Part11 🌺

16.2K 1.4K 11
                                    

ကလေးငယ် အိမ်ကြီးဆီရောက်နေတာ တစ်ပတ်ကျော်ခဲ့ပြီ

ဒါပေမယ့် ဒီအချိန်တွေအတွင်း ကလေးဆီကဘာတုံ့ပြန်မှုမှမရရှိခဲ့တဲ့ ဂုဏ်ရောင်ဟာ လက်မလျှော့သေး

တစ်ခါတစ်လေ အနားရှိနေတဲ့အချိန်တွေမှာတောင် တခြားတစ်ဖက်ကို မျက်နှာလွှဲထားတတ်သလို

အကြည့်ချင်းဆုံခဲ့ရင် ချက်ချင်းမျက်လွှာချလိုက်တတ်တဲ့ကလေးငယ်ဟာ တကယ်ပဲနာကြည်းနေရောလား

ရင်ထဲကနာကျင်မှုတွေကြောင့် ကလေးကို
အတင်းအကျပ်မေးလိုက်ချင်ပေမယ့် မုန်းသွားမှာစိုးတဲ့စိတ်နဲ့ ထိန်းချူပ်နေရတဲ့ ဂုဏ်ရောင်အဖြစ်ဟာလည်း မလွယ်လှ

"မေမေ ကလေးကို သေချာဂရုစိုက်ပေးပါ ကျနော်၂ ရက်လောက်ပဲကြာမှာ ''

"အင်းပါသားရယ် စိတ်ချပါ မေမေသားငယ်လေးကို ဂရုစိုက်လိုက်ပါ့မယ်...''

အ​ရေးကြီးအလုပ်ကြောင့် ခရီးတိုတစ်ခုသွားရမှာမလို့ အိမ်မှာချန်ထားခဲ့ရမယ့် ကလေးငယ်ကို
စိတ်မချနိုင်

"ကလေး ကိုကိုသွားတော့မယ်နော် ဂရုစိုက်နေ "

ဒီကလေးငယ်က သူ့အပေါ်အမြင်မကြည်သေးတာမို့ စကားတွေအများကြီးပြောလို့မဖြစ်သေး

ဂုဏ်ရောင်ကလေးရဲ့နဖူးလေးကိုနမ်းရှိုက်လိုက်ပြီးကားပေါ်ကိုတတ်ခဲ့လိုက်တယ်

မျက်စိရှေ့က ရွေ့သွားတဲ့ကားလေးကိုကြည့်ရင်း
မျက်ရည်လေးများဝဲတတ်လာတဲ့ နိုနိုလေး

!ကိုကိုက သားကိုထပ်ပြီးထားသွားပြန်ပြီ..!

ရင်ထဲကသူ့ကို တမ်းတနေတဲ့ကလေးငယ်ရဲ့အသံလေးကိုတော့ ဂုဏ်ရောင်ကြားနိုင်မှာမဟုတ်

သူလေးသာ ဂုဏ်ရောင်သိအောင် ထုတ်​ပြောပြခဲ့ရင် ရှိသမျှခရီးစဥ်တွေ ဖျက်ပြီး သူအနားမှာကပ်နေမယ့်လူဆိုတာ သူလေးမသိလေရော့လား

🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺

"အရိပ် ဒီကိုခဏလာအုံး..''

ထိုအချိန်သူ့အနားကိုအပြေးလေးရောက်လာတဲ့
ကောင်လေးဟာ တတ်တတ်ကြွကြွလေး

My little Baby 🌺(Completed) Where stories live. Discover now