Part31 🌺

15.4K 1.1K 11
                                    

ခွဲစိတ်ခန်းရှေ့မှာ ရင်ပူစွာစောင့်ဆိုင်းနေသူက
ဂုဏ်ရောင်နဲ့ နိုနိုအပြင် တခြားသောသက်တော်စောင့်များ

"ခလေးလေး စစ်ယံနဲ့အိမ်ကိုအရင်ပြန်နှင့်နော်
ကိုကိုပြန်လာခဲ့မယ်...''

"ဟင်အင်း....ကို..ကိုနဲ့...နေမှာ.အင့်.."

ရင်ခွင်ထဲအတင်းတိုးဝင်ကာ ရှိုက်ငိုနေတဲ့ခလေးကိုကြည့်ရင်း ဂုဏ်ရောင်စိတ်မကောင်းဖြစ်ရပြန်သည်

ခလေးသေချာပေါက်လန့်နေပေလိမ့်မည်

ထိုအချိန် ဝရုန်းသုန်းကားရောက်ရှိလာသူက
နွေဦးမာန်

"အရိပ်..အရိပ်အခြေနေဘယ်လိုရှိလဲ ငါ့ကိုပြောစမ်းဂုဏ်ရောင်.."

မျက်နှာတစ်ခုလုံးနီရဲကာ ဒေါသသံတွေနဲ့မေးလာတဲ့ နွေဦးကြောင့် ဂုဏ်ရောင်လည်း ထရပ်လိုက်ကာ

"ခွဲခန်းထဲဝင်နေတယ် အခြေနေဘာမှန်းမသိရသေးဘူး"

"ဘာလို့လဲ ဘာကြောင့်မင်းစက်ရုံထဲမှာ အရိပ်ကိုတွေ့ရတာလဲ ဟမ်.."

ဂုဏ်ရောင်ရဲ့ အင်..ကျီစကိုဆွဲပြီး အော်ငေါက်ကာပြောနေတဲ့ နွေဦး

"ကို...ကို..အဟင့်..."

သူတို့အနား ချက်ချင်းရောက်လာပြီး နွေဦးရဲ့လက်တွေကို အတင်းတွန်းဖယ်ကာ ငိုယိုလာတဲ့
နိုနိုလေး

"ဟေးခလေး မငိုရဘူးလေကွာ ကိုကိုဘာမှမဖြစ်ဘူး"

သူ့ရဲ့ဂုတ်ပေါ်ရောက်နေတဲ့ နွေဦးရဲ့လက်တွေကို
ဂုဏ်ရောင်အားပါပါ တွန်းလွှတ်လိုက်လေသည်

"ဘာလဲ ကျနော့်စက်ရုံမှာတွေ့တာနဲ့ပဲ အရိပ်ဒီလိုဖြစ်တာ ကျနော့်ကြောင့်လို့ထင်နေတာလား
ခဗျားဘယ်တော့မှအသိတရားရမှာလဲကိုနွေဦး'

"မင်းကျန်တာငါ့ကိုကြိုက်သလိုလုပ်နိုင်တဲ့ဟေ့ကောင် အရိပ်ကိုတော့မထိနဲ့.."

"အဟက်..ခဗျားတကယ်ရီရတာပဲ ခဗျားကိုယ်တိုင် အရိပ်ကိုအမှောင်ထဲဆွဲချနေတာ"

ခနဲ့ကာပြေညလာတဲ့ ဂုဏ်ရောင်စကားကြောင့်
နွေဦးတွေဝေသွားရသည်

My little Baby 🌺(Completed) Where stories live. Discover now