Part15 🌺

15.9K 1.3K 23
                                    

"သားငယ်လေးရယ် မဆိုးရဘူးလေကွယ် သားကိုကိုက သားလေးနဲ့အတူရှိချင်လို့ခေါ်ထားတာလေ တီတီနဲ့လာနေလို့ဘယ်ဖြစ်မလဲ ''

ဂုဏ်ရောင် အပေါ်ထပ်က ဆင်းလာချိန် ဧည့်ခန်းထဲက ကြားနေရတဲ့အသံကြောင့် ရပ်ကြည့်ရင်း
နားထောင်နေမိတယ်

"သားငယ်လေးရယ် တီတီလေးစကားနားထောင်ပါကွယ် ''

ရပ်ကြည့်နေတဲ့ ဂုဏ်ရောင်လည်း မနေနိုင်တဲ့အဆုံး ဝင်သွားလိုက်သည်

"အန်တီ ကလေးဘာဖြစ်လို့လဲ''

သူမေးလိုက်တော့ ချက်ချင်း မျက်နှာပျက်သွားကြတဲ့ ၂ ယောက်

"သားရယ် သားငယ်လေးက အန်တီနဲ့ပြန်လာနေချင်တယ်လို့ပြောနေတယ် ''

ဒေါ်မိမော်စကားကြားလိုက်ရတော့ ဂုဏ်ရောင်ရင်ထဲ နာကျင်မှုကဆစ်ခနဲ

"ဘာလို့လဲ ကလေးက ကိုကိုနဲ့မနေချင်လို့လား''

သူမေးတာကိုပြန်မဖြေဘဲ ခေါင်းလေးသာငုံ့ထားတဲ့ကလေးငယ်က အနားမှာတကယ်မနေချင်တဲ့ပုံ

"ကိုကိုမေးနေတယ်နော် တန်ခူးနို "

ဂုဏ်ရောင်အသံ အနဲငယ်ကျယ်သွားတာမိုမျက်ရည်စတွေ ဝဲတတ်လာတဲ့ကလေးက တုန်တုန်ယင်ယင်

အရင်ကဆို ကလေးငယ်လို့ပဲခေါ်နေတဲ့ကိုကိုက ခုတော့တန်ခူးနိုတဲ့လား

"ကိုကိုမေးနေတာဖြေ အန်တီပြောတာဟုတ်လား ကလေးက ကိုကိုနဲ့မနေပဲ အန်တီနဲ့သွားနေချင်တာလား ''

ထိုအခါမှ အရည်ရွဲနေတဲ့မျက်ဝန်းလေးတွေနဲ့
ခေါင်းလေးငြိမ့်လာတဲ့ကလေးကြောင့် ဂုဏ်ရောင်
စိတ်ဓာတ်ကျစွာ သက်ပြင်းချလိုက်ရင်း

"ကလေးရင်ထဲ ကိုကိုဘယ်တော့မှ ရောက်နိုင်မှာ
မဟုတ်ဘူးထင်တယ် ဒါပေမယ့် စိတ်မကောင်းပါဘူး ​ကိုကို​အနားကနေ ဘယ်ကိုမှ ထွက်သွားခွင့်
မပေးနိုင်ဘူး "

သူထိုနေရာကနေထထွက်လာခဲ့လိုက်တယ်
ဒီကလေးငယ်ငိုနေတာမြင်ပေမယ့် သူပြန်လှည့်ပြီး ချော့နိုင်တော့မှာမဟုတ်

!ဘာတွေများဖြစ်နေရတာလဲကွာ ကိုကိုလည်းနာကျင်ရတယ်ကလေးရယ်!

My little Baby 🌺(Completed) Where stories live. Discover now