Part4 🌺

15.4K 1.4K 9
                                    

"မေမေ..ဘာလို့လေယာဥ်ကွင်းကိုလာရတာလဲ..''

လေဆိပ်ထဲဝင်နေတဲ့ ကားကြောင့် ဂုဏ်ရောင်စိတ်တွေ ပူပန်လာရပြီ

"သား မေမေတို့ ဒီမှာနေလို့မဖြစ်ဘူး သားအရွယ်ရောက်တဲ့ထိ တစ်နေရာမှာ ရှောင်နေမှဖြစ်မယ် သားကိုမေမေထပ်ပြီး အဆုံးရှူံးမခံနိုင်ဘူး
သားရယ် အီးဟီး...''

သူ့ရင်ခွင်ထဲ အတင်းတိုဝင်က.ငိုနေတဲ့မိခင်ကို
သူပြန်ထွေးပွေ့ထားရင်း အံကိုကြိတ်ထားမိတယ်

"သားတစ်ယောက်လုံး ရှိပါသေးတယ်မေမေရယ်...သားမေမေ့ကို ကာကွယ်ပေးမှာပါ..''

"ကိုထွန်း passport တွေပါရဲ့လား..''

"အကုန်ပါတယ် မသူဇာ ကျနော် company စာချုပ်တွေရော ရှိသမျှလုပ်ငန်းစာချူပ်တွေ အကုန်ယူခဲ့တယ်...''

"ကောင်းတယ် ဒင်းတို့ဘာတစ်ခုမှမရစေရဘူး "

ဦးထွန်းနဲ့မေမေ ပြောနေတာတွေကို ဂုဏ်ရောင်အခုချိန် နားမလည်နိုင်သေးပေမယ့် အချိန်တစ်ခုရောက်ရင် အားလုံးသိလာမှာဖြစ်လို့ သူဘာမှဝင်မမေးမိ

"မသူဇာ ကားကိုကျနော့်သူငယ်ချင်းဆီ အပ်ခဲ့ပြီးပြီ ကျနော်တို့အမြန်သွားရအောင်..''

ဦးထွန်းစကားအဆုံး သူ့လက်ကိုဆွဲလာတဲ့ မိခင်

!ငါတကယ် တခြားနိုင်ငံသွားရတော့မှာလား
ဒါဆိုငါ့ကလေးလေးကရော...ငါသူ့ကိုပြန်လာမယ်လို့ပြောထားခဲ့တာ..!

တိမ်တိုက်တွေကြားမှာ တရိပ်ရိပ် ဖြတ်သန်းသွားတဲ့ လေယာဥ်ပျံကြီးထဲမှာ ဝမ်းနည်းပူဆွေးနေရသူက ဂုဏ်ရောင်

!ကလေးလေးရယ် ကိုကိုတို့ ဘယ်အချိန်မှပြန်ဆုံနိုင်မလဲဆိုတာတောင် ကိုကိုသေချာမသိတော့ဘူး
ကိုကိုကို့ စောင့်နေပေးပါကွာ !

ပူလောင်လွန်းတဲ့ သောကတွေကြောင့် အသံတိတ်မျက်ရည်သာကျနေမိတယ်

မေမေ့ကိုလည်း ဦးထွန်းနဲ့၂ယောက်သား အိပ်ဆေးမနည်းသောက်ခိုင်းထားရတာမလို့ အိပ်ပျော်နေလေတယ်

!ဖေဖေကရောဘာကြောင့်သေရတာလဲ ဖေဖေ့ကိုဘယ်သူတွေသတ်လိုက်တာလဲ..!

My little Baby 🌺(Completed) Where stories live. Discover now