Part8 🌺

16.3K 1.4K 13
                                    

"သခင်လေး ဟိုကလေးဘယ်မှာနေလဲဆိုတာသိရပါပြီ..''

လက်ထဲထိုးပေးလာတဲ့စာရွက်တွေကို ဂုဏ်ရောင်
အေးဆေးစွာယူဖတ်နေလိုက်တယ်

"ဦးမင်းဝေဆိုတာ company မှာ ရှယ်ယာထည့်ချင်နေတဲ့ တစ်ယောက်မဟုတ်လား..''

"ဟုတ်ပါတယ် သခင်လေး..ဒါပေမယ့် Company က အခုထိမပူးပေါင်းရသေးပါဘူး. "

"ဦးမင်းဝေဆီဖုန်းဆက်လိုက် ငါကိုယ်တိုင် ရှယ်ယာအကြောင်း သူ့အိမ်မှာလာဆွေးနွေးမယ်လို့..ခဏနေရင်သွားမယ်..''

"ဟုတ်ကဲ့..''

သော်စစ်ယံထွက်သွားချိန် ဂုဏ်ရောင်လက်ထဲက
စာရွက်တွေကိုကြည့်ရင်း ပြုံးနေလိုက်တယ်

!မင်း ကိုယ့်လက်ထဲကနေ ပြေးနိုင်မယ်များ
ထင်နေလားကလေးငယ်!

ဒီကလေးငယ်က ဘယ်လိုပဲရှောင်ပုန်းနေပါအုံး
တော့ သူ့ကိုရှာနေတဲ့လူက ဂုဏ်ရောင်ရှိန်ဆိုတာ
သူမေ့နေခဲ့ရော့သလား

🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺

"ကိုဂုဏ်ရောင်ရှိန် အထဲဝင်ပါဗျာ..''

ကားရပ်လိုက်တာနဲ့ ကားအနားအပြေးလာပြီး
ကားတံခါးလာဖွင့်ပေးရင်း ကြိုဆိုနေတဲ့ဦးမင်းဝေဟာ တရိုတသေရှိနေလေရဲ့

ဂုဏ်ရောင်ပြုံးလိုက်ရင်း သူခေါ်ဆောင်ရာနောက်ကိုသာ လိုက်လာခဲ့လေတယ်

"ကျနော့်ဆီ ရုတ်တရက်ကြီး ဖုန်းဆက်လာတော့
ကျနော်အရမ်းအံ့သြောသွားမိတာ အခုလို ကျနော့်အိမ်ထိရောက်လာတာ အံ့သြောဝမ်းသာမိပါတယ်ဗျာ...''

"ရပါတယ်ဗျာ...''

သူ့ထက်အသက်ငယ်တဲ့ကောင်လေးကို ယောကျာ်းဖြစ်သူက တရိုတသေဆက်ဆံနေတာမြင်တော့ ဒီကောင်လေးက တော်ရုံလူမဟုတ်တာကို ဦးမင်းဝေရဲ့ဘေးနားမှာ ထိုင်နေတဲ့ ဒေါ်ဇာမော် သိလိုက်ရပြီ

"ဒါက ကျနော့်ရဲ့ဇနီးပါ..''

"တွေ့ရတာဝမ်းသာပါတယ်ရှင်..''

ဖော်ရွေစွာနှုတ်ဆက်လာတဲ့ ဒေါ်ဇာမော်ကို
ဂုဏ်ရောင်မသိကျေးကျွန်ပြုခဲ့တယ်

!ဒီမိန်းမကြောင့် ကလေးအမြဲငိုခဲ့ရတာ!

ဂုဏ်ရောင်မျက်နှာဟာ အပြုံးအရယ်မရှိ တည်နေတာမို့  အနဲငယ် ရှိန်သွားမိပေမယ့် သူမမျက်နှာကိုတော့ အလှဆုံးပြုံးထားစဲ

My little Baby 🌺(Completed) Where stories live. Discover now