Part30 🌺

14.3K 1.1K 24
                                    

"အရိပ်ပျောက်နေတာသေချာပါတယ်အကို ကျနော်စုံစမ်းရသလောက်ခုထိ ရှာမတွေ့သေးပါဘူး''

စစ်ယံရဲ့စကားတွေကို နားထောင်ရင်း computer ပေါ်မှာပြေးလွှားနေတဲ့ ဂုဏ်ရောင်လက်တွေငြိမ်သက်သွားရသည်

"ဒါဆိုအရိပ်ကတကယ်ပျောက်နေတာလား
ကိုနွေဦးရော အခြေနေဘယ်လိုရှိလဲ ''

"သူလည်းအတော်လေးဒေါသထွက်နေပါတယ် ရှာပေမယ့် ဘာသတင်းမှမရလို့ သောကတော်တော်ရောက်နေတဲ့ပုံပဲ''

စစ်ယံစကားဆုံးတော့ ဂုဏ်ရောင်အသက်မဲ့စွာပြုံးလိုက်မိတယ်

"ရှိနေတုန်းက တန်ဖိုးထားရကောင်းမှန်းမသိဘူး
ဘာပဲဖြစ်ဖြစ် ငါတို့လည်းအရိပ်ကိုရှာရမယ်
အခုစက်ရုံကိုခဏသွားရမယ်စစ်ယံ မင်းလူအင်အင်းလိုအပ်သလောက်ခေါ်ပြီး အရိပ်ကိုအမြန်တွေ့အောင်ရှာ ကိုနွေဦးထက် အရင်တွေ့ရဖို့လိုတယ်''

"စက်ရုံကို ကျနော်မလိုက်လို့ဖြစ်ပါ့မလား ''

"စိတ်မပူနဲ့စစ်ယံ ငါဦးထွန်းအပြင် တခြားလူတွေပါခေါ်သွားလိုက်မယ် မင်းစီစဥ်စရာရှိတာ
စီစဥ်ပါ ''

"ဟုတ်ကဲ့အကိုလေး ဒါဆိုကျနော့်ကိုခွင့်ပြုပါအုန်း''

"Ok ''

စစ်ယံထွက်သွားပြီးနောက် ဂုဏ်ရောင်လည်း အပေါ်ထပ်ကိုတတ်လာခဲ့လိုက်သည်

အခန်းထဲဝင်ချိန် ဖဲမွေ့ယာထက်ရဲ့ စောင်ပုံကြီးထဲမှာ ခွေခွေလေးအိပ်ပျော်နေတဲ့ခလေးကို
ကြည့်ပြီး ဂုဏ်ရောင်ပြုံးလိုက်လေသည်

"ချစ်ဖို့ကောင်းလိုက်တာ ''

ခလေးရဲ့မျက်နှာလေးကို သူ့လက်တွေနဲ့ညင်သာစွာထိတွေ့နေလေသည်

"အင်း...ကို..ကို...''

မျက်လုံးလေးတွေကို ပွတ်သတ်ရင်း နိုးလာတဲ့ခလေး

"အချစ်လေး ကိုကိုအပြင်ခဏသွားရမှာမို့ အိမ်မှာ နေခဲ့အုံးနော် ''.

"ဟင်အင်း...လိုက်...မယ် ...''

ငုတ်တုပ်လေးချက်ချင်း ထထိုင်ကာ သူ့လည်ပင်းကို အတင်းဖက်တွယ်လာပြီးပြောတဲ့ခလေးကို ဂုဏ်ရောင်အသဲယားနေမိသည်

My little Baby 🌺(Completed) Where stories live. Discover now