Part25 🌺

14.4K 1.1K 8
                                    

ဦးရဲ့အိမ်ရှေ့ရောက်တော့ လူခေါ် ဘဲလ်လေးတီးလိုက်တဲ့အရိပ်

ထိုအခါ ခြံကြီးထဲကထွက်လာတဲ့ခြံစောင့်ဦးလေးကြီး

"သားအရိပ် အလည်လာတာလား ''

အရိပ်က ဒီစံအိမ်ကြီးမှာအလုပ်လုပ်ဖူးတဲ့လူမို့
ရင်းနှီးနေခြင်း

"ဦးလေး ရိပ်ကဒီကိုပြန်လာတာ ဦးရှိလားဟင် ''

"သားမာန် အိမ်ထဲမှာရှိသား ''

"မင်းဒီကိုဘာလာလုပ်တာလဲ အရိပ်လွှား ''

ဦးလေးနဲ့စကားပြောနေချိန် ကြားလိုက်ရတဲ့အသံကြောင့် ရိပ်ကြည့်လိုက်တော့ ကိုလင်းနေ

"အကိုလင်းနေ ရိပ်ကိုဦးဆီခေါ်သွားပေးပါလာဟင် ''

မျက်နှာငယ်လေးနဲ့ပြောနေတဲ့ ဒီကောင်လေးကို
လင်းနေမုန်းလှသည်

သူချစ်နေရတဲ့လူကို သူ့ဘဝထဲကဆွဲခေါ်သွားမယ့်ကောင်လေးကိုတော့ သူမကြည်ဖြူနိုင်

"သူမရှိဘူး အပြင်သွားတယ် ''

လင်းနေစကားကြောင့် အရိပ်ကြောင်သွားမိတယ်

"ဦးလေးပြောတော့ ဦးကအိမ်ထဲမှာရှိတယ်ဆို ''

"ငါကမရှိဘူးဆိုမရှိလိုက်နဲ့လေ မင်းကဘာတွေအရစ်တတ်နေတာလဲ''

လင်းနေစကားကြောင့် အရိပ်ငိုချင်စိတ်များဖြစ်လာရပြီ

ကိုလင်းနေက ဦးကိုသဘောကျနေတဲ့လူဆိုတာ
ရိပ်အရင်ကတည်းသိပြီးသားဖြစ်နေတာကြောင့်
လင်းနေ သူ့အပေါ်ဒီလိုဆက်ဆံနေတာကို မအံ့သြောမိ

ဒါပေမယ့်အရိပ်လည်းဦးကိုချစ်မိနေပြီလေ

"လင်းနေ ဘာဖြစ်တာလဲ''

"ဦး''

ရုတ်တရက် ရောက်လာတဲ့ဦးကြောင့် ရိပ်ပျော်သွားမိသည်ကအမှန်

နွေဦး ရိပ်ကိုတွေ့လိုက်ရတာမို့ အံသြောသွားမိတယ်
လူလေးကြည့်လိုက်တော့လည်း လက်ထဲမှာဆွဲထားတဲ့ အထုတ်လေးတွေအပြင် မျက်နှာငယ်လေးနဲ့သူ့ကိုကြည့်နေလေရဲ့

"ဒီကိုဘာလို့လာတာလဲ ''

"ဦး ရိပ်ကို ဦးဆီပြန်လာခွင့်ပေးပါလားဟင် ''

My little Baby 🌺(Completed) Where stories live. Discover now