''

သူခေါ်လိုက်တော့ သူ့ရင်ခွင်ထဲ ပြေးဝင်လာတဲ့ကလေးကို သူနမ်းလိုက်ရင်း

"ဘာတွေလုပ်နေတာလဲခလေး ''

"ကို...ကို့..အ...တွက်..''

စားပွဲဝိုင်းပေါ်က ဟင်းပွဲလေးတွေကို လက်ညှိူးထိုးပြရင်း ပြောလာတဲ့ကလေးက မနက်စာပြင်ပေးထားလေရဲ့

"ကလေးလေးချက်ထားတာလား ''

"ဟုတ်တယ်အကို နိုနိုလေးက ဟင်းချက်အရမ်းတော်တာပဲ ''

ဟင်းခွက်းလေးတစ်ခွက်ကို ကိုင်လာရင်း မီးဖိုခန်းထဲကထွက်လာကာ ပြောလာတဲ့အရိပ်

"ကလေးလေး မနက်စာစားပြီးရင် မ..ဂလာပွဲအတွက်လိုအပ်တာတွေသွားဝယ်ရအောင်နော်''

"ကို..ကို...ခေါ်...နော်...အကို..ရိပ်..ကို..''

အပြင်သွားရင် အရိပ်ကိုအပါခေါ်ဖို့ပြောနေတဲ့ယလေးကြောင့် ဂုဏ်ရောင်မပြုံးပဲမနေနိုင်

!သိပ်ကိုတွယ်တာလွန်းတဲ့ကလေးလေး!

"ညီ ဒီနေ့အလုပ်မသွားရဘူးလား ''

"ဟုတ်ကဲ့အကို ဒီနေ့ကနားရက် ''

"ဒါဆို အကိုတို့နဲ့လိုက်ခဲ့လေ ညီပါတော့အကူညီပိုရတာပေါ့ ''

"ဟုတ်အကို ကျနော်လိုက်ခဲ့ပါ့မယ် ''

"Ok ဒါဆိုမနက်စာစားကြရအောင် ''

🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺

"ငါ့ကို အရိပ်အကြောင်း သိသလောက်စုံစမ်းပေးထား လင်းနေ''

"ကိုမာန် အခုချိန်မှာအရေးကြီးဆုံးက အဲ့ကောင်လေးမဟုတ်ပါဘူး ဂုဏ်ရောင်တို့လေ ''

"မင်းဘာလို့ငါ့ကိုအရစ်ပြန်တတ်နေရတာလဲ''

"ကျနော်ပြောစရာရှိတာပြောရမှာပဲ ကိုမာန်လုပ်နေတဲ့ပုံစံတွေမှားနေတယ် ''

"လင်းနေ မင်းငါ့ကိုဆရာပြန်လုပ်နေတာလား ''

"ကျနော်ဆရာလုပ်တာမဟုတ်ပါဘူး ကျနော်ဖြစ်သင့်တာကိုပြောပြနေတာ ''

My little Baby 🌺(Completed) Där berättelser lever. Upptäck nu